Daily News

ဆရာမအလုပ်မှ CDM​ သမီးဖြစ်သူကလည်း ကျောင်းမတက်ဘဲ လမ်းဘေးမှာအတူစျေးထိုင်ရောင်း နေတဲ့သားအမိ

လေးလကျော် ကြာမြင့်သွားပြီဖြစ်တဲ့ ဒီအခြေအနေကြီးကို တချို့အစိုးရ ဝန်ထမ်းတွေကလည်း တောင့်ခံပြီး အလုပ်ဆက်မလုပ် ကြတော့တာ ဖြစ်ပါတယ်။ ပြည်သူတွေကတော့ အလုပ် ရပ်နားထားကြတဲ့  ဝန်ထမ်းတွေကို တတ်နိုင်သလောက် ကူညီ ပံ့ပိုးပေးနေကြတာ ဖြစ်ပါတယ်။ ပြည်သူ အချင်းချင်းက ကြုံတွေ့လာရတဲ့ အခက်အခဲတွေကို မျှဝေ ခံစားကြပြီး ရှိတာလေးတွေနဲ့သာ  ရောင့်ရဲနေကြတာ ဖြစ်ပါတယ်။

အသက် ပေးသွားရတဲ့ထဲမှာ ကျောင်းသားလူငယ် ၊ကလေးငယ်တွေ ပါဝင်နေတာကြောင့် သူတို့ကို ကိုယ်ချင်းစာပြီး တချို့ဆရာမတွေနဲ့ ကျောင်းသားတွေက စာသင်ခန်းထဲ မဝင်ကြသေးတာ ဖြစ်ပါတယ်။ အခုဆိုရင်လည်း ဆရာမတစ်ယောက်က လူထုလှုပ်ရှားမှု တွေမှာလည်း အားတက်သရော ပါဝင်သလို အလုပ်လည်း ရပ်နားထားတာ ဖြစ်ပါတယ်။ ဆရာမတို့က သာမာန်မိသားစုလေး ဖြစ်ပေမယ့်အခုချိန်မှာတော့ ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစား ရပ်တည်နေကြတာ ဖြစ်ပါတယ်။

ဆရာမရဲ့ သမီးကြီးဖြစ်သူကလည်း မိခင်ရဲ့သွေး အပြည့်ပါတာကြောင့်  ကျောင်းမတက်တော့ဘဲ စာသင်ခန်းကို ကျောခိုင်းလိုက်တာ ဖြစ်ပါတယ်။ သူမကတော့ဆယ်တန်းအရမ်း အောင်ချင်ပေမယ့်လည်း အခုလို အချိန်မှာ တာဝန်ယူချင်စိတ် အပြည့်ရှိလို့ လေးစားဖို့ ကောင်းလှပါတယ်။ ဆရာမရဲ့ သမီးကြီးလေးကတော့ မိခင်ကိုယ်တိုင် ပြုလုပ်ထားတဲ့ ကလစ်၊ ခေါင်းစည်းကွင်း၊ဖဲပြား လေးတွေကို လမ်းဘေးမှာ ချရောင်းနေတာဖြစ်ပါတယ်။

သမီးလေးစျေးရောင်းနေတဲ့ မြင်ကွင်းကြောင့် မိခင်အနေနဲ့ ရင်နင့် ရပေမယ့်လည်း ဂုဏ်ယူနေရှာတာ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်လေးဖြစ်ပေမယ့် စိတ်ဓာတ်ကြံ့ခိုင်ပြီး ပြည်သူတွေကိုတစ်ဖက်တစ်လမ်းကနေကူညီပေးဖို့ ကျောင်းမတက်တော့ဘဲ စျေးရောင်းနေတဲ့မိန်းကလေးရဲ့ ပုံရိပ်တချို့ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။c r d