AMAZING

လမ်းဘေးခလေးငယ်တွေကိုအချိန်ပေးပီးနေ့စဉ်စာသင်ပေးနေတဲ့ချောမောလှပတဲ့ကျောင်းသူလေးရဲ့လေးစားဖွယ်လုပ်ရပ်

ဖိလစ်ပိုင်social mediaတွေရဲ့စာမျက်နှာထက်မှာ လူအများရဲ့ချီးကျူးဂုဏ်ပြုခြင်းကိုခံနေရတဲ့Dara Maeဆိုတဲ့ကျောင်းသူလေးရဲ့လေးစားဖွယ်လုပ်ရပ်ဟာနာမည်ကြီးလျက်ရှိပြီး နိုင်ငံတော်ကလူသားချင်းစာနာကူညီတဲ့အနေနဲ့ပေးအပ်တဲ့’Humanitarian Award’ဆိုတဲ့ဆုတံဆိပ်ကိုပါထိုက်ထိုက်တန်တန်ချီးမြင့်ခြင်းခံခဲ့ရပါတယ်။ Daraဟာမနီလာမြို့ကတက္ကသိုလ်ကျောင်းတခုမှာကျောင်းတက်ခဲ့ရင်း၊ကျောင်းအနီးနားကပတ်ဝန်းကျင်မှာပဲအားလပ်ချိန်တိုင်း၊လမ်းဘေးအိမ်ခြေမဲ့နေတဲ့ချို့တဲ့ခလေးငယ်လေးတွေကိုပညာသင်ပေးခဲ့ပါတယ်။

သူမဟာ ခလေးတွေကိုအရေး၊အဖက်၊အတွက်စတဲ့သင်ခန်းစာတွေကိုစိတ်ရှည်ရှည်နဲ့သင်ကြားပေးခဲ့ပါတယ်။လိုအပ်တဲ့စာရေးကရိယာတွေကိုလဲသူမရဲ့ကိုယ်ပိုင်ပိုက်ဆံနဲ့ဝယ်ခဲ့ပီး၊ကျောင်းသားသုံးယောက်ကနေယခုအခါမှာ​တော့သူမရဲ့စိတ်ထားလှပီး၊ခလေးတွေကိုစေတနာအပြည့်နဲ့သင်ပေးတဲ့သတင်းလေးကြောင့်အနီးပတ်ဝန်းကျင်ခလေးများအပါအဝင်၊လမ်းဘေးအိမ်ခြေမဲ့ခလေးငယ်ပေါင်းများစွာကိုစာသင်နေခဲ့ရပါပီ။

သူမရဲ့ကျောင်းသားလေးတွေကသူမနဲ့စာသင်ရတာကိုပျော်ကြပီး၊သူမကိုဆရာမနတ်သမီးလေးဆိုပီးချစ်စနိုးနဲ့ခေါ်ခဲ့ကြပါတယ်။သူမရဲ့သတင်းလေးဟာနိုင်ငံကျော်လာခဲ့ပီးနောက်၊(TOP)ဆိုတဲ့One Phillipinesဆိုတဲ့Humanitarianအဖွဲ့စည်းက၊သူမကိုဂုဏ်ပြုဆုချီးမြင့်ခဲ့တဲ့အပြင်ခလေးတွေကိုလိုအပ်တဲ့ထောက်ပံကြေးအနေနဲ့(Php1.5million)ပေးအပ်ခြင်းကိုလဲခံခဲ့ပါရတယ်။ရုပ်ရည်လေးနဲ့လိုက်ဖက်တဲ့စိတ်ကောင်းစေတနာကောင်းကိုnetizenများကလဲချီးကျူးလေးစားခဲ့ကြပါတယ်။

Credit – Bam Bam (Cele Angle)



