LIFESTYLE

ရုပ်လေးကလှပြီး တက်တူးကြီးထိုးထားသည့်အတွက် ပတ်ဝန်းကျင်၏ ကဲ့ရဲ့အတင်းတုတ်ခြင်းကို ခံနေရသော မိန်းကလေး

ယနေ့ခေတ်တွင် ခန္ဓာကိုယ်ပေါ် တက်တူးအလှထိုးခြင်းကို အမျိုးသားများသာမက အမျိုးသမီးများပါ စိတ်ဝင်စားလာခဲ့ရာ အမျိုးသားတွေထိုးထားသည့်အခါ မည်သူမှပြောဆိုခြင်းမရှိသော်လည်း မိန်းကလေးတန်မဲ့ထိုးထားခြင်းဖြင့် ကဲ့ရဲ့ပြစ်တင်ပြောဆိုလို့ကို မပြီးဆုံးနိုင်ဖြစ်ကြရပါတယ်။

ယခုအခါတွင်လည်း ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် နေထိုင်သော မိုင်အမည်ရှိ အသက် ၂၄နှစ်အရွယ် မိန်းကလေးသည် မိဘတို့၏ခွင့်ပြုချက်နှင့်အတူ ခန္ဓာကိုယ်ပေါ်တွင် တက်တူးထိုးထားသော်လည်း ဘေးပတ်ဝန်းကျင်မှ အထင်သေးကဲ့ရဲ့ခြင်းကို ခံခဲ့ရပါတယ်။

မိုင်ကအသက် ၁၈နှစ်အရွယ်ကစပြီး တက်တူးထိုးခြင်းကို သဘောကျနှစ်သက်ခဲ့ရာ ဘယ်ဖက်ခြေထောက်တစ်ဖက်လုံးကို သတ္တိရှိစွာ စပြီးတက်တူးထိုးခဲ့သည်။ထိုတက်တူးကြောင့်ပဲ အပြင်ထွက်သည့်အခါတိုင်းဘေးပတ်ဝန်းကျင်၏ အထင်သေးအမြင်သေးအကြည့်တွေနှင့်အတူ နောက်ကွယ်မှာ အတင်းပြောခြင်းခံရတာတွေကို များစွာကြုံတွေ့ခဲ့ရသော်လည်း နောက်ဆုံးတွင် မိန်းကလေးသည် ငယ်ငယ်ရွယ်ရွယ်နှင့် တက်တူးထိုးဆရာတစ်ယောက်အဖြစ် ရပ်တည်လျက်ရှိပါတယ်။

Zawgyi




Credit – Hlaing (Love Feeling)