Love & Relationship

ကောင်လေးကဆင်းရဲပြီး ရုပ်ရည်ကွာခြားတာကြောင့်ပတ်ဝန်းကျင်ရဲ့ မနာလိုကဲ့ရဲ့ပြောဆိုခြင်းတို့ကို ခံနေရသော ဇနီးမောင်နှံ

ကောင်လေးကဆင်းရဲပြီး ရုပ်ရည်ကွာခြားတာကြောင့်ပတ်ဝန်းကျင်ရဲ့ မနာလိုကဲ့ရဲ့ပြောဆိုခြင်းတို့ကို ခံနေရသော ဇနီးမောင်နှံ

အချစ်စစ်ဆိုသည်မှာ ရုပ်ရည်၊ ဂုဏ်ငွေပကာသနတို့မလိုအပ်ပဲ ကိုယ့်အပေါ်လေးနက်စွာ သစ္စာရှိရှိချစ်ပေးရန်သာ လိုအပ်ပါတယ်။ သို့ဖြစ်ရာ ဖိလစ်ပိုင်နိုင်ငံမှ ဇနီးမောင်နှံနှစ်ဦးသည် လက်ထပ်ပြီးတစ်နှစ်အကြာထိပင် ပတ်ဝန်းကျင်၏ ကဲ့ရဲ့လှောင်ပြောင်ခြင်းတွေကို ခံနေရဆဲဖြစ်ပါတယ်။

အကြောင်းမှာ ကောင်လေးဟာ အငှားယာဥ်မောင်းတစ်ဦးဖြစ်ပြီး ဆင်းရဲနွမ်းပါးသောမိသားစုအသိုင်းအဝိုင်းမှ ကြီးပြင်းလာခဲ့ရသူဖြစ်သော်လည်း လက်ထပ်ထားသည့် မိန်းကလေးမှာ ချောမောလှပပြီး သူဌေးသမီးလေးဖြစ်နေခြင်းကြောင့် ဖြစ်ပါတယ်။

ကောင်လေးက အရင်ကယာဥ်အငှားလိုက်စီးသူနည်းပါးခဲ့ပြီး ဇနီးချောလေးနှင့် လက်ထပ်ပြီးနောက်ပိုင်း လူတို့၏ အာရုံစိုက်မှုကို ပိုရလာကာ ဖောက်သည်ပိုများလာခဲ့ပါတယ်။ ထို့နောက် သူတို့ဇနီးမောင်နှံနှစ်ဦးဟာ အပြင်ထွက်သည့်ချိန်တိုင်း မလိုက်ဖက်ပဲ မိန်းကလေးကို နှမြောသည်ဟု ဆိုကြရာ ပတ်ဝန်းကျင်ရဲ့ မနာလို ဝေဖန်ပြောဆိုတာ များလေလေ သူမ၏ခင်ပွန်းကို ပိုချစ်ပြီး ပိုဂရုစိုက်ပေးလေ ဖြစ်နေခဲ့၍ အချို့မှ အားကျနေရပါတယ်။

Credit – Hlaing (Love Feeling)




