Love & Relationship

မင်္ဂလာဝတ်စုံဝယ်ဖို့ ငွေကြေးမတတ်နိုင်တာကြောင့် ပလက်စတစ်အိတ်မည်းကြီးကို ဂါဝန်လေးအဖြစ် ဖန်တီးကာ ဝတ်ဆင်ခဲ့ရသော သတို့သမီး

မင်္ဂလာဝတ်စုံဝယ်ဖို့ ငွေကြေးမတတ်နိုင်တာကြောင့် ပလက်စတစ်အိတ်မည်းကြီးကို ဂါဝန်လေးအဖြစ် ဖန်တီးကာ ဝတ်ဆင်ခဲ့ရသော သတို့သမီး

အချစ်ဆိုသောအရာဟာ အင်မတန်မှ ဆန်းကြယ်လွန်းပြီး ကိုယ်တကယ်ချစ်တဲ့သူနဲ့ဆိုရင် တဲကုပ်လေးမှာပဲ နေရနေရ ပင်ပင်ပန်းပန်းဘဝပဲ ဖြစ်နေရပါစေ သတ္တိရှိစွာ ပူမှန်းသိရက်နဲ့ မီးပုံထဲတိုးရဲတဲ့ ပိုးဖလံမျိုးလေးတွေလို ဖြစ်နေတတ်ပါတယ်။ ယခုအခါတွင်လည်း တရုတ်နိုင်ငံ တောင်ပေါ်ဒေသတွင် နေထိုင်သော ချစ်သူစုံတွဲနှစ်ဦးဟာ အိမ်နီးချင်းဖြစ်ပြီး ငယ်စဥ်ကတည်းက ချစ်ကြိုက်ခဲ့ရာ အရွယ်ရောက်ပြီးသည်နှင့် လက်ထပ်ဖို့ရာ ဆုံးဖြတ်ခဲ့ကြပါတယ်။

သူတို့နှစ်ဦးသည် ဆင်းရဲသော မိသားစုမှာ ကြီးပြင်းလာရပြီး နှစ်ဖက်မိဘသဘောတူသော်လည်း မင်္ဂလာဆောင်စရိတ်ပင် မရှိသည့်အပြင် အခမ်းအနားနှင့် အဝတ်အစားကို ကိုယ်တိုင်ပြင်ကြဆင်ကြရသည်။သူတို့နှစ်ဦးကတော့ ငွေကြေးမတတ်နိုင်သည့်အတွက် သူငယ်ချင်းနှင့် ဆွေမျိုးအချို့ကိုသာ ဖိတ်ကြားပြီး သတို့သားကိုယ်တိုင် ချစ်ဇနီးလောင်းလေးအတွက် အမိုက်စားဂါဝန်လေးကို ချုပ်လုပ်ဖန်တီးပေးခဲ့သည်။

သတို့သားဟာ အမည်းရောင် ပလက်စတစ်အိတ်လေးတွေကို အရိုးရှင်းဆုံးဂါဝန်လေးအဖြစ် ပြောင်းလဲပေးခဲ့ပြီး ခေါင်းစည်းအပါအဝင် နားကပ်နှင့် ဆွဲကြိုးကိုလည်း ပလက်စတစ်အိတ်ကိုသာ သုံးထားပြီး အနီးနားရှိ သဘာဝတိုင်းပေါက်ရောက်နေသော တောပန်းလေးတွေကို ခူးကာ ကိုင်စေပြီး မင်္ဂလာပွဲအား ပျော်ရွှင်စွာ ကျင်းပခဲ့ကြသည်။

ထိုအဖြစ်ကို မြင်တွေ့သောသူများမှာ သတို့သမီးလေးအား ဆင်းရဲသောဘဝကနေ ရုန်းမထွက်နိုင်တာ သိရက်နဲ့ သစ္စာရှိစွာ ချစ်သူကောင်လေးအနားမှာ တစ်သက်လုံးနေသွားဖို့ ဆုံးဖြတ်ချက်ချခြင်းကိုပဲ ချီးမွမ်းခဲ့ကြတာဖြစ်ပါတယ်။

Credit – Hlaing (Love Feeling)