KNOWLEDGE

မိန်းမ​များစွာ နှင့် ကလေးပေါင်းရာနဲ့ချီပြီး ယဇ်နတ်ပူဇော်ထားတဲ့နေရာတစ်ခု မက္ကဆီကိုမြို့တော်မှာတွေ့ရှိ

မိန်းမ ​များစွာ နှင့် ကလေးပေါင်းရာနဲ့ချီပြီး ယဇ်နတ်ပူဇော်ထားတဲ့နေရာတစ်ခု မက္ကဆီကိုမြို့တော်မှာတွေ့ရှိ

ကလေးတွေ၊ မိန်းမတွေနဲ့၊ စစ်သားပေါင်းရာနဲ့ချီကို ယဇ်နတ်အဖြစ် ပူဇော်ထားတဲ့နေရာတစ်ခု မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုမြို့တော်ရဲ့ အောက်ခြေနေရာတစ်ခုမှာ တွေ့ခဲ့ရကြောင်း သိရပါတယ်။ အဆိုပါနေရာမှာ ယဇ်ပူဇော်ထားတဲ့ အလောင်းပေါင်း (၁၁၉)ခုအထိ ရှိနေပြီး၊ ဆက်တူးရင် ဆက်တွေ့ဖို့ရှိနေပါတယ်။

တွေ့ရှိတဲ့နေရာဟာ အက်ဇတက်လူမျိုးတွေ ယခင်က ကြီးစိုးခဲ့တဲ့နေရာဖြစ်ပြီး၊ ၎င်းတို့ခေတ်က တစ်ခုခု အကြောင်းပေါ်တိုင်း နတ်ဘုရားတွေ စိတ်မဆိုးအောင်ဟုဆိုကာ ကလေးတွေ၊ မိန်းမတွေ၊ စစ်သားတွေကို ယဇ်ပူဇော်ပြီး နတ်ဘုရားတွေကို ပသလေ့ရှိပါတယ်။ တစ်ခါတလေ တစ်ကြိမ်တည်းမှာကို လူပေါင်းရာနဲ့ချီ စတေးပြီး ပူဇော်တာမျိုးရှိပါတယ်။

အများအားဖြင့်တော့ နေနတ်ဘုရားကို ပူဇော်ကြတာဖြစ်ပြီး၊ အခု ရှာဖွေတွေ့ရှိမှုက Huei Tzompantli နယ်မြေရဲ့တစ်စိတ်တစ်ဒေသဖြစ်ပုံရပါတယ်။ ဘူမိဗေဒပညာရှင် Barrera Rodriguez က ပြောပါတယ်။ လောလောဆယ်တော့ ဘယ်သူက စစ်သား၊ ဘယ်သူက မိန်းမဆိုတာ ခွဲခြားရခက်နေဆဲဖြစ်ပြီး၊ ကလေးအရိုးတွေကတော့ မှန်းဆကြည့်ရတာ လွယ်ကူတယ်လို့ သူက ပြောပါတယ်။

အခုရှာဖွေတွေ့ရှိမှုတွေကို National Institute of Anthropology and History (INAH) က စွမ်းဆောင်နိုင်ခဲ့တာပါ။ (၁၅)ရာစုခေတ်က အက်ဇတက်တွေ ခေတ်ကောင်းခဲ့ပြီး၊ နယ်မြေတစ်ခုချင်းစီမှာ အုပ်ချုပ်သူတွေ၊ ပြည်သူတွေနဲ့ သူတစ်လူငါတစ်မင်း အချင်းချင်း ဗိုလ်ကျခဲ့ကြပါတယ်။ အကြောက်တရား ကြီးစိုးတဲ့ခေတ်ဖြစ်တာနဲ့အညီ စွဲမိစွဲရာ ကိုးကွယ်ရင်း ပြည်သူတွေမှာ ငထွားခါးနာ ဖြစ်ကြရပါတယ်။

အခုတွေ့ရှိမှုဟာ ယခင်က မျှော်စင်ပုံစံမျိုးဆောက်လုပ်ထားတဲ့ ယဇ်နတ်ပူဇော်ရာနေရာတစ်ခုဖြစ်ပြီး၊ နံရံတွေကိုတော့ ယဇ်ပူဇော်ခံရသူတွေရဲ့ အရိုးတွေနဲ့ အဆင့်ဆင့်တည်ဆောက်ခဲ့ဟန် ရှိပါတယ်။ အမြင့်အားဖြင့် (၁၆)ပေဝန်းကျင်ခန့် ရှိပါတယ်။ အဆိုပါနေရာကို တွေ့ရှိပုံကလည်း အဆောက်အဦကြီးတစ်ခုကို ပြန်လည်မွမ်းမံစဉ်၊ မြေတူးရာကနေ တွေ့ရှိခဲ့ကြတာပါ။

Credit – လင်းဇော်ကို

Zawgyi

မိန္းမ​မ်ားစြာ ႏွင့္ ကေလးေပါင္းရာနဲ႕ခ်ီၿပီး ယဇ္နတ္ပူေဇာ္ထားတဲ့ေနရာတစ္ခု မကၠဆီကိုၿမိဳ႕ေတာ္မွာေတြ႕ရွိ

ကေလးေတြ၊ မိန္းမေတြနဲ႕၊ စစ္သားေပါင္းရာနဲ႕ခ်ီကို ယဇ္နတ္အျဖစ္ ပူေဇာ္ထားတဲ့ေနရာတစ္ခု မကၠဆီကိုနိုင္ငံ၊ မကၠဆီကိုၿမိဳ႕ေတာ္ရဲ႕ ေအာက္ေျခေနရာတစ္ခုမွာ ေတြ႕ခဲ့ရေၾကာင္း သိရပါတယ္။ အဆိုပါေနရာမွာ ယဇ္ပူေဇာ္ထားတဲ့ အေလာင္းေပါင္း (၁၁၉)ခုအထိ ရွိေနၿပီး၊ ဆက္တူးရင္ ဆက္ေတြ႕ဖို႔ရွိေနပါတယ္။

ေတြ႕ရွိတဲ့ေနရာဟာ အက္ဇတက္လူမ်ိဳးေတြ ယခင္က ႀကီးစိုးခဲ့တဲ့ေနရာျဖစ္ၿပီး၊ ၎တို႔ေခတ္က တစ္ခုခု အေၾကာင္းေပၚတိုင္း နတ္ဘုရားေတြ စိတ္မဆိုးေအာင္ဟုဆိုကာ ကေလးေတြ၊ မိန္းမေတြ၊ စစ္သားေတြကို ယဇ္ပူေဇာ္ၿပီး နတ္ဘုရားေတြကို ပသေလ့ရွိပါတယ္။ တစ္ခါတေလ တစ္ႀကိမ္တည္းမွာကို လူေပါင္းရာနဲ႕ခ်ီ စေတးၿပီး ပူေဇာ္တာမ်ိဳးရွိပါတယ္။

အမ်ားအားျဖင့္ေတာ့ ေနနတ္ဘုရားကို ပူေဇာ္ၾကတာျဖစ္ၿပီး၊ အခု ရွာေဖြေတြ႕ရွိမႈက Huei Tzompantli နယ္ေျမရဲ႕တစ္စိတ္တစ္ေဒသျဖစ္ပုံရပါတယ္။ ဘူမိေဗဒပညာရွင္ Barrera Rodriguez က ေျပာပါတယ္။ ေလာေလာဆယ္ေတာ့ ဘယ္သူက စစ္သား၊ ဘယ္သူက မိန္းမဆိုတာ ခြဲျခားရခက္ေနဆဲျဖစ္ၿပီး၊ ကေလးအရိုးေတြကေတာ့ မွန္းဆၾကည့္ရတာ လြယ္ကူတယ္လို႔ သူက ေျပာပါတယ္။

အခုရွာေဖြေတြ႕ရွိမႈေတြကို National Institute of Anthropology and History (INAH) က စြမ္းေဆာင္နိုင္ခဲ့တာပါ။ (၁၅)ရာစုေခတ္က အက္ဇတက္ေတြ ေခတ္ေကာင္းခဲ့ၿပီး၊ နယ္ေျမတစ္ခုခ်င္းစီမွာ အုပ္ခ်ဳပ္သူေတြ၊ ျပည္သူေတြနဲ႕ သူတစ္လူငါတစ္မင္း အခ်င္းခ်င္း ဗိုလ္က်ခဲ့ၾကပါတယ္။ အေၾကာက္တရား ႀကီးစိုးတဲ့ေခတ္ျဖစ္တာနဲ႕အညီ စြဲမိစြဲရာ ကိုးကြယ္ရင္း ျပည္သူေတြမွာ ငထြားခါးနာ ျဖစ္ၾကရပါတယ္။

အခုေတြ႕ရွိမႈဟာ ယခင္က ေမွ်ာ္စင္ပုံစံမ်ိဳးေဆာက္လုပ္ထားတဲ့ ယဇ္နတ္ပူေဇာ္ရာေနရာတစ္ခုျဖစ္ၿပီး၊ နံရံေတြကိုေတာ့ ယဇ္ပူေဇာ္ခံရသူေတြရဲ႕ အရိုးေတြနဲ႕ အဆင့္ဆင့္တည္ေဆာက္ခဲ့ဟန္ ရွိပါတယ္။ အျမင့္အားျဖင့္ (၁၆)ေပဝန္းက်င္ခန႔္ ရွိပါတယ္။ အဆိုပါေနရာကို ေတြ႕ရွိပုံကလည္း အေဆာက္အဦႀကီးတစ္ခုကို ျပန္လည္မြမ္းမံစဥ္၊ ေျမတူးရာကေန ေတြ႕ရွိခဲ့ၾကတာပါ။

Credit – လင္းေဇာ္ကို