LIFESTYLE

ခြေထောက်တစ်ဖက်တည်းသာရှိပေမယ့် ကိုယ့်ဘဝကို ယုံကြည်ချက်အပြည့်နှင့် ကြိုးစားရပ်တည်လာခဲ့သော အလှမယ်လေး

ဗီယက်နမ်နိုင်ငံမှ Be Thi Bangအမည်ရှိသော အသက် ၃၈နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ခြေထောက်တစ်ဖက်တည်းသာရှိပြီး လူအများကြားထဲ သွားလာသည့်အခါ အာရုံစူးစိုက်မှုများစွာ ခံခဲ့ရပါတယ်။အမျိုးသမီးဟာ တစ်ချိန်က ဒေသရှိအလှပြင်ဆေးခန်းတစ်ခုတွင် ဝန်ထမ်းအဖြစ်လုပ်ကိုင်ခဲ့ပြီး လမ်းတွင်ယာဥ်မတော်တဆဖြစ်ခဲ့၍ သူမခြေထောက်တစ်ဖက်ကို ဖြတ်တောက်ခဲ့လိုက်ရတာပါ။

အမျိုးသမီးသည် သူမရဲ့ကျန်နေတဲ့ ဘဝတစ်လျှောက်လုံးကို ဝှီးချဲလ်လေးနှင့် နေသွားရတော့မည်ကို တွေးမိတိုင်း စိတ်ဓာတ်တွေကျကာ ဝမ်းနည်းကြေကွဲဖြစ်ခဲ့သော်လည်း အနားတွင် မိဘနှစ်ပါးနှင့် သူငယ်ချင်းအပေါင်းအသင်းတွေဆီက အားပေးမှုများစွာ ရရှိခဲ့သည့်အတွက် အရှုံးမပေးပဲ ပြန်လည်ကြိုးစားအားထုတ်ချင်ခဲ့ပါတယ်။

ထို့ကြောင့် အမျိုးသမီးဟာ တစ်သက်လုံး ဝှီးချဲလ်လေးပေါ်မှာ နေမည့်အစား ချိုင်းထောက်နှင့်အတူ ပြန်ထနိုင်အောင် ကြိုးစားခဲ့ပြီး မသန်စွမ်းအလှမယ်ပြိုင်ပွဲတွင်လည်း ပထမဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

ထို့နောက် ဗီယက်နမ်နိုင်ငံသို့လာရောက်လည်ပတ်သော ဂျာမန်အမျိုးသားတစ်ဦးနှင့် ဆုံတွေ့ခဲ့ပြီး ချစ်ကြိုက်ခဲ့ရာကနေ အချစ်စစ်တစ်ခုတည်းကြောင့် လက်ထပ်ဖြစ်ခဲ့ကြသည်။

Credit – Hlaing (Love Feeling)

ဗီယက္နမ္နိုင္ငံမွ Be Thi Bangအမည္ရွိေသာ အသက္ ၃၈ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးသည္ ေျခေထာက္တစ္ဖက္တည္းသာရွိၿပီး လူအမ်ားၾကားထဲ သြားလာသည့္အခါ အာ႐ုံစူးစိုက္မႈမ်ားစြာ ခံခဲ့ရပါတယ္။အမ်ိဳးသမီးဟာ တစ္ခ်ိန္က ေဒသရွိအလွျပင္ေဆးခန္းတစ္ခုတြင္ ဝန္ထမ္းအျဖစ္လုပ္ကိုင္ခဲ့ၿပီး လမ္းတြင္ယာဥ္မေတာ္တဆျဖစ္ခဲ့၍ သူမေျခေထာက္တစ္ဖက္ကို ျဖတ္ေတာက္ခဲ့လိုက္ရတာပါ။

အမ်ိဳးသမီးသည္ သူမရဲ႕က်န္ေနတဲ့ ဘဝတစ္ေလွ်ာက္လုံးကို ဝွီးခ်ဲလ္ေလးႏွင့္ ေနသြားရေတာ့မည္ကို ေတြးမိတိုင္း စိတ္ဓာတ္ေတြက်ကာ ဝမ္းနည္းေၾကကြဲျဖစ္ခဲ့ေသာ္လည္း အနားတြင္ မိဘႏွစ္ပါးႏွင့္ သူငယ္ခ်င္းအေပါင္းအသင္းေတြဆီက အားေပးမႈမ်ားစြာ ရရွိခဲ့သည့္အတြက္ အရႈံးမေပးပဲ ျပန္လည္ႀကိဳးစားအားထုတ္ခ်င္ခဲ့ပါတယ္။

ထို႔ေၾကာင့္ အမ်ိဳးသမီးဟာ တစ္သက္လုံး ဝွီးခ်ဲလ္ေလးေပၚမွာ ေနမည့္အစား ခ်ိဳင္းေထာက္ႏွင့္အတူ ျပန္ထနိုင္ေအာင္ ႀကိဳးစားခဲ့ၿပီး မသန္စြမ္းအလွမယ္ၿပိဳင္ပြဲတြင္လည္း ပထမဆုကို ဆြတ္ခူးရရွိခဲ့ပါတယ္။

ထို႔ေနာက္ ဗီယက္နမ္နိုင္ငံသို႔လာေရာက္လည္ပတ္ေသာ ဂ်ာမန္အမ်ိဳးသားတစ္ဦးႏွင့္ ဆုံေတြ႕ခဲ့ၿပီး ခ်စ္ႀကိဳက္ခဲ့ရာကေန အခ်စ္စစ္တစ္ခုတည္းေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကသည္။

Credit – Hlaing (Love Feeling)