Love & Relationship

ချစ်သူအတွက် အချစ်လူစွမ်းကောင်းကြီးလုပ်ချင်တာကြောင့် မျက်ခုံးမွှေးရိတ်ကာ ကောင်မလေး အမည်ကို တက်တိုးထိုးခဲ့တဲ့ ကောင်လေးရဲ့ နောင်တရစေခဲ့တဲ့​အဖြစ်

ချစ်သူအတွက် အချစ်လူစွမ်းကောင်းကြီးလုပ်ချင်တာကြောင့် မျက်ခုံးမွှေးရိတ်ကာ ကောင်မလေး အမည်ကို တက်တိုးထိုးခဲ့တဲ့ ကောင်လေးရဲ့ နောင်တရစေခဲ့တဲ့​အဖြစ်

ချစ်သူတွေ ဖြစ်လာပြီဆိုရင် ကိုယ့်ချစ်သူရဲ့ ယုံကြည်မှုတွေ တိုးပွားလာအောင် ပိုချစ်လာအောင်ဆိုပြီး အချစ်ရဲ့ သင်္ကေတ အနေဖြင့် သက်သေပြလေ့ရှိတတ်ကြပါတယ်။ ချစ်သူအပေါ် လက်ဆောင်တွေဝယ်ပေးတာမျိုး၊ ပိုပြီး ဂရုစိုက်တတ်ကြတာမျိုးအပြင် ကိုယ့်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ချစ်သူ နာမည်ရေးထိုးတာမျိုးတွေလုပ်တတ်ကြပြီးဘယ်လောက်ချစ်ကြောင်းသက်သေပြတတ်ကြပါသေးတယ်။

သို့ဖြစ်ရာ ဗီယက်နမ်နိုင်ငံ မှ ကောင်လေးတစ်ဦးကတော့ ကိုယ့်ချစ်သူရဲ့ အမည်ကို ထူးဆန်းစွာ ရေးထိုးလိုက်ပါတယ်။ ကောင်လေးဟာ ချစ်သူကောင်မလေးက ပိုချစ်သွားမယ်အထင်နဲ့ ကောင်မလေးမသိအောင် မျက်ခုံးမွှေးများရိတ်ပြီး မျက်ခုံးပေါ်တွင် နာမည်ကို တတ်တူးထိုးခဲ့လိုက်ပါတယ်။

ကောင်လေးဟာ အရမ်းချစ်ကြောင်းသက်သေပြရန်အတွက် တတ်တူးထိုးခဲ့သော်လည်း ချစ်သူကောင်မလေးကမြင်တွေ့သည့်အခါမှာတော့ စိတ်ဆိုးဒေါသထွက်ခြင်းကိုသာ ရရှိခဲ့ပြီး ရုပ်ဆိုးသည်ဟုဆိုကာ လမ်းခွဲခံရတော့မယ့်အထိဖြစ်ခဲ့ရပါတယ်။

KK Daily News(JAZZ)

Zawgyi

ခ်စ္သူအတြက္ အခ်စ္လူစြမ္းေကာင္းႀကီးလုပ္ခ်င္တာေၾကာင့္ မ်က္ခုံးေမႊးရိတ္ကာ ေကာင္မေလး အမည္ကို တက္တိုးထိုးခဲ့တဲ့ ေကာင္ေလးရဲ႕ ေနာင္တရေစခဲ့တဲ့​အျဖစ္

ခ်စ္သူေတြ ျဖစ္လာၿပီဆိုရင္ ကိုယ့္ခ်စ္သူရဲ႕ ယုံၾကည္မႈေတြ တိုးပြားလာေအာင္ ပိုခ်စ္လာေအာင္ဆိုၿပီး အခ်စ္ရဲ႕ သေကၤတ အေနျဖင့္ သက္ေသျပေလ့ရွိတတ္ၾကပါတယ္။ ခ်စ္သူအေပၚ လက္ေဆာင္ေတြဝယ္ေပးတာမ်ိဳး၊ ပိုၿပီး ဂ႐ုစိုက္တတ္ၾကတာမ်ိဳးအျပင္ ကိုယ့္ရဲ႕ ခႏၶာကိုယ္ေပၚမွာ ခ်စ္သူ နာမည္ေရးထိုးတာမ်ိဳးေတြလုပ္တတ္ၾကၿပီးဘယ္ေလာက္ခ်စ္ေၾကာင္းသက္ေသျပတတ္ၾကပါေသးတယ္။

သို႔ျဖစ္ရာ ဗီယက္နမ္နိုင္ငံ မွ ေကာင္ေလးတစ္ဦးကေတာ့ ကိုယ့္ခ်စ္သူရဲ႕ အမည္ကို ထူးဆန္းစြာ ေရးထိုးလိုက္ပါတယ္။ ေကာင္ေလးဟာ ခ်စ္သူေကာင္မေလးက ပိုခ်စ္သြားမယ္အထင္နဲ႕ ေကာင္မေလးမသိေအာင္ မ်က္ခုံးေမႊးမ်ားရိတ္ၿပီး မ်က္ခုံးေပၚတြင္ နာမည္ကို တတ္တူးထိုးခဲ့လိုက္ပါတယ္။

ေကာင္ေလးဟာ အရမ္းခ်စ္ေၾကာင္းသက္ေသျပရန္အတြက္ တတ္တူးထိုးခဲ့ေသာ္လည္း ခ်စ္သူေကာင္မေလးကျမင္ေတြ႕သည့္အခါမွာေတာ့ စိတ္ဆိုးေဒါသထြက္ျခင္းကိုသာ ရရွိခဲ့ၿပီး ႐ုပ္ဆိုးသည္ဟုဆိုကာ လမ္းခြဲခံရေတာ့မယ့္အထိျဖစ္ခဲ့ရပါတယ္။

KK Daily News(JAZZ)