LIFESTYLE

ချစ်တူလေးကို သွားလေရာခေါ်ဆောင်သွားတာကြောင့် ကလေးအမေဟု ထင်ပြီး ရည်းစားမရဖြစ်နေပြီး အပျိုကြီး ဖြစ်နေရတဲ့ မိန်းကလေး

ချစ်တူလေးကို သွားလေရာခေါ်ဆောင်သွားတာကြောင့် ကလေးအမေဟု ထင်ပြီး ရည်းစားမရဖြစ်နေပြီး အပျိုကြီး ဖြစ်နေရတဲ့ မိန်းကလေး

ဗီယက်နမ်နိုင်ငံ Di An မှာ နေထိုင်သော Ha Yenအမည်ရှိ အသက် ၂၄နှစ်အရွယ် မိန်းကလေးငယ်ဟာ စွဲမက်ဖွယ် ကောင်းသော အလှတရားတို့ကို ပိုင်ဆိုင်ထားကာ ကောင်လေးများကြားတွင် အတော်လေးရေပန်းလျက်ရှိနေပါတယ်။

သို့ပေမယ့် မိန်းကလေးဟာ ၁နှစ်ကျော် အရွယ်ရှိ တူလေးကို ခဏထိန်းပေးရခြင်းဖြင့် အပြင်သွားလည်း ခေါ်သွားရသည့်အတွက် မြင်တွေ့သူများမှာ ကလေးအမေဟု အထင်လွှဲကာ အမေကိုယ်တိုင်ကအချောလေးဖြစ်နေတာကြောင့် ကလေးကလည်းချစ်ဖို့ကောင်းနေတာဆိုပြီး ပြောဆိုနေကြတာပါ။ အမှန်တကယ် တော့ကလေးက တူလေးသာဖြစ်ပြီး သူ့အမေက နောက်ထပ်ကိုယ်ဝန်ရှိနေသည့်အတွက် မိန်းကလေးကို စောင့်ရှောက်ပေးဖို့ အပ်နှံထားခြင်းသာဖြစ်သည်။

ထိုအဖြစ်ကို မသိရှိသော ကောင်လေးများမှာ ကလေးအမေဟု ထင်ပြီး ကြေကွဲနေကြကာ မိန်းကလေးမှာလည်း ရည်းစားမရပဲ ဖြစ်နေတော့တယ်လို့ ​ရင်ဖွင့်ထားပါတယ်။

Credit – Hlaing (Love Feeling)

Zawgyi




