Love & Relationship

ကလေးချစ်တတ်တဲ့ ၂၃နှစ်အရွယ် အိမ်ထောင်သည် အမျိုးသမီးငယ်လေးက ကလေး ၁၁ယောက် ပိုင်ဆိုင်ထားပုံ

ကလေးချစ်တတ်တဲ့ ၂၃နှစ်အရွယ် အိမ်ထောင်သည် အမျိုးသမီးငယ်လေးက ကလေး ၁၁ယောက် ပိုင်ဆိုင်ထားပုံ

အချို့အိမ်ထောင်သည်များသည် ကလေးလိုချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မရနိုင်သောအခါ အခြားမိဘမဲ့နေသော ကလေးများအား ခေါ်ယူ မွေးစားတတ်ကြသည်။အဌားကိုယ်ဝန်ဆောင်များဖြင့် ကလေးယူကြသည်ကိုတော့ ဇာတ်လမ်းများတွင်သာ တွေ့ဖူးသည်။

သို့သော် ယခုအခါတွင် ဂျော်ဂျီယာနိုင်ငံရှိ Batumi ကမ်းရိုးတန်းမြို့နားလေးတွင် နေထိုင်သော ဇနီးမောင်နှံ သည် မျိုးရိုးဗီဇဆိုင်ရာ အဌားကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးယူခဲ့ကြသည်။

ခရစ်စတီးနားအိုဇူးရ်ခ် အမည်ရှိသော အသက်၂၃နှစ်အရွယ် အမျိုးသမီးနှင့် ဟိုတယ်ပိုင်ရှင် သူဌေး Galip Ozturkတို့သည် ဇနီးမောင်နှံများဖြစ်ကာ ကလေးများစွာ လိုချင်သော်လည်း ဇနီးဖြစ်သူမှာ ကလေးတစ်ယောက်သာ မွေးဖွားနိုင်ခဲ့သည်။

ထို့ကြောင့် ဇနီးမောင်နှံနှစ်ဦးဟာ ကလေးများစွာ ရလို၍ မျိုးရိုးဗီဇဆိုင်ရာနှင့် အဌားကိုယ်ဝန်ဆောင်မိခင်များနှင့်အတူ ကလေးယူရန် စာရွက်စာတမ်းများတွင် တရားဝင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

ယခုအခါတွင် ထိုဇနီးမောင်နှံတို့သည် သားသမီး ၁၁ယောက်ကို ပိုင်ဆိုင်ထားပြီး နောက်ထပ် ကလေးများစွာ လိုချင်သေးကြောင်း သိရသည်။

Credit Haing(Love Feeling)

Zawgyi






