Local News

ဦးဇင်ဝိုင်း ပြောတဲ့ အင်းစိန်ထောင်အတွင်း မှ အနုပညာ ရှင်များရဲ့ နောက်ဆုံးရ အခြေအနေ

မင်္ဂလာပါ ပရိတ်သတ် ကြီး တို့ ရေ ပြည်သူ့သရုပ်ဆောင်ကြီး ဦးဇင်ဝိုင်းဟာ ပြန်လည် လွတ်မြောက်ပြီးနောက် လူမင်း၊ ပြေတီဦး ၊ပိုင်တံခွန် နှင့် အိန္ဒြာကျော်ဇင် မေတိုးခိုင် ပိုပို တို့၏အမှု့သတင်းအခြေအနေကို ပြည်သူတွေအတွက် ပြန်လည်ဝေမျှလာပါတယ်။

ဦးဇင်ဝိုင်းရဲ့ ဖေ့ဘွတ်စ်အကောင့်ဖြစ်တဲ့ Htay Lwin အကောင့်မှာလည်းကျနော် အိမ်ပြန်ရောက် ပါပြီလို့ရေးသား ထားတာတွေ့ ရပါတယ်။ သားဖြစ်သူ မင်းမော်ကွန်းရဲ့ အကောင့်မှာလည်း ယနေ့ ဇွန်လ ၇ ရက် မနက်ပိုင်းမှာအင်းစိန်ထောင်မှ ဖခင်ဖြစ်သူ ဦးဇင်ဝိုင်း ပြန်လည် လွတ်မြောက် လာကြောင်း ဝမ်းသာအားရနဲ့ပြောပြလာပါတယ်။

ထိုနောက် ဦးဇင်ဝိုင်းနဲ့ အတူ ဖမ်းစီး ခံထား ရသည့် သရုပ်ဆောင် ပြေတီဦး ဟာ အင်းစိန်သီးသန့် ထောင် အဆောင် ၂ အခန်း ၆ မှာ ရောက်ရှိနေပြီး သုံးရက်လောက် ရှိပြီ ဖြစ်တယ် လို့ ဆိုပါတယ်။သရုပ်ဆောင် ရဲတိုက်တို့ ပိုင်တံခွန် တို့နဲ့ အတူတူထားရှိထားတာလို့ သိရပါတယ်။

သရုပ်ဆောင် လူမင်းကို တော့ အင်းစိန် ထောင်မကြီးရဲ့ အဆောင် ၂ မှာထားထားတယ်လို့ ဆိုပါတယ်။သရုပ်ဆောင် အိန္ဒြာကျော်ဇင် မေတိုးခိုင် အဆိုတော် ပိုပို beau ty blogger ၀င်းမင်းသန်း တို့ ကိုတော့အမျိုးသမီး စာသင် ဆောင် မှာထား ရှိထားတယ်လို့ ထောင်တာဝန်ရှိသူတွေ ဆီကနေ သိရှိရပါတယ်။

သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ မေတိုးခိုင်တို့ ၃ ဦးအား ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆို ဖမ်းဆီးထားသော အမှုအား သက်ဆိုင်ရာ ရဲစခန်းမှ တရားရုံး သို့ ယနေ့တွင် အ မှု စွဲ တင်ခဲ့ကြောင်း သိရှိရသည်။

ခ ရက် ဒစ်