AMAZING

ဆံပင်ညှပ်ဖို့အတွက် ထူးဆန်းသည့် နည်းလမ်းဖြင့် ညှပ်ပြရင်း ကြည့်ရှူသူများအား ထိပ်လန့်သွားစေခဲ့တဲ့ ဆံသဆရာ

ဒီရက်ပိုင်းတွေမှာ ကူးစက်ရောဂါကြောင့် အပြင်ထွက်ပြီးအလုပ်ရှာရဖို့နေနေသာသာ အိမ်တွင်းအလုပ်တစ်ခုကိုတောင် ရှာရဖို့ခက်ပါတယ်။ ထို့ကြောင့် လူများစွာဟာ အသေးစားလုပ်ငန်းတစ်ခုစလုပ်ရန် ရွေးချယ်ကြရပေမဲ့ သင်၀ယ်သူများအား ဆွဲဆောင်ရန်နည်းလမ်းများရှာဖွေရခြင်းမှာလည်း စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ လူများစွာဟာ အကျပ်အတည်းများအတွင်း အိမ်တွင်နေရန်ရွေးချယ်ကာ ၀ယ်သူများ ၀ယ်ယူနိုင်စေရန် စီးပွါးရေးလုပ်ငန်းများကိုလည်း ဖန်တီးတီထွင်ကြံဆလာကြရပါတယ်။

သို့သော် ဆန်းသစ်တီထွင်သူဆံပင်ညှပ်ဆရာတစ် ဦးဟာ ဆန်းဆန်းပြားပြား ဖောက်သည်များရဲ့ဆံပင်ကို ညှပ်ရန် အလွန်ထူးခြားပြီး အလွန်အန္တရာယ်များလွန်းတဲ့ ကိရိယာတစ်မျိုးကို အသုံးပြုခဲ့ခြင်းအတွက် netizen များထံမှရောထွေးတဲ့တုံ့ပြန်မှုများစွာကို ရရှိခဲ့ပါတယ်။

ကတ်ကြေးတစ်စုံ (သို့) မုတ်ဆိတ်ရိတ်ကိရိယာအချို့ကို သုံးမယ့်အစား အဆိုပါအမည်မဖော်ရသေးတဲ့ဆံပင်ညှပ်ဆရာကတော့ ဖော်သည်ရဲ့ဆံပင်ကိုညှပ်ဖို့အတွက် ထောင့်ကြိတ်စက် ( angle grinder ) စက်ကို အသုံးပြုနေခဲ့ပါတယ်။ ၎င်းစက်ဟာ ကွန်ကရစ်နှင့်သံမဏိဘားကဲ့သို့အလွန်ခက်ယဉ်းပြီးဖြတ်ရခက်တဲ့အရာများကိုပင် ဖြတ်တောက်နိုင်တာကြောင့် ၎င်းဟာ လူသား၏ဦးခေါင်းအတွက် သုံးရန် အလွန်ထက်လွန်းပြီး အန္တရာယ်လည်းများလွန်းနေမယ်ဆိုတာ သေချာပေါက်မလွှဲမသွေပါဘဲ။

တစ်ချက်လေးမှာလိုက်တာနဲ့ ဖော်သည်ရဲ့နားရွက်အား ဖြတ်မိသွားနိုင်သလို ပိုဆိုးတာက ၎င်းအနီးကပ်လုပ်ခြင်းက ဦးခေါင်းခွံအား ထိခိုက်စေနိုင်ပါတယ်။ ဒါကတော့ တော်တော်ကြောက်စရာကောင်းတဲ့အတွေးတစ်ခုပါဘဲဗျာ။ Netizens အများစုက ဤအရာကိုစမ်းရန်အလွန်ကြောက်ရွံ့ပြီး အဆိုပါဆံပင်ညှပ်ဆရာအား သူ့ရဲ့ဆိုင်တွင် ၎င်းစက်ကိုသုံးခွင့်ပိတ်ထားသင့်ကြောင်း ဆိုခဲ့ကြသော်လည်း စိတ်၀င်စား၍ အမှန်တကယ်စမ်းကြည့်ရန်သတ္တိရှိနေတဲ့အခြားသူများလည်း ရှိနေခဲ့ပါတယ်။

ဘယ်လိုဖြစ်ဖြစ် ၎င်းလုပ်ရပ်က အမှန်တကယ်ရဲရင့်လို့ဘဲဖြစ်စေ တကယ်မိုက်ရူးရဲဆန်လို့ဘဲဖြစ်စေ ၎င်းဓာတ်ပုံဟာ social media ပေါ်မှာ လူသိများသွားတဲ့ဓာတ်ပုံကောင်းတစ်ပုံအဖြစ် ကျန်ရှိနေခဲ့ပါတယ်။ ဆံပင်သွားညှပ်ခဲ့ရင် သင့်အနေနဲ့ သင့်ထိုင်ခုံမှမထခင်အထိ သင့်ရဲ့ဆံပင်ညှပ်ဆရာလည်း ၎င်းကဲ့သို့စက်မျိုးကို မဖွင့်စေဖို့အတွက်ဘဲ ဆုတောင်းနေကြရမှာပါဗျ။ အချို့ကလည်း ၎င်းဓာတ်ပုံဟာ တကယ်မညှပ်ဘဲ တမင်ဓာတ်ပုံအဖြစ်ဘဲ ရိုက်ထားခဲ့တာလို့လည်း ဆိုထားကြပါသေးတယ်။

Credit – Mia (Mckzone Daily)