AMAZING

ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ခိုးရိုက်ခံလိုက်ရတဲ့ဓာတ်ပုံတွေကြောင့် ပုရိသတွေရဲ့ အသည်းစွဲဖြစ်လာပြီး နာမည်ကျော်လာတဲ့ ချစ်စရာ ကျောင်းသူလေး

တက္ကသိုလ်ပဲဖြစ်ဖြစ် ၊ အထက်တန်းကျောင်းမှာပဲ ဖြစ်ဖြစ် မိမိ အခန်းထဲက အချောဆုံး၊ အလှဆုံး မိန်းကလေးတွေဟာ အတန်းဖော် ကောင်လေးတွေရဲ့ ပါးစပ်ဖျားမှာ နာမည်ကြီးနေပြီး အခြား ကောင်မလေးတွေရဲ့အမြဲ မနာလိုမှုကိုခံခဲ့ရတာ အမြဲလိုလိုပါပဲနော်။ ဒါ့အပြင် အတန်းထဲမှာ အလှဆုံးဆိုတဲ့ ကောင်မလေးတွေကိုလည်း ဓာတ်ပုံခိုးရိုက်တာတွေလဲ ရှိပါတယ်။

သို့ဖြစ်ရာ ဗီယက်နမ်နိုင်ငံမှာ နေထိုင်တဲ့ Phanဆိုတဲ့ အမည်ရှိသော မိန်းကလေးငယ်ဟာ သူမ၏ ကျောင်းမှာ ဘွဲ့နှင်းသဘင်အခမ်းအနားကို တက်ရောက်စဉ်က အခြားကျောင်းသားကောင်လေးတွေ ခိုးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကြောင့် အင်တာနက်မှာ အတော်လေးကိုရေပန်းစားသွားခဲ့ပြီး ပုရိသတို့ရဲ့ အသည်းစွဲ ဖြစ်လာခဲ့ရပါတယ်။

နာမည်ကြီးလာခဲ့တဲ့ Phanဟာ ငယ်ငယ်ရွယ်ရွယ် နဲ့ အလှကုန်ပစ္စည်းတံဆိပ်တွေ နဲ့ နာမည်ကြီးဖက်ရှင် တွေရဲ့ ထောက်ခံချက် နဲ့ ကမ်းလှမ်းချက်တွေရရှိခဲ့ပါသေးတယ်။ အဆိုပါအချိန်တုန်းက သူမဟာ အသက် 20 တောင်မပြည့်သေးပါဘူး ။ သို့ပေမဲ့လည်း သူမရဲ့ Instagram မှာ followers ပေါင်း ၅သိန်းကျော် ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။

ချစ်စရာကောင်းတဲ့ Phan ဟာ သူမရဲ့ ချွန်ပြီးမြင့်မားတဲ့ နှာခေါင်းပုံစံ ၊ ပါးရိုးလေးတွေ ၊ လှပလွန်းတဲ့မျက်လွန်းလေးတွေ သွယ်လျတဲ့ခန္ဓာကိုယ်လေးတွေပါ ပိုင်ဆိုင်ထားလို့ တစ်ကယ့်ကို အာရှအလှအဆင့်အတန်းနဲ့လုံးဝကိုက်ညီတဲ့ အလှမျိုးပိုင်ဆိုင်ထားသလို့ သတ်မှတ်ခံထားရပါတယ်နော်။

ဒါကြောင့် စာဖတ်သူတို့ထဲမှာကော အတန်းထဲက အလှဆုံးမိန်းကလေးကို သဘောကျခဲ့တာတွေ ဒါမှမဟုတ်မိမိကိုယ်တိုင်ကကော အလှဆုံး မိန်းကလေးဖြစ်ခဲ့ဖူးလားဆိုတာကို ဝင်ရောက် ဆွေးနွေးပေးသွားပါအုံးနော်။

KK Daily News (JAZZ)

Zawgyi






KK Daily News (JAZZ)