LIFESTYLE
အသက် ၁၆နှစ်သာရှိသေးပေမယ့် ပလက်စတစ် ဆာဂျရီအကြိမ်ရေပေါင်း(100)ခန့် ခွဲစိတ်ပြုပြင်ထားပြီး စိတ်တိုင်းမကျသေးသည့် ကောင်မလေး
အသက် ၁၆နှစ်သာရှိသေးပေမယ့် ပလက်စတစ် ဆာဂျရီအကြိမ်ရေပေါင်း(100)ခန့် ခွဲစိတ်ပြုပြင်ထားပြီး စိတ်တိုင်းမကျသေးသည့် ကောင်မလေး
ခေတ်မီတိုးတက်တဲ့၊အာရှနိုင်ငံတော်တော်များများကအမျိုးသမီးငယ်အများစုဟာ၊မျက်နှာခွဲစိတ်ပြုပြင်တာက၊ခေတ်မီတဲ့လုပ်ရပ်တခုလိုဖြစ်နေပါပီ။သို့ဖြစ်ပါ၍ယခုတခေါက်မှာတော့၊တရုတ်နိုင်ငံကplastic sugery ပြုလုပ်တဲ့ထဲမှာ၊အသက်အငယ်ဆုံးဖြစ်တဲ့Zhou Chunaဆိုတဲ့ကောင်မလေးဟာ၊ယခုချိန်ထိကိုplastic sugeryပေါင်းအကြိမ်(100)ခန့်ပြုလုပ်ပီးဖြစ်ပါတယ်။
သူမဟာယခုအခါမှာတော့၊influencerတစ်ယောက်ဖြစ်ပီးတရုတ်လူမှုကွန်ယက်တခုဖြစ်တဲ့ Weiboမှာfollowerပေါင်း(300,000)ခန့်ပိုင်ဆိုင်ထားသူပါ။သူမဟာယခုအခါမှာတော့၊အသက်(16)နှစ်ရှိပီဖြစ်ပေမဲ့၊သူမအသက်(13)နှစ်အရွယ်ကစပီး၊plastic surgeryစလုပ်ခဲ့တာပါ။သူမရဲ့ရုပ်ရည်ကိုအရုပ်မလေးတစ်ယောက်လို၊လှပတဲ့သူတစ်ယောက်ဖြစ်ချင်တာကစပီး၊ပြုပြင်ပြောင်းလဲခဲ့တာလို့ဆိုပါတယ်။
သူမဟာသူမရဲ့followerတွေကို၊ယခင်ကသူမဟာအလွန်ရုပ်ဆိုးခဲ့သူဖြစ်ကြောင်း၊မျက်ရစ်မပါ၊နှာခေါင်းကြီးပီး၊မျက်စိအလွန်သေးကြောင်း၊ထို့အပြင်သူမရဲ့ရုပ်ရည်ကြောင့်အတန်းထဲတွင်အမြဲလှောင်ပြောင်ခံရကြောင်း၊ရုပ်ဆိုးသူတွေကအမြဲကျောင်းခန်းသန့်ရှင်းရေးလုပ်ရပီး၊ရုပ်ချောသူတွေကအေးဆေးနေပီး၊မလုပ်ရကြောင်းရင်ဖွင့်ခဲ့ပါတယ်။
ထို့ကြောင့်သူမဟာမိဘများကိုခွင့်တောင်းပီး၊အသက်(13)နှစ်အရွယ်ကစပီး၊မျက်ရစ်ခွဲစိတ်မှုကိုပထမဆုံးပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ယခုအခါမှာတေ့ာသူမရဲ့မိဘပိုက်ဆံတွေနဲ့ပဲ၊plastic surgeryအကြိမ်ပေါင်း(100)ခန့်၊ခွဲစိတ်ပြုပြင်ပီးပီဖြစ်ကြောင်းဆိုပါတယ်။
ယခုချိန်ထိသူမရဲ့ခွဲစိတ်ခဟာ၊ယွမ်(4 million)($620,000)ခန့်ကုန်ကျပီဖြစ်ပီး၊သူမရဲ့မိဘများဟာ၊အောင်မြင်တဲ့companyတခုပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်၊သူမရဲ့မိဘများကပဲအကုန်ကျခံပေးခဲ့တာလို့ဆိုပါတယ်။သူမရဲ့followerတွေကတော့၊သူမရဲ့ခွဲစိတ်ထားတဲ့မျက်နှာဟာ၊သူမအသက်ထက်ပိုကြီးပုံပေါက်တယ်လို့ပြောကြပါတယ်။
သို့ပေမဲ့Zhou Chunaဟာ၊ခွဲစိတ်မှုတွေထပ်လုပ်သွားဖို့ရှိတယ်လို့ပြန်ပြောခဲ့ပါတယ်။Zhou Chuna က”ကျွန်မထမင်းမစားရေမသောက်ပဲနေနိုင်တယ်၊plastic surgeryကိုတော့မလုပ်ပဲမနေနိုင်ဘူး၊မိုးလင်းတာနဲ့ကိုကျွန်မမျက်နှာကိုပဲလှသထက်လှပအောင်အမြဲပြင်ဆင်ချင်နေတာပါ”လို့ဆိုပါတယ်။
Credit – Bam Bam (Gabar News)
Zawgyi