Love & Relationship

လင်နဲ့မယား နှစ်ယောက်အကြား အသက် ၄၃နှစ်ကွာဟနေခဲ့တာကြောင့် ကလေး ၃ယောက်မွေးဖွားပြီးသည့်တိုင် ဝေဖန်ခံနေရပြီး စိတ်ညစ်နေရကြောင်း ရင်ဖွင့်လာသူ

လင်နဲ့မယား နှစ်ယောက်အကြား အသက် ၄၃နှစ်ကွာဟနေခဲ့တာကြောင့် ကလေး ၃ယောက်မွေးဖွားပြီးသည့်တိုင် ဝေဖန်ခံနေရပြီး စိတ်ညစ်နေရကြောင်း ရင်ဖွင့်လာသူ

ဒီအကြောင်းအရာလေးကတော့ ဗီယက်နန်နိုင်ငံ ဟန်နန်မြို့တွင်နေထိုင်သော အကြင်လင်မယားနှစ်ဦး၏ အကြောင်းအရာလေးပဲဖြစ်ပါတယ်။ ယခုအချိန်တွင် အသက်၄၈နှစ်အရွယ်ရှိနေပြီဖြစ်သော အမျိုးသမီးနှင့် အသက်၈၁နှစ်အရွယ်အဖိုးတို့ဟာ သားသမီး၃ယောက်ကို မွေးထားပြီဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း အမျိုးသမီးဟာ သူမထက်အသက်၄၃နှစ်အထိပိုကြီးနေသော အမျိုးသားကို လက်ထပ်ယူထားခဲ့သည့်အတွက် ပတ်ဝန်းကျင်က ဝေဖန်ကဲ့ရဲ့နေခဲ့တာဖြစ်ပါတယ်။ သူတို့မိသားစုလေးဟာ သားသမီး၃ယောက်အထိမွေးဖွားထားပြီးဖြစ်သော်လည်း ပတ်ဝန်းကျင်၏ ကဲ့ရဲ့မှုဒဏ်တွေကြောင့် မပျော်ရွင်ဘဲ နေထိုင်နေရတယ်လို့ဆိုပါတယ်။

ယနေ့ အချိန်ထိပင် အမြဲတမ်းကဲ့ရဲ့ပြစ်တင်ခံနေကြရသောကြောင့် ဘဝကိုပျော်ရွင်စွာဖြတ်သန်းရန်အတွက် ခက်ခဲလွန်းတယ်လို့ ရင်ဖွင့်လာခဲ့တာလည်းဖြစ်ပါတယ်။

Credit – Shoon (Cele Daily)

Zawgyi




