AMAZING

ငယ်စဥ်က လမ်းဘေးခွေးများရဲ့ ပြုစုပျိုးထောင်မှုနဲ့အတူ ကြီးပြင်းလာခဲ့ရကြောင်း ပြောပြလာတဲ့ အမျိုးသား

ငယ်စဥ်က လမ်းဘေးခွေးများရဲ့ ပြုစုပျိုးထောင်မှုနဲ့အတူ ကြီးပြင်းလာခဲ့ရကြောင်း ပြောပြလာတဲ့ အမျိုးသား

ခွေးများရဲ့ပြုစုပျိုးထောင်မှုနဲ့ ကြီးပြင်းလာတဲ့လူတစ်ယောက်ဟာသူကလေးဘ၀တုန်းက လေလွင့်ခွေးတွေသူ့ကိုဘယ်လိုကယ်တင်ခဲ့ကြောင်းကိုပြောပြခဲ့ပါတယ်။ IvanMishukovဟာ သူ့အသက်၅နှစ်တုန်းကခွေးတွေဆီကနေကယ်တင်ခံခဲ့ရပါတယ်။အဲ့ဒီခွေးတွေဟာသူရဲ့တစ်ခုတည်းသောမိသားစုဖြစ်ပြီးနှစ်နှစ်လောက်အတူတူနေခဲ့ကြပါတယ်။

မော်စကိုမြို့အနီးReutovရှိဒေသခံမုန့်ဆိုင်တစ်ခုကိုမနက်တိုင်းခွေးများနှင့်အတူ သူဟာ လိုက်သွားလေ့ရှိပါတယ်။ သူ့ကိုအဲ့လိုတွေ့ရှိရတဲ့အခါမှာ တစ်ကမ္ဘာလုံး သူ့ရဲ့ဇာတ်လမ်းဟာပျံ့နှံ့ခဲ့ပါတယ်။ ယခုအချိန်မှာIvanလို့လည်းခေါ်ကြတဲ့Vanyaဟာသူ့အနေနဲ့လေလွင့်ခွေးတွေအပေါ်အကြွေးတင်နေကြောင်းပြောပြခဲ့ပါတယ်။ပုံမှန်အားဖြင့်တော့သူဟာ သူ့ရဲ့အတိတ်ဇာတ်ကြောင်းကို ပြောပြ‌လေ့မရှိပါဘူး။ ခုချိန်မှာလည်း သူဟာ စက်ရုံတစ်ရုံမှာ အလုပ်လုပ်ကာ ကိုယ်ပိုင်ဘ၀နဲ့ အေးချမ်းစွာ နေထိုင်နေပြီဖြစ်ပါတယ်။

” တကယ်လို့ခွေးတွေကြောင့်သာမဟုတ်ရင် ကျွန်တော်လမ်းပေါ်မှာ အသက်ရှင်နိုင်မှာမဟုတ်ပါဘူး ဒါပေမယ့် ကျွန်တော့်ကိုတွေ့ရှိပြီး ကယ်တင်ပေးခဲ့တဲ့ရဲကိုလည်းကျေးဇူးတင်သလိုကျွန်တော့်ကိုပြုစုပြိုးထောင်ပေးခဲ့တဲ့မွေးစားမိခင်ကိုလည်း ကျေးဇူးတင်ပါတယ် ” ဆိုပြီး ပြောခဲ့ပါတယ်။ Ivanဟာအရက်သမားအဖိုးနဲ့အတူနေထိုင်ခဲ့ရတာဖြစ်ပြီးနောက်မကြာခင်မှာသူ့ကိုအဖိုးဖြစ်သူကိုယ်တိုင်ပဲလမ်းပေါ်စွန့်ပစ်ခဲ့ပါတယ်။အဲ့နောက်ကလေးလေးကလည်းလမ်းဘေးခွေးတွေနဲ့ပဲအတူတူနေခဲ့ရပါတယ်။

ရဲများကသူ့ကိုခွေးတွေဆီကနေကယ်ထုတ်ဖို့၃ကြိမ်ကြိုးစားခဲ့ကြရပါတယ်။ ခွေးတွေက‌လည်း သူတို့ကလေးတွေအနားကို လူတွေအကပ်မခံကြတာ သဘာ၀ပါပဲ။ “ကျွန်တော်ခွေးတွေကိုချစ်သလိုသူတို့ကလည်း ကျွန်တော်ကိုချစ်ကြတယ်”လို့သူဟာပြောခဲ့ပါတယ်။

ခွေးတွေရဲ့အမည်ကတော့Jesse,Goga,Mashaနဲ့Sevaတို့ပဲဖြစ်ကာသူတို့ရှာဖွေရသမျှအစာကိုသူနဲ့ခွဲဝေစားသောက်ရင်းအချိန်တွေဖြတ်သန်းခဲ့ကြပါတယ်။”သူတို့ကကျွန်တော့်ကိုအေးချမ်းတဲ့ညတွေမှာနွေးထွေးအောင်လုပ်ပေးကြတယ်၊ ကျွန်တော်ရဲ့မျက်နှာကိုလည်း လျှာနဲ့လျက်ပေးပြီး ကျွန်တော်ကို အနမ်းပေးကြပါတယ်”လို့ကလေးဘ၀ကအဖြစ်အပျက်တွေကိုသူဟာ မျက်ရည်ဝဲရင်း ပြောပြခဲ့ပါတယ်။

Credit – EX