KNOWLEDGE

လုံးဝ ဖုန်းမသုံးရ ၊ စကားမပြောရဘဲ ၅ နာရီသာ အလုပ်လုပ်ရပြီး လစာများစွာတဲ့ ကုမ္ပဏီ

လုံးဝ ဖုန်းမသုံးရ ၊ စကားမပြောရဘဲ ၅ နာရီသာ အလုပ်လုပ်ရပြီး လစာများစွာတဲ့ ကုမ္ပဏီ

ကုမ္ပဏီရဲ့ ထုတ်ကုန်တွေ မြင့်မားဖို့၊ ကောင်းမွန်တဲ့ ရလဒ်တွေ ရလာဖို့အတွက် ဝန်ထမ်းတွေက အပြိုင်အဆိုင် အလုပ်လုပ် ကြပါတယ်။ တချို့ ကုမ္ပဏီတွေက တစ်ပတ်ကို လေးရက်ပဲ အလုပ်လုပ်ရပါတယ်။ ဒါပေမယ့် ဒီကုမ္ပဏီကတော့ အလုပ် လုပ်ရက်တွေကို မလျှော့ပေးဘဲ အလုပ်လုပ်ချိန် နာရီတွေကို လျှော့ပေးလိုက်ပါတယ်။

ဂျာမနီ နိုင်ငံက ကုမ္ပဏီတစ်ခုက ဝန်ထမ်းတွေကို တစ်နေ့ ငါးနာရီသာ အလုပ်လုပ်ဖို့ ခွင့်ပြုထားပါတယ်။ အလုပ်လုပ်နေတဲ့ ငါးနာရီ အတောအတွင်းမှာတော့ ဖုန်းသုံးနေတာ၊ ဝန်ထမ်းအချင်းချင်း စကားပြောတာတို့ မလုပ်ရပါဘူး။ဝန်ထမ်းတွေကို email စစ်ဖို့အတွက် တစ်နေ့နှစ်ကြိမ်တော့ ဖုန်းသုံးခွင့် ပေးထားပါတယ်။ အစည်းအဝေးတွေကိုလည်း အချိန် ၁၅ မိနစ်နဲ့ ၁၅ မိနစ်အောက် လျှော့လုပ်ဖို့ ညွှန်ကြားထားပါတယ်။

အလုပ်ချိန်တွေကို လျှော့လိုက်တဲ့အခါ ကလေးတွေကို အချိန်ပေးဖို့ ပိုရလာတယ်လို့ Rheingan Digital Enabler ရဲ့ အမှုဆောင် အရာရှိချုပ်က ပြောပါတယ်။အလုပ်ချိန် ၅ နာရီတည်းနဲ့ အလုပ်တွေ ပြီးနိုင်ဖို့အတွက် ဝန်ထမ်းတွေက ဖုန်းမသုံးဖို့ လိုအပ်ကြောင်း၊ အဲဒီအခါမှ အလုပ်ကို အာရုံစိုက်နိုင်မှာ ဖြစ်ကြောင်း သူက ပြောပါတယ်။ အလုပ်ချိန် ၉ နာရီနဲ့အထက် ကြာပြီး ဖုန်းသုံးခွင့်ရချင်တဲ့ ဝန်ထမ်းတွေလည်း ရှိနေဆဲပါပဲ။

Zombie (Lovemedia)

Zawgyi

လုံးဝ ဖုန္းမသုံးရ ၊ စကားမေျပာရဘဲ ၅ နာရီသာ အလုပ္လုပ္ရၿပီး လစာမ်ားစြာတဲ့ ကုမၸဏီ

ကုမၸဏီရဲ႕ ထုတ္ကုန္ေတြ ျမင့္မားဖို႔၊ ေကာင္းမြန္တဲ့ ရလဒ္ေတြ ရလာဖို႔အတြက္ ဝန္ထမ္းေတြက အၿပိဳင္အဆိုင္ အလုပ္လုပ္ ၾကပါတယ္။ တခ်ိဳ႕ ကုမၸဏီေတြက တစ္ပတ္ကို ေလးရက္ပဲ အလုပ္လုပ္ရပါတယ္။ ဒါေပမယ့္ ဒီကုမၸဏီကေတာ့ အလုပ္ လုပ္ရက္ေတြကို မေလွ်ာ့ေပးဘဲ အလုပ္လုပ္ခ်ိန္ နာရီေတြကို ေလွ်ာ့ေပးလိုက္ပါတယ္။

ဂ်ာမနီ နိုင္ငံက ကုမၸဏီတစ္ခုက ဝန္ထမ္းေတြကို တစ္ေန႕ ငါးနာရီသာ အလုပ္လုပ္ဖို႔ ခြင့္ျပဳထားပါတယ္။ အလုပ္လုပ္ေနတဲ့ ငါးနာရီ အေတာအတြင္းမွာေတာ့ ဖုန္းသုံးေနတာ၊ ဝန္ထမ္းအခ်င္းခ်င္း စကားေျပာတာတို႔ မလုပ္ရပါဘူး။ဝန္ထမ္းေတြကို email စစ္ဖို႔အတြက္ တစ္ေန႕ႏွစ္ႀကိမ္ေတာ့ ဖုန္းသုံးခြင့္ ေပးထားပါတယ္။ အစည္းအေဝးေတြကိုလည္း အခ်ိန္ ၁၅ မိနစ္နဲ႕ ၁၅ မိနစ္ေအာက္ ေလွ်ာ့လုပ္ဖို႔ ၫႊန္ၾကားထားပါတယ္။

အလုပ္ခ်ိန္ေတြကို ေလွ်ာ့လိုက္တဲ့အခါ ကေလးေတြကို အခ်ိန္ေပးဖို႔ ပိုရလာတယ္လို႔ Rheingan Digital Enabler ရဲ႕ အမႈေဆာင္ အရာရွိခ်ဳပ္က ေျပာပါတယ္။အလုပ္ခ်ိန္ ၅ နာရီတည္းနဲ႕ အလုပ္ေတြ ၿပီးနိုင္ဖို႔အတြက္ ဝန္ထမ္းေတြက ဖုန္းမသုံးဖို႔ လိုအပ္ေၾကာင္း၊ အဲဒီအခါမွ အလုပ္ကို အာ႐ုံစိုက္နိုင္မွာ ျဖစ္ေၾကာင္း သူက ေျပာပါတယ္။ အလုပ္ခ်ိန္ ၉ နာရီနဲ႕အထက္ ၾကာၿပီး ဖုန္းသုံးခြင့္ရခ်င္တဲ့ ဝန္ထမ္းေတြလည္း ရွိေနဆဲပါပဲ။

Zombie (Lovemedia)