AMAZING

ခရီးသွားများ ပင်လယ်ထဲသို့ ပစ်ကျခဲ့သော ဒင်္ဂါပြားများကို ရေငုပ်ပြီး ပြန်ဆည်ကာ မြေးလေးတွေကို ရှာဖွေကျွေးနေရသော အဖွားအို

ခရီးသွားများ ပင်လယ်ထဲသို့ ပစ်ကျခဲ့သော ဒင်္ဂါပြားများကို ရေငုပ်ပြီး ပြန်ဆည်ကာ မြေးလေးတွေကို ရှာဖွေကျွေးနေရသော အဖွားအို

ဖိလစ်ပိုင်နိုင်ငံ Quezonပြည်နယ် Lucenaတွင် နေထိုင်သော Mariaအမည်ရှိ အသက် ၇၄နှစ်အရွယ် အဖွားအိုတစ်ဦးဟာ စားဝတ်နေရေးအတွက် ပင်လယ်အောက် ရေငုပ်ခြင်းဖြင့် မြေးလေးတွေကို ကျောင်းထားပေးခဲ့ရတယ်လို့ သိရပါတယ်။

အဖွားအိုက နေ့စဥ် လှေဟောင်းလေးတစ်စင်းနှင့် ပင်လယ်ဆိပ်ကမ်းသို့ သွားရောက်ကာ ခရီးသွားများ ပင်လယ်ထဲပစ်ချလိုက်သည့် အကြွေစေ့လေးတွေကို ရေငုပ်ပြီး လိုက်ရှာခဲ့ပြီး ထိုဆိပ်ကမ်းသို့ လာရောက်လည်ပတ်သော သူများအနေနှင့် ပင်လယ်ထဲသို့သွားသည့်အခါ ဘေးကင်းလုံခြုံရန်အတွက် အကြွေစေ့လေးများ ပစ်ချရသည့် အစဥ်အလာရှိခဲ့ပါတယ်။

ထို့ကြောင့် ရေငုပ်သမားများဟာ ဆိပ်ကမ်းသို့ လာရာက်ပြီး အကြွေစေ့လေးတွေကို ရေငုပ်ပြီးရှာကြကာ အဖွားအိုသည်လည်း အန္တရာယ်များလှသော ထိုအလုပ်ကိုလုပ်ကိုင်ခဲ့သူပါ။ အဖွားအိုတစ်ယောက် မမောနိုင်မပန်းနိုင် ပင်လယ်ထဲရေငုပ်ပြီး မြေးလေးတွေကို ရှာဖွေကျွေးနေခြင်းဖြင့် ပျော်ရွှင်နေတတ်ကာ အများ၏ ချီးမွမ်းခြင်းများစွာကို ခံနေရတာဖြစ်ပါတယ်။

Credit – Hlaing (Love Feeling)

Zawgyi




