AMAZING

အသားမဲပြီး ရုပ်ဆိုးသူဘဝမှ အလွန်လှပသူအဖြစ် ငေငွေကြေး သိပ်မကုန်ဘဲ အသွင်းပြောင်းနိုင်ခဲ့တဲ့ လျို့ဝှက်ချက်ကို ပြောပြခဲ့သည့် ကောင်မလေး

အသားမဲပြီး ရုပ်ဆိုးသူဘဝမှ အလွန်လှပသူအဖြစ် ငေငွေကြေး သိပ်မကုန်ဘဲ အသွင်းပြောင်းနိုင်ခဲ့တဲ့ လျို့ဝှက်ချက်ကို ပြောပြခဲ့သည့် ကောင်မလေး

အလှအပဟာ အရေပြားတစ်ထောက်စာပါပဲလို့ ဆိုကြပေမယ့် ယနေ့ထိတိုင်အောင် ရုပ်ရည်ချောမောလှပတဲ့သူတွေဟာ သာမန်လူတွေထက် ဆွဲဆောင်မှုရှိနေဆဲ ဖြစ်ပါတယ်။ အခုခေတ်လူ့အဖွဲ့အစည်းမှာ မိန်းကလေးတစ်ယောက်က အသားဖြူပြီး ခန္ဓာကိုယ်သွယ်တယ်ဆိုရင်ကို လှတယ်လို့ ယေဘူယျ သတ်မှတ်ကြပါတယ်။ အသားဖြူစေတဲ့ အလှကုန်ပစ္စည်းတွေကလည်း တစ်နေ့တစ်ခြား ပေါများလာနေတာကြောင့် ပိုပြီးဖြူစင်ချောမွေ့တဲ့ အသားအရေကိုပိုင်ဆိုင်ဖို့ အမျိုးသမီးတွေက ကြိုးပမ်းနေကြဆဲပါ။

ဒါပေမယ့် အသုံးပြုတဲ့အလှကုန်ပေါ်မူတည်ပြီး တစ်ချို့က အံ့သြစရာကောင်းလောက်အောင် သိသိသာသာ အသားအရေပြောင်းလဲသွားတဲ့အကြောင်း တွေ့ရပါတယ်။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့နေ Erika Cai Cortez ဟာ သူမရဲ့ အသားအရောင် ထူးခြားစွာပြောင်းလဲခဲ့တဲ့ ဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာမှာ အခုလိုမျှဝေခဲ့ပါတယ်။

စာဖတ်သူတွေအနေနဲ့ Cai Cortez ကို ပိန်ခြောက်ပြီး အသားမဲနေတဲ့ ကောင်မလေးအဖြစ်ကနေ အသားဖြူပြီးပိန်သွယ်တဲ့ မိန်းမလှလေးတစ်ဦးအဖြစ် အသွင်ပြောင်းသွားတာကို တွေ့ရပါလိမ့်မယ်။ သူမက အခုလိုအသားဖြူရတဲ့အကြောင်းရင်းက Kojic ဆပ်ပြာကို အသုံးပြုတဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။ အင်တာနက်ပေါ်ကလူတွေကတော့ ကောင်မလေးရဲ့ဆပ်ပြာအကြောင်းနဲ့ပတ်သက်ပြီး သံသယပွားနေကြပေမယ့် သူမကတော့ အခုလိုအသားဖြူလာခြင်းဟာ ဆပ်ပြာကြောင့်လို့သာ တွင်တွင်ပြောခဲ့ပါတယ်။

ဓာတ်ပုံတွေမှာတော့ ပိန်မဲနေတဲ့ Cai Cortez ကို ပြီးခဲ့တဲ့နှစ်အနည်းငယ်တုန်းက တွေ့ရတဲ့ပုံတွေပါ။ အလယ်တန်းကျောင်းတက်တုန်းက သူမကိုစနောက်ပြီး အနိုင်ကျင့်ခဲ့ကြတဲ့သူတွေသာ အခုလက်ရှိသူမပုံကိုတွေ့လိုက်ရင် အံ့အားသင့်သွားမှာအသေအချာပါပဲ။ သူမကတော့ အဆိုပါ Kojic ဆပ်ပြာကို နှစ်ပေါင်းအတော်ကြာ အသုံးပြုခဲ့ပြီးမှ ယခုလို အသားဖြူလာတာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

Zawgyi




