AMAZING

ကမ္ဘာပေါ်ရှိ အလှဆုံးကြက်အဖြစ် စာရင်းဝင်ပြီး နာမည်ကြီးနေတဲ့ ကြက်ကလေး

Sebright လို့ခေါ်တဲ့ ကြက်မျိုးနွယ်တွေဟာ အဖြူရောင် အမွှေးအတောင်၊ အရောင်စုံလင်တဲ့ အရည်အသွေးတွေကြောင့် နာမည်ကြီးတဲ့ ကြက်မျိူးစိတ်လဲဖြစ်ပါတယ်။ ဒီကြက်လေးတွေကို ဖန်တီးထားတဲ့ ပညာရှင်ကတော့ Sir John Saunders Sebright ပဲဖြစ်ပါတယ်။ ဒီကြက်ဟာ အရွယ်သေးသေးလေးကနေ ဖွံ့ဖြိုးမလာပဲ သေးသေးလေးနဲ့ပဲ ချစ်စရာ ကောင်းနေပါတယ်။

ပြီးတော့ ဗြိတိသျှနိုင်ငံရဲ့ ရှေးကျတဲ့ ကြက်မျိူးနွယ်နဲ့တောင် ဆင်တူနေပါသေးတယ်။ သူတို့ဟာ အရွယ်အစား သေးငယ်တာကြောင့် စားလို့တော့ အဆင်မပြေပေမယ့် တခြား ကြက်တွေလိုမျိုး ဥတွေကိုတော့ ချပေးနိုင်ပါတယ်။ သေးသေးကွေးကွေးလေးနဲ့ အသည်းယားစရာလေးတွေကို ချစ်တတ်တဲ့သူတွေအတွက်တော့ အရမ်းကို အကြိုက်တွေ့စေမှာပါ။ တိရစ္ဆာန်တွေ မွေးမြူရာမှာ အရမ်းကျွမ်းကျင်တဲ့ Sir Saunders Sebright က အလွန်ထူးခြားပြီး ကြည့်ကောင်းတဲ့ ပိုလန်ကြက်မျိုးနဲ့ ဆင်တူဖြစ်တဲ့ အမွှေးအတောင်တွေပါပြီး အလွန်သေးငယ်တဲ့ ကြက်မျိူးစိတ်ကို ဖန်တီးဖို့ အကြံရခဲ့ပါတယ်။

သူ ဘယ်လိုလုပ်ရမလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မသိသေးပေမယ့် ပညာရှင်မိတ်ဆွေတွေက သူ့ကိုအကြံတွေ ပေးခဲ့ပါတယ်။ ဘယ်လိုပေးခဲ့လဲ ဆိုတော့ နန်ကျင်းကြက်သမင် ကြက်မတစ်ကောင်၊ ရွှေဟမ်းဘာဂ့်လိုမျိုး ကြက်မတစ်ကောင်နှင့် Pit Game ကြက်တစ်ကောင်တို့ကို ရောမွေးဖို့ အကြံပေးခဲ့တာပါ။ယူကေမှာတော့ Sebright မျိုးစိတ်နှစ်ခုကိုသာ တရားဝင် အသိအမှတ် ပြုပါတယ်။

ရွှေရောင်၊ ငွေရောင်နဲ့ နှစ်ခုလုံးကို အမဲရောင် အနားကွပ်ထားတဲ့ အမျိုးတွေကိုပါပဲ။ အခု ဖန်တီးထားတဲ့ ကြက်ကတော့ မျက်စိထဲမှာ အရှင်းဆုံး အလင်းဆုံးမြင်နိုင်တဲ့ ငွေရောင်ကြက်ပါပဲ။ ဒါတွေဟာ သက်ရှိတစ်ကောင်အပေါ် ပန်းချီရေးဆွဲ ထားသလိုပါပဲ။ Sebrights ဟာ ယူကေမှာ နာမည်အကြီးဆုံး၊ အလှဆုံး အိမ်မွေးအလှကြည့် ကြက်ဖြစ်ပေမယ့်လည်း တခြားကြက်တွေနဲ့ နှိုင်းယှဉ်ရင် မွေးမြူဖို့အတွက် အလွန် ခက်ခဲပါတယ်။ ပညာရှင်တွေကတော့ မျိူးစိတ်ကို မြင့်သထက်မြင့်အောင် လုပ်ဖို့အတွက် သိပ္ပံနည်းကျလေ့လာနေကြပါပြီ။

Zawgyi

Sebright လို႔ေခၚတဲ့ ၾကက္မ်ိဳးႏြယ္ေတြဟာ အျဖဴေရာင္ အေမႊးအေတာင္၊ အေရာင္စုံလင္တဲ့ အရည္အေသြးေတြေၾကာင့္ နာမည္ႀကီးတဲ့ ၾကက္မ်ိဴးစိတ္လဲျဖစ္ပါတယ္။ ဒီၾကက္ေလးေတြကို ဖန္တီးထားတဲ့ ပညာရွင္ကေတာ့ Sir John Saunders Sebright ပဲျဖစ္ပါတယ္။ ဒီၾကက္ဟာ အ႐ြယ္ေသးေသးေလးကေန ဖြံ႕ၿဖိဳးမလာပဲ ေသးေသးေလးနဲ႕ပဲ ခ်စ္စရာ ေကာင္းေနပါတယ္။

ၿပီးေတာ့ ၿဗိတိသွ်နိုင္ငံရဲ႕ ေရွးက်တဲ့ ၾကက္မ်ိဴးႏြယ္နဲ႕ေတာင္ ဆင္တူေနပါေသးတယ္။ သူတို႔ဟာ အ႐ြယ္အစား ေသးငယ္တာေၾကာင့္ စားလို႔ေတာ့ အဆင္မေျပေပမယ့္ တျခား ၾကက္ေတြလိုမ်ိဳး ဥေတြကိုေတာ့ ခ်ေပးနိုင္ပါတယ္။ ေသးေသးေကြးေကြးေလးနဲ႕ အသည္းယားစရာေလးေတြကို ခ်စ္တတ္တဲ့သူေတြအတြက္ေတာ့ အရမ္းကို အႀကိဳက္ေတြ႕ေစမွာပါ။ တိရစာၦန္ေတြ ေမြးျမဴရာမွာ အရမ္းကြၽမ္းက်င္တဲ့ Sir Saunders Sebright က အလြန္ထူးျခားၿပီး ၾကည့္ေကာင္းတဲ့ ပိုလန္ၾကက္မ်ိဳးနဲ႕ ဆင္တူျဖစ္တဲ့ အေမႊးအေတာင္ေတြပါၿပီး အလြန္ေသးငယ္တဲ့ ၾကက္မ်ိဴးစိတ္ကို ဖန္တီးဖို႔ အႀကံရခဲ့ပါတယ္။

သူ ဘယ္လိုလုပ္ရမလဲ ဆိုတာကို ရွင္းရွင္းလင္းလင္း မသိေသးေပမယ့္ ပညာရွင္မိတ္ေဆြေတြက သူ႕ကိုအႀကံေတြ ေပးခဲ့ပါတယ္။ ဘယ္လိုေပးခဲ့လဲ ဆိုေတာ့ နန္က်င္းၾကက္သမင္ ၾကက္မတစ္ေကာင္၊ ေ႐ႊဟမ္းဘာဂ့္လိုမ်ိဳး ၾကက္မတစ္ေကာင္ႏွင့္ Pit Game ၾကက္တစ္ေကာင္တို႔ကို ေရာေမြးဖို႔ အႀကံေပးခဲ့တာပါ။ယူေကမွာေတာ့ Sebright မ်ိဳးစိတ္ႏွစ္ခုကိုသာ တရားဝင္ အသိအမွတ္ ျပဳပါတယ္။

ေ႐ႊေရာင္၊ ေငြေရာင္နဲ႕ ႏွစ္ခုလုံးကို အမဲေရာင္ အနားကြပ္ထားတဲ့ အမ်ိဳးေတြကိုပါပဲ။ အခု ဖန္တီးထားတဲ့ ၾကက္ကေတာ့ မ်က္စိထဲမွာ အရွင္းဆုံး အလင္းဆုံးျမင္နိုင္တဲ့ ေငြေရာင္ၾကက္ပါပဲ။ ဒါေတြဟာ သက္ရွိတစ္ေကာင္အေပၚ ပန္းခ်ီေရးဆြဲ ထားသလိုပါပဲ။ Sebrights ဟာ ယူေကမွာ နာမည္အႀကီးဆုံး၊ အလွဆုံး အိမ္ေမြးအလွၾကည့္ ၾကက္ျဖစ္ေပမယ့္လည္း တျခားၾကက္ေတြနဲ႕ ႏွိုင္းယွဥ္ရင္ ေမြးျမဴဖို႔အတြက္ အလြန္ ခက္ခဲပါတယ္။ ပညာရွင္ေတြကေတာ့ မ်ိဴးစိတ္ကို ျမင့္သထက္ျမင့္ေအာင္ လုပ္ဖို႔အတြက္ သိပၸံနည္းက်ေလ့လာေနၾကပါၿပီ။

Credit – Zombie (Lovemedia)