Daily News

ပြေတီဦးရဲ့ ငယ်ဘ၀ကအကြောင်းတွေနဲ့ ငယ်ဘဝဓာတ်ပုံများ မျှဝေလာတဲ့ ပြေတီဦးရဲ့ညီမဖြစ်သူ ငွေတီဦး

မဂ်လာပါ ပရိတ်သတ်ကြီးရေ

သရုပ်ဆောင် မင်းသား ပြေတီဦး ကတော့ လက်ရှိ အင်းစိန်ထောင် ထဲမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်နော်။ ပြေတီဦး ရဲ့ မိဘများဟာ အသက် အရွယ် ကြီးမြင့်နေပြီ ဖြစ်တာကြောင့် သားအတွက် စိတ်ပူနေကြတာလည်း ဖြစ်ပါတယ်နော်။

မနေ့က အူဝဲလွတ်လာပြီဆိုပြီး သတင်းတွေ ထွက်ခဲ့ပေမယ့်ကော လဟာလတွေသာ ဖြစ်တယ်လို့လည်း မိသားစုဝင်များမှ ပြန်ဖြေရှင်းထားတာပါနော်။

ပြေတီဦးမှာတော့ အကြီးဆုံး အစ်မ ဆွီတီဦးနဲ့ အငယ်ဆုံး ညီမလေး ငွေတီဦး ဆိုပြီး ရှိပါသေးတယ်နော်။ ငွေတီဦး ကတော့ ပြေတီဦးရဲ့ ကလေးဘဝက အမှတ်တရတစ်ခုကို ပြောပြလာပါပြီ။သူတို့ငယ်ငယ်တုန်းက မောင်နှမနှစ်ယောက် အရမ်းချစ်ခဲ့ကြတာကိုလည်း ဖတ်ရှုပေးကြပါဦး။

ငယ်ငယ်တုန်းက သူဆုယူရင် ဘေးက လိုက်ပီး သူရတဲ့ဆုတွေလိုက်သယ်ရတယ် ကြီးတော့ သူ့ကိုပေးတဲ့ ပန်းတွေလိုက် သယ်ရပြန်ရော မေမေ တစ်လတစ်ခါ ရန်ကုန်သွားရင် မေမေ့ ကိုလွမ်းရင်း မောင်နှမနှစ်ယောက်တည်း ကျန်ခဲ့တဲ့အချိန်တွေကို သတိရမိတယ်။

အဲ့တုန်းက ကိုယ်က သူငယ်တန်းတောင် မရောက်သေးတဲ့ လက်ဖက်မစား ကွမ်းမစား အပျော်တက် တုန်း ဆရာကြီးရယ် ကိုကြီး မျက်နှာလေး ကြည့်ပါရစေဆိုပြီး သူ့အတန်းကို သွားချောင်းခဲ့ရဘူးတယ်။

သူကလည်း မေမေ့ ကိုလွမ်းလို့ မျက်ရည်တွေ ကျတော့ ဆရာမက ဘာဖြစ်လို့လဲ မေးတာပေါ့။ မေမေ့ကို လွမ်းလို့ဆိုတော့ မေမေသွားတာ ညီမလေးရောပါလားဆိုပြီး ဆရာမက သူ့ကို မေးတယ်။

ဟင့်အင်း ညီမလေးလည်း မပါဘူး ဆိုတော့ ညီမလေး ကိုတောင် ထားခဲ့တာ မင်းက ငိုနေစရာလား ဆိုပီး ဇာတ်ပိုးကို ရိုက်လိုက်တာ နှဖူးနဲ့ ခုံစောင်းနဲ့ ရိုက်မိလို့ ဒဏ်ရာရပါရော။

ဒဏ်ရာ နဲ့ပြန်လာတဲ့ သားကိုမြင်ပြီး ဖေဖေက ဒေါသထွက်ရောပေါ့။ ဒီလောက်တောင် လုပ်ရလားဆိုပီး ဆရာမကို စိတ်တို တာပါ။ဘာရယ်မဟုတ်ဘူး မန်မိုရီပြန်တက် လာတော့ ငယ်ငယ်တုန်းက အကြောင်းတွေခေါင်းထဲ ပြန်ရောက်လာလို့ ငွေတီဦးမှ ရေးထားပါတယ်။

အခုလိုဝင် ရောက်ဖတ်ရှု့ပေးကြတဲ့ ပရိတ်သတ် တစ်ယောက် ခြင်းစီတိုင်း ကျန်းမာပျော်ရွှင် သောနေ့ရက်များ ပိုင်ဆိုင်နိုင် ကြ ပါစေ လို့ဆုတောင်းပေး လိုက်ပါတယ်။ မူရင်း crd