Love & Relationship

မြေကွက်ဝယ်ယူမည်ဆိုပါက ပရိုမိုးရှင်းချပေးသည့် အနေဖြင့် သမီးချောလေးကိုပါ လက်ထပ်ယူလို့ရကြောင်း ဆိုင်းဘုတ်နှင့်အတူ ကြော်ငြာခဲ့သောမိခင်

ဗီယက်နမ်နိုင်ငံမှ မိခင်တစ်ဦးဟာ စားဝတ်နေရေး အဆင်မပြေတော့တာကြောင့် မြေကွက်ရောင်းရန်ရှိကြောင်း အသိပေးကြော်ငြာစာများကို ရပ်ကွက်ထဲတွင် လိုက်ကပ်ထားသော်လည်း အချိန်တော်ကြာသည်ထိ မည်သူမျှ စိတ်ဝင်စားခြင်းမရှိ လာရောက်မေးမြန်းခြင်းလည်းမရှိနှင့် အခက်တွေ့နေရတာဖြစ်ပါတယ်။

ထိုစဥ် မိခင်ဖြစ်သူက အကြံတစ်ခုရခဲ့ပြီး တစ်ချက်ခုတ် နှစ်ချက်ပြတ်အနေနှင့် အသက် ၃၀အရွယ် ရှိပြီဖြစ်သော်လည်း ရည်းစားလေးတစ်ယောက်ပင် အတည်တကျမရှိသော သမီးချောလေးကို ယောကျာ်းတစ်ခါတည်း ပေးစားချင်ခဲ့ပါတယ်။

ထို့ကြောင့် မိခင်ဖြစ်သူက မြေကွက်ရောင်းရန် အသိပေးစာကို သမီးချောလေး၏ ဓာတ်ပုံပိုစတာပြုလုပ်ခဲ့ပြီး လိပ်စာ ဖုန်းနံပါတ်နှင့်တကွ မြေကွက်ဝယ်သူအနေနှင့် သမီးလေးကိုပါ တစ်ခါတည်းလက်ထပ်ယူနိုင်သည်ဟု ရွာထိပ်တည့်တည့်ကနေ ဆိုင်းဘုတ်ကြီး စိုက်ထူခဲ့ပါတယ်။ မိခင်ဖြစ်သူဟာ သမီးလေးကိုပါ တစ်ခါတည်း ပေးစားရခြင်းမှာ မြေကွက်ဝယ်ယူသူအနေနှင့် အဆင်ပြေပြေ ချမ်းသာသည့်သူသာဖြစ်နိုင်၍ သမီးလေးကို သူဌေးသားနှင့်ညားစေရန် ရည်ရွယ်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။

Zawgyi

ဗီယက္နမ္နိုင္ငံမွ မိခင္တစ္ဦးဟာ စားဝတ္ေနေရး အဆင္မေျပေတာ့တာေၾကာင့္ ေျမကြက္ေရာင္းရန္ရွိေၾကာင္း အသိေပးေၾကာ္ျငာစာမ်ားကို ရပ္ကြက္ထဲတြင္ လိုက္ကပ္ထားေသာ္လည္း အခ်ိန္ေတာ္ၾကာသည္ထိ မည္သူမွ် စိတ္ဝင္စားျခင္းမရွိ လာေရာက္ေမးျမန္းျခင္းလည္းမရွိႏွင့္ အခက္ေတြ႕ေနရတာျဖစ္ပါတယ္။

ထိုစဥ္ မိခင္ျဖစ္သူက အႀကံတစ္ခုရခဲ့ၿပီး တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္အေနႏွင့္ အသက္ ၃၀အ႐ြယ္ ရွိၿပီျဖစ္ေသာ္လည္း ရည္းစားေလးတစ္ေယာက္ပင္ အတည္တက်မရွိေသာ သမီးေခ်ာေလးကို ေယာက်ာ္းတစ္ခါတည္း ေပးစားခ်င္ခဲ့ပါတယ္။

ထို႔ေၾကာင့္ မိခင္ျဖစ္သူက ေျမကြက္ေရာင္းရန္ အသိေပးစာကို သမီးေခ်ာေလး၏ ဓာတ္ပုံပိုစတာျပဳလုပ္ခဲ့ၿပီး လိပ္စာ ဖုန္းနံပါတ္ႏွင့္တကြ ေျမကြက္ဝယ္သူအေနႏွင့္ သမီးေလးကိုပါ တစ္ခါတည္းလက္ထပ္ယူနိုင္သည္ဟု ႐ြာထိပ္တည့္တည့္ကေန ဆိုင္းဘုတ္ႀကီး စိုက္ထူခဲ့ပါတယ္။ မိခင္ျဖစ္သူဟာ သမီးေလးကိုပါ တစ္ခါတည္း ေပးစားရျခင္းမွာ ေျမကြက္ဝယ္ယူသူအေနႏွင့္ အဆင္ေျပေျပ ခ်မ္းသာသည့္သူသာျဖစ္နိုင္၍ သမီးေလးကို သူေဌးသားႏွင့္ညားေစရန္ ရည္႐ြယ္ခဲ့ျခင္းျဖစ္တယ္လို႔ဆိုပါတယ္။

Credit – Hlaing (Love Feeling)