AMAZING

နှစ်ပေါင်း ထောင်ကျော်ကြာသည်အထိ အချင်းချင်းပွေ့ဖက်ရင်းသေဆုံးသွားခဲ့တဲ့ ချစ်သူစုံတွဲတစ်တွဲရဲ့အရိုးစုကို တွေ့ရှိခဲ့သူများ

နှစ်ပေါင်း ထောင်ကျော်ကြာသည်အထိ အချင်းချင်းပွေ့ဖက်ရင်းသေဆုံးသွားခဲ့တဲ့ ချစ်သူစုံတွဲတစ်တွဲရဲ့အရိုးစုကို တွေ့ရှိခဲ့သူများ

တရုတ်နိုင်ငံမြောက်ပိုင်းရှိ ရှေးဟောင်းသင်္ချိုင်းတစ်ခုတွင် မကြာသေးမီကတွေ့ရှိမှုတစ်ခုမှာ ထာဝရအတူရှိနေရန်ဆန္ဒဟာ ခေတ်မီတီထွင်မှုတစ်ခုမဟုတ်ကြောင်း ထောက်ပြနေခဲ့ပါတယ်။ Shanxi ပြည်နယ် Datong မြို့ရှိ နှစ်ပေါင်း ၁၅၀၀ သက်တမ်းရှိသင်္ချိုင်းတစ်ခုအား တူးဖော်နေစဉ် သုတေသီများက ရာစုနှစ်များစွာကြာ တင်းကျပ်စွာဖက်ထားလာခဲ့သည့်အရိုးစုစုံတွဲတစ်တွဲကို တွေ့ရှိခဲ့ကြပါတယ်။

Datong တွင်ရှာဖွေတွေ့ရှိခဲ့တဲ့င်္သဂြိုဟ်မှုများစွာတွင် အတူတကွမြှုပ်နှံထားခဲ့တဲ့စုံတွဲများစွာပါဝင်ပါတယ်။ သို့သော် အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတည်းကိုသာ ဒွန်တွဲလျက်တွေ့ရှိခဲ့ကြရပါတယ်။ သူမရဲ့ခေါင်းကို ကောင်လေးရဲ့ပုခုံးပေါ်မှာတင်ထားပြီး ကောင်လေးရဲ့လက်မောင်းကလည်း သူမရဲ့ခေါင်းအောက်မှာရှိနေခဲ့ပါတယ်။

၎င်းတို့ချစ်သူစုံတွဲရဲ့အရိုးစုပုံစံကို ကြည့်ခြင်းအားဖြင့် ယခင်ရာစုနှစ်များစွာရှိလူသားတို့ရဲ့ချစ်ခြင်းမေတ္တာက လေးနက်ပြီးကြည်နူးစရာကောင်းနေခဲ့ပုံကို သိသာထင်ရှားစေခဲ့ပါတယ်။

Credit – Mia (KB Chimmy One)