AMAZING

ချောမောလှပပြီး ပတ်ဆံရှိတဲ့ သူဋ္ဌေးမတစ်ဦးလို ဟန်ဆောင်ကာ လိုင်းပေါ်တွင် ရည်းစားပြီး ပိုက်ဆံတွေလိမ်ခဲ့တဲ့ကောင်မလေး အဖမ်းခံရ

ချောမောလှပပြီး ပတ်ဆံရှိတဲ့ သူဋ္ဌေးမတစ်ဦးလို ဟန်ဆောင်ကာ လိုင်းပေါ်တွင် ရည်းစားပြီး ပိုက်ဆံတွေလိမ်ခဲ့တဲ့ကောင်မလေး အဖမ်းခံရ

အချို့လူများဟာ ယုံကြည်မှုတစ်ခုကို လွယ်လွယ်အသုံးချကာ ငွေကြေးများကိုလိမ်လည်ပြီး ဘဝကို အလွယ်တကူဖြတ်သန်းလိုကြပါတယ်။ယခုတွင်လည်းဗီယက်နမ်နိုင်ငံ Bac Giangတွင်နေထိုင်သော La Thi Ngocဆိုသည့် အသက်၂၇နှစ်အရွယ်ကောင်မလေးဟာ ငွေကြေးလိမ်လည်ခဲ့သည့်အတွက် ဟိုချီမင်းမြို့တွင် ဖမ်းဆီးခံခဲ့ရပါတယ်။

ကောင်မလေးဟာ လိုင်းပေါ်တွင် နာမည်ကြီးအမှတ်တံဆိပ်အသုံးအဆောင်ပုံများကို လိုင်းပေါ်တင်လေ့ရှိပြီး သာမန်လူမသွားနိုင်သော ခရီးသွားဓာတ်ပုံလေးများဖြင့် ဆွဲဆောင်နေခဲ့တာဖြစ်ပါတယ်။ကောင်မလေးဟာ ဓာတ်ပုံတွေကို လှပအောင် ပြင်ထားခဲ့ပြီး ကောင်လေးတွေကို ချဉ်းကပ်ဆွဲဆောင်တာဖြစ်ပါတယ်။

ထို့နောက်တွင် ငွေကြေးခဏအဆင်မပြေသည့်ပုံစံဖြင့် လိုင်းပေါ်မှ ကောင်လေးတွေထံ ဒေါ်လာ၂၆၀၀၀၀ကျော်ကို လိမ်ယူခဲ့တာလည်းဖြစ်ပါတယ်။ ဒါကြောင့် အဖမ်းခံခဲ့ရပြီးနောက် သူမရဲ့ဘအကြောင်းစုံကို သိရှိလိုက်ရပါတော့တယ်။

Credit – Shoon (Cele Daily)