Love & Relationship

မိခင်မရှိတော့ပဲ စောင့်ရှောက်မယ့်သူမရှိတဲ့ ဒဏ်ရာရ ဆင်လေးကိုကယ်တင်ပြီး အိမ်ခေါ်မွေးထားတဲ့ အမျိုးသမီးရဲ့ လေးစားဖွယ်လုပ်ရပ်

ဇင်ဘာဘွေနိုင်ငံကိုသဘာဝတောရိုင်းတိရိစ္ဆာန်ပြုစုစောင့်ရှောက်ရေးAmbassadorအဖြစ်သွားရောက်ခဲ့တဲ့၊Roxyဆိုတဲ့အမျိုးသမီးဟာမြစ်ကမ်းတခုနားမှာမိခင်မရှိပဲတစ်ကောင်တည်းရှိနေခဲ့တဲ့ဒဏ်ရာရဆင်ငယ်လေးကိုတွေ့ခဲ့ရင်းက၊Roxyဟာဝန်ထမ်းအချို့နဲ့အတူနားနေတဲနားခေါ်ဆောင်လာခဲ့ပီး လိုအပ်တဲ့ဆေးကုသမှုတွေပြုလုပ်ကယ်တင်ပေးခဲ့ပါတယ်။

ထို့နောက်ထိုဆင်ငယ်လေးMoyoကိုတောထဲပြန်လွတ်ဖို့စီစဉ်ထားပေမဲ့လဲ၊Moyoရဲ့မိခင်မရှိတော့တာကြောင့်တစ်ကောင်တည်းပြန်လွှတ်ပေးဖို့အဆင်မပြေခဲ့ပါဘူး။Moyoရဲ့ကျန်းမာရေးကလဲအားနည်းနေသေးတာကြောင့်၊Roxyဟာသူမရဲ့အိမ်မှာခေါ်မွေးထားပီးကုသမှုဆက်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ယခုအခါမှာတော့ဆင်လေးMoyoဟာRoxyရဲ့ကျေးဇူးကြောင့်ကောင်းစွာကြီးပြင်းခဲ့တဲ့အပြင်Roxyကိုမိခင်သဖွယ်ပြုမူတတ်တဲ့ပုံစံတွေကကြည့်မိသူတိုင်းကိုအံ့အားသင့်စေခဲ့ပါတယ်။

ယခုအခါမှာတော့ဆင်လေးMoyoဟာကြီးထွားလာခဲ့ပီးအိမ်ထဲမှာရှိတဲ့နေရာတွေကိုလိုက်ဖွတာ၊မီးဖိုချောင်ထဲကအသီးတွေစားစရာတွေနှိုက်စားတတ်ပီးRoxyနဲ့အတူဆော့ကစားရတာနှစ်သက်တဲ့ကျန်းမာသန်စွမ်းတဲ့အကောင်လေးအဖြစ်ပြောင်းလဲလာပီ။ဆင်လေးMoyoနဲ့Roxyတို့ရဲ့သံယောဇဉ်ဟာလဲကြီးမားလာပီးRoxyအနေနဲ့လဲဆင်လေးMoyoကို၎င်းရဲ့ခလေးတစ်ယောက်လို့ယပြုစုခဲ့တာကြောင့်၎င်းတို့ရဲ့ချစ်ခင်ပုံကိုမြင်မိသူတိုင်းပီတိဖြစ်ခဲ့ရပါတယ်။

Roxyကြောင့်သာမဟုတ်ရင်ဆင်လေးMoyoလဲအသက်ရှင်မှာမဟုတ်တာကြောင့်ကံကောင်းတဲ့ဆင်လေးMoyoပါပဲလေ။Roxyဟာ’Wildnof life’ဖောင်ဒေးရှင်းရဲ့Founderတစ်ဦးအဖြစ်ဆက်လက်လုပ်ကိုင်နေပီး၊ဆင်လေးMoyoနဲ့အတူနေထိုင်လျက်ရှိပါတယ်။

Zawgyi

ဇင္ဘာေဘြနိုင္ငံကိုသဘာဝေတာရိုင္းတိရိစာၦန္ျပဳစုေစာင့္ေရွာက္ေရးAmbassadorအျဖစ္သြားေရာက္ခဲ့တဲ့၊Roxyဆိုတဲ့အမ်ိဳးသမီးဟာျမစ္ကမ္းတခုနားမွာမိခင္မရွိပဲတစ္ေကာင္တည္းရွိေနခဲ့တဲ့ဒဏ္ရာရဆင္ငယ္ေလးကိုေတြ႕ခဲ့ရင္းက၊Roxyဟာဝန္ထမ္းအခ်ိဳ႕နဲ႕အတူနားေနတဲနားေခၚေဆာင္လာခဲ့ပီး လိုအပ္တဲ့ေဆးကုသမႈေတြျပဳလုပ္ကယ္တင္ေပးခဲ့ပါတယ္။

ထို႔ေနာက္ထိုဆင္ငယ္ေလးMoyoကိုေတာထဲျပန္လြတ္ဖို႔စီစဥ္ထားေပမဲ့လဲ၊Moyoရဲ႕မိခင္မရွိေတာ့တာေၾကာင့္တစ္ေကာင္တည္းျပန္လႊတ္ေပးဖို႔အဆင္မေျပခဲ့ပါဘူး။Moyoရဲ႕က်န္းမာေရးကလဲအားနည္းေနေသးတာေၾကာင့္၊Roxyဟာသူမရဲ႕အိမ္မွာေခၚေမြးထားပီးကုသမႈဆက္လုပ္ဖို႔ဆုံးျဖတ္ခဲ့ပါတယ္။ ယခုအခါမွာေတာ့ဆင္ေလးMoyoဟာRoxyရဲ႕ေက်းဇူးေၾကာင့္ေကာင္းစြာႀကီးျပင္းခဲ့တဲ့အျပင္Roxyကိုမိခင္သဖြယ္ျပဳမူတတ္တဲ့ပုံစံေတြကၾကည့္မိသူတိုင္းကိုအံ့အားသင့္ေစခဲ့ပါတယ္။

ယခုအခါမွာေတာ့ဆင္ေလးMoyoဟာႀကီးထြားလာခဲ့ပီးအိမ္ထဲမွာရွိတဲ့ေနရာေတြကိုလိုက္ဖြတာ၊မီးဖိုေခ်ာင္ထဲကအသီးေတြစားစရာေတြႏွိုက္စားတတ္ပီးRoxyနဲ႕အတူေဆာ့ကစားရတာႏွစ္သက္တဲ့က်န္းမာသန္စြမ္းတဲ့အေကာင္ေလးအျဖစ္ေျပာင္းလဲလာပီ။ဆင္ေလးMoyoနဲ႕Roxyတို႔ရဲ႕သံေယာဇဥ္ဟာလဲႀကီးမားလာပီးRoxyအေနနဲ႕လဲဆင္ေလးMoyoကို၎ရဲ႕ခေလးတစ္ေယာက္လို႔ယျပဳစုခဲ့တာေၾကာင့္၎တို႔ရဲ႕ခ်စ္ခင္ပုံကိုျမင္မိသူတိုင္းပီတိျဖစ္ခဲ့ရပါတယ္။

Roxyေၾကာင့္သာမဟုတ္ရင္ဆင္ေလးMoyoလဲအသက္ရွင္မွာမဟုတ္တာေၾကာင့္ကံေကာင္းတဲ့ဆင္ေလးMoyoပါပဲေလ။Roxyဟာ’Wildnof life’ေဖာင္ေဒးရွင္းရဲ႕Founderတစ္ဦးအျဖစ္ဆက္လက္လုပ္ကိုင္ေနပီး၊ဆင္ေလးMoyoနဲ႕အတူေနထိုင္လ်က္ရွိပါတယ္။

Credit – Bam Bam (Cele Angle)