AMAZING

သင်သွားလေရာ ယူဆောင်သွားလို့ရတာကြောင့် စက္ကန့်လေးတောင် မဝေးချင်ဘူးဆိုတဲ့ စုံတွဲတွေအတွက် အလွန်အဆင်ပြေစေမယ့် လည်ပင်းစွတ် စားပွဲခုံ

ယခုဖော်ပြပေးမယ့် သွားလေရာ ယူဆောင်သွားလို့ရနိုင်မယ့် လည်ပင်းစွတ် စားပွဲခုံလေးဟာ ချစ်သူစုံတွဲတွေအတွက်တင်သာမက အနီးနားမှာပဲရှိနေချင်သူတွေအတွက်ညအတော်လေးအဆင်ပြေစေမှာပါ။ စားပွဲခုံကတော့ ကြည့်လိုက်တာနဲ့အတော့်ကို ရယ်မောမိစေမှာပါ။ အဆိုပါ စားပွဲခုံကိုတော့ ထိုင်ဝမ်မှ Tunghai University ကျောင်းသားတစ်ဦးက တီထွင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ စားပွဲခုံကိုတော့ လူနှစ်ယောက်ရှိမှ အသုံးပြုလို့ရမှာဖြစ်ပါတယ် ။ စားပွဲခုံကတော့ လူနှစ်ယောက် လည်ပင်းစွတ်ထည့်ရမှာဖြစ်ပြီး စားပွဲခုံမှာ ရေခွက်ထည့်လို့ရတဲ့နေရာလည်း ပါရှိပါတယ်။ ဒါ့အပြင် ပါးစပ်သုတ်လို့ရမဲ့ ပဝါလည်း ပါရှိပါသေးတယ်။

သို့သော် နှစ်ယောက်ထပ်ပိုပြီး အသုံးပြုရင်တော့ အဆင်မပြေလောက်ပါဘူး ။ ချစ်သူတွေ အပြင်ထွက်ချိန်းတွေ့ကြမဲ့ စုံတွဲတွေ၊ ချစ်ရတဲ့ Crushလေးတွေနဲ့အတူ အပြင်ထွက်တဲ့အခါ ပိုရင်းနှီးမှုရစေမဲ့ စားပွဲခုံလေးလို့ ထင်မြင်မိပါတယ်နော်။

KK Daily News(JAZZ)

Zawgyi




KK Daily News(JAZZ)