LIFESTYLE

ချမ်းနေသည့် အမျိုးသမီးကို ကုတ်အင်္ကျီကမ်းပေးခဲ့ပြီးနောက် ၅ ရက်အကြာမှာဘဲ ဘ၀ပြောင်းသွားခဲ့တဲ့ အိမ်ခြေမဲ့အမျိုးသားတစ်ဦး

လူတွေဟာ အခြားသူများအား ၎င်းတို့ရဲ့ဝတ်စားနေထိုင်တဲ့ပုံစံကိုကြည့်ကာ အကဲဖြတ်လေ့ရှိကြပါတယ်။ Taylor Walden အမည်ရှိအမျိုးသားနှင့် Charlotte Ellis အမည်ရှိအမျိုးသမီးတို့စုံတွဲတစ်တွဲ ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ လန်ဒန်ရှိ Convent Garden Tube ဘူတာမှာ ၎င်းတို့ရဲ့နောက်ဆုံးရထားလွတ်သွားခဲ့တာကြောင့် ထိုဘူတာမှာပိတ်မိနေစဉ် ၎င်းတို့နောက်ဘက်ရှိ Joey အမည်ရှိအိမ်ယာမဲ့တစ်ဦး နဲ့ တွေ့ဆုံခဲ့ပါတယ်။အေးခဲနေတဲ့ရာသီဥတုမှာ Joey ဟာ သူ့ကုတ်အင်္ကျီကို ၎င်းတို့စုံတွဲအား ကမ်းလှမ်းခဲ့ပြီးနောက် ထိုနေ့ညမှာ ၎င်းတို့စုံတွဲဟာ Joey နှင့်အတူထိုင်ပြီး စကားစမြည်ပြောခဲ့ကြပါတယ်။

“တစ်ထောင့်တစ်နေရာမှာတွေ့တဲ့လူတိုင်းကို ယုံသင့်တယ်လို့ပြောနေတာ မဟုတ်ပါဘူး၊ လူတွေက အကဲဖြတ်တာမြန်လွန်းတယ်၊ အိုးမဲ့အိမ်မဲ့ဖြစ်သူအားလုံးက အလွဲသုံးစားလုပ်သူများမဟုတ်သလို Joey က သူတို့အပေါ်အရမ်းရိုးသားတဲ့စိတ်ရှိနေတယ်လို့ သူမခံစားခဲ့ရတာကြောင့် သူမက သူ့ကို သူမရဲ့နေအိမ်သို့ခေါ်ပြန်ရန်ဆုံးဖြတ်ခဲ့တယ် “ လို့ Ellis က သူမရဲ့Facebook page မှာ မျှဝေထားခဲ့ပါတယ်။
Joey က ၎င်းတို့ရဲ့ကမ်းလှမ်းချက်ကိုအစပိုင်းမှာငြင်းဆိုခဲ့ပေမဲ့လည်း နောက်ဆုံးမှာ Walden က ” မင်းငါတို့နဲ့မလိုက်ခဲ့ရင် ငါသူမအိမ်ကို မသွားတော့ဘူး ” လို့ဆိုမှ Joey ကလက်ခံခဲ့ကြောင်း ဆိုထားပါတယ်။

နံနက်ရောက်တဲ့အခါ Ellis က အိမ်ခြေမဲ့ယောကျ်ားတစ်ဦးအား အိမ်သို့ခေါ်ဆောင်လာခဲ့တာကို အစပိုင်းမှာ စိတ်ပူနေခဲ့ပေမဲ့လည်း ကံကောင်းထောက်မစွာပင် သူမရဲ့မိခင်က နားလည်ပေးကာ Joey နှင့်တွေ့ဆုံစကားပြောခဲ့ပါတယ်။ထို့နောက် ၎င်းတို့သုံးယောက်ဟာ အိမ်မှာမနက်စာစားသောက်ရင်း ၎င်းတို့ရဲ့ဘ၀ဇာတ်လမ်းများကို အချင်းချင်းဖလှယ်လိုက်ကြပြီး သူငယ်ချင်းကောင်းများကဲ့သို့ ရင်းနှီးသွားခဲ့ကြပါတယ်။ ထို့နောက် Ellis ဟာ မိခင်ဖြစ်သူကို Joey က ၎င်းတို့အား ဘယ်လိုကူညီခဲ့တယ်ဆိုတာကိုလည်း ဝေမျှခဲ့ပါတယ်။

ငါးရက်အကြာမှာ Joey ဟာ အလုပ်အင်တာဗျူးတစ်ခုရခဲ့ပြီး အလုပ်တစ်ခုရသွားခဲ့ပါတယ်။ Joey ဟာ ဆွေးနွေးပွဲတစ်ခုမှာလည်း ပါဝင်ခွင့်ရသွားခဲ့ပြီး Ellis တို့စုံတွဲနှင့်တွေ့ဆုံခွင့်ရခဲ့တာက သူ့ရဲ့ဘ၀ကိုမည်သို့ပြောင်းလဲသွားစေခဲ့တဲ့အကြောင်းကိုလည်း ပြောပြခွင့်ရခဲ့ပါတယ်။ “ ကျွန်မ ဒီဇာတ်လမ်းကို အကြောင်းပြချက်တစ်ခုတည်းနဲ့ ပြန်မျှဝေပေးတာပါ၊ တစ်ခါတစ်ရံမှာ အိမ်ခြေရာမဲ့တွေအတွက် အချိန်နည်းနည်းပေးပြီး သူတို့ကိုဂရုစိုက်တဲ့လူတွေရှိနေတယ်ဆိုတာ သူတို့သိအောင်လုပ်ပေးပါ ၊ သူတို့ကို အချိန်နည်းနည်းလောက်ပေးလိုက်ခြင်းက ကျွန်မတို့အတွက် ဘာမှမကုန်ကျသွားပါဘူး ” ဟုဆိုကာ Ellis ဟာ သူမရဲ့ Facebook post မှာ လူတိုင်းအတွက် ကောင်းတဲ့ message တစ်ခုဖြင့် နိဂုံးချုပ်ခဲ့ပါတယ်။

Credit – Mia (KB Chimmy One)