AMAZING

ထူးခြားစွာဖြင့် ကျောင်းတစ်ခုတည်းမှာ အတူတက်ကြမယ့် ကလေးမွေးချင်း အမွှာ(၁၃)မွှာ

ထူးခြားစွာဖြင့် ကျောင်းတစ်ခုတည်းမှာ အတူတက်ကြမယ့် ကလေးမွေးချင်း အမွှာ(၁၃)မွှာ

မွေးချင်းအမွှာတွေ အများဆုံးတည်ရှိရာလို့ Unofficial သတ်မှတ်ထားတဲ့ စကော့တလန်နိုင်ငံက Inverclyde Council ဧရိယာမှာ အမွှာမွေးချင်း 164 မွှာအထိ ပညာသင်ယူနေဆဲလို့ Metro သတင်းစာအရ သိရပါတယ်။ အခုလည်း ကလေးမွေးချင်းအမွှာ 26 မွှာဟာ Greenock မှာ တည်ရှိတဲ့ St Patrick’s Primary School ကျောင်းမှာ တက်ရောက်ဖို့ စာရင်းပေးသွင်းထားပြီး လာမည့် စက်တင်ဘာမှာ ကျောင်းသင်ခန်းစာတွေ စတင်မှာ ဖြစ်ပါတယ်။

အသက် 5 နှစ်အရွယ် Kendal နဲ့ Skye တို့ရဲ့ မိခင် Arlene Cairns က ” ကျမသမီးတွေက ရုပ်ချင်းအရမ်းကြီးဆင်တူတာတော့ မဟုတ်ပါဘူး .. တစ်ယောက်က ဆံပင်နီတယ် .. တစ်ယောက်က ညိုတယ် … နောက် တစ်ယောက်က မျက်လုံးညိုပြီး၊ တစ်ယောက်က ပြာတယ် သူတို့ကို ခွဲခြားရ လွယ်ကူပါတယ် ” လို့ ပြောခဲ့ပါတယ်။ ကောင်စီလူကြီး Jim Clocherty က ” အမွှာမွေးဖွားမှုဆိုတာ တစ်ကမ္ဘာလုံးအတိုင်းအတာမှာ 1000 မှာ 18% ပဲ ရှိပါတယ် ။

ဒါပေမယ့် စကော့တလန်ကတော့ 1000 မှာ 15% အထိရှိပြီး ကမ္ဘာပေါ်မှာတော့ အမွှာမွေးဖွားမှု အသိပ်သည်းဆုံးနိုင်ငံလို့ ဆိုရမှာပါ “လို့ ပြောခဲ့ပါတယ်။ကျောင်းတာဝန်ခံ Martin Brennan က ” နှစ်တိုင်းနီးပါး ဒီလို ရုပ်ရည်ဆင်တူတဲ့ ကလေးတွေ မူကြိုမှာ မူလတန်းကျောင်းတွေမှာ တွေ့နေကျဆိုပေမယ့် စိတ်လှုပ်ရှားရပါတယ် .. ဘာနဲ့တူသလဲဆိုရင် စုံဂဏန်းတွေကို ထိုင်ကြည့်နေရတာနဲ့ တူပါတယ် “လို့ ပြောခဲ့ပါတယ်။

လက်ရှိအချိန်မှာ ကျောင်းသားသစ်အဖြစ် စတင်တက်ရောက်မယ့် မွေးချင်းအမွာ 13 စုံတွဲဟာ ကျောင်းအပ်စတင်လက်ခဲ့သည့်နေ့မှာ စုပေါင်းဓာတ်ပုံရိုက်ခံခဲ့ကြပါတယ်။ တစ်ချို့ကတော့ ဆရာတွေအနေနဲ့ အမွှာတွေကို ထိန်းသိမ်းသင်ကြားပေးရမှာဖြစ်လို့ လူမှားတာတွေ၊ ထင်ယောင်ထင်မှားဖြစ်မှုတွေ ကြုံရနိုင်တယ်လို့ ယူဆနေပါတယ်။

Credit – EX