LIFESTYLE

မိန်းကလေး ဖြစ်ချင်တာကြောင့် ၃နှစ်အရွယ်မှာ ငယ်ပါကို ဖြတ်ဖို့ကြိုးစားခဲ့ပြီး အသက်၆နှစ်အရွယ်မှာ ကောင်မလေးလို ဖြစ်လာခဲ့တဲ့ ကောင်လေး

သားသမီးနှစ်ယောက်ကိုပိုင်ဆိုင်ထားတဲ့ Jess Bratton ဆိုတဲ့မိခင်တစ်ဦးရဲ့၊သားဖြစ်သူ Logan ဟာသိတတ်စအရွယ်မှာတည်းကအရုပ်မလေးတွေကိုပဲဆော့ကစားလေ့ရှိပီး၊မိန်းခလေးအဝတ်စားတွေကိုသာတောင်းဝတ်လေ့ရှိတယ်လို့ဆိုပါတယ်။Logan ဟာသားအကြီးဖြစ်ပီး၊ညီမငယ်လေးရဲ့အကျီအဝတ်စားတွေနဲ့မိခင်ရဲ့မိတ်ကပ်တွေကိုအလွန်စိတ်ဝင်စားခဲ့သူပဲဖြစ်ပါတယ်။

Logan လေးသုံးနှစ်အရွယ်မှာတော့၎င်းရဲ့တန်ဆာကိုကပ်ကြေးနဲ့ဖြတ်ဖို့လုပ်နေတာကိုမိခင်ဖြစ်သူကအံ့သြတကြီးတွေ့ခဲ့ရင်းက၊၎င်းရဲ့သားဟာလိင်ပြောင်းချင်သူ Trans တစ်ယောက်ဖြစ်ချင်နေတာပဲဆိုပီးပိုရိပ်မိခဲ့ပါတယ်။ထိုအခြေနေကြောင့်မိခင်ဖြစ်သူကလိင်ပြောင်းပေးဖို့ဆရာဝန်နဲ့တိုင်ပင်ခဲ့တဲ့အခါမှာ၊အရွယ်ငယ်လွန်းသေးတာကြောင့်ဆရာဝန်ကပြောင်းလဲဖို့ခွင့်မပြုခဲ့ပါဘူး။Logan ဟာငယ်စဉ်ကတည်းကညီမဖြစ်သူနဲ့အတူမိန်းကလေးဝတ်စကပ်တွေ၊ croptop တွေ၊မိတ်ကပ်ပြင်ဆင်တာတွေကိုအလွန်စွဲလမ်းနှစ်သက်စွာသုံးစွဲဆင်ယင်ခဲ့ပါတယ်။

Logan လေး(6)နှစ်မှာတော့လိင်ပြောင်းဖို့တောင်းဆိုခဲ့တာကြောင့်၊မိခင်ကဆရာဝန်နဲ့တိုင်ပင်ပီးနောက်ဆုံးမှာမိသားစုတွေရဲ့ခွင့်ပြုချက်နဲ့အတူပြောင်းလဲပေးခဲ့ပါတယ်။Logan ကိုကျောင်းတက်နေချိန်မှာ၎င်းရဲ့ဖြစ်ရပ်ကြောင့် bully လုပ်ခံရမှာစိုးလို့၊ကျောင်းဆရာမတွေနဲ့တိုင်ပင်ပီးအဖြစ်မှန်ပြောပြလိုက်တဲ့အခါမှာလဲ၊Logan လေးရဲ့အခြေနေကိုနားလည်ထောက်ခံအားပေးခဲ့ကြတယ်လို့သိရပါတယ်။အချို့သောကျောင်းသားမိဘတွေကလဲအကောင်းမြင်တွေးပေးခဲ့ကြတယ်လို့သိရှိရပါတယ်။

Credit – Bam Bam (Cele Angle)