AMAZING

သားဖြစ်သူ အပျင်းပြေ ဆော့ကစားဖို့အတွက် တကယ်မောင်းလို့ရသည့် လန်ဘော်ဂီနီပုံစံ သစ်သားလျှပ်စစ်ကားကို တီထွင်ပေးခဲ့တဲ့ ဖခင်

သားဖြစ်သူ အပျင်းပြေ ဆော့ကစားဖို့အတွက် တကယ်မောင်းလို့ရသည့် လန်ဘော်ဂီနီပုံစံ သစ်သားလျှပ်စစ်ကားကို တီထွင်ပေးခဲ့တဲ့ ဖခင်

မိဘတို့ဟာ သားသမီးတို့၏ ငယ်ရွယ်စဉ်အချိန်အခါတွင် ဆော့ကစားရာ၌ အထောက်အကူပြုနိုင်ရန် အရုပ်လေးများကို ဝယ်ပေးတတ်ကြပါတယ်။ ရှေးယခင်က မြန်မာတို့ဟာ လက်မှုပညာထွန်းကားခဲ့သည့်အတွက် ကလေးကစားစရာတွေကို ဖခင်က ကိုယ်တိုင်ဖန်တီးပေးလေ့ရှိတယ်ဟု သိရှိရပါတယ်။

သို့ဖြစ်ရာ ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ Truong Van Dao ဟုအမည်ရသည့် ဖခင်တစ်ဦးသူ၏ကလေးအတွက် ဆော့ကစားရန် အမှန်တကယ်အသုံးပြုနိုင်သော သစ်သားလျှပ်စစ် လန်ဘော်ဂီနီကားကလေးကို ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

သူဟာ ကားတစ်စီးလုံးကို သစ်သားများဖြင့် သေသပ်လှပစွာဖန်တီး တည်ဆောင်ခဲ့တာဖြစ်ပြီး ၆၅ရက်ကြာ တည်ဆောက်ခဲ့ရတယ်လို့ သိရပါတယ်။ကားကလေးကို ဘတ်တရီနှင့်လျှပ်စစ်မော်တာဖြင့် အမှန်တကယ်မောင်းနှင်နိုင်အောင် ပြုလုပ်ခဲ့တာဖြစ်ပြီး တစ်နာရီကို ၂၅ကီလိုမီတာအထိ သွားရောက်နိုင်တယ်လို့ သိရပါတယ်။

Credit – Shoon (Cele Daily)

Zawgyi




