Love & Relationship

ဖက်တီးမ ဆိုပြီး လှောင်ပြောင်ခဲ့သော ရည်းစားဟောင်းအား နောင်တရသွားလောက်ထိ ပြောင်းလဲပစ်လိုက်သော မိန်းကလေး

ဖက်တီးမ ဆိုပြီး လှောင်ပြောင်ခဲ့သော ရည်းစားဟောင်းအား နောင်တရသွားလောက်ထိ ပြောင်းလဲပစ်လိုက်သော မိန်းကလေး

အချစ်စစ်ဆိုတာ တကယ်တမ်းတော့ ရုပ်ရည် ပကာသနတို့နှင့် မသက်ဆိုင်သော်လည်း များသောအားဖြင့် ရုပ်ဆိုးပြီး ငွေကြေးမရှိလျှင် ထားသွားခံရတာချည်းပါပဲ။

တကယ်ထားမသွားပဲ သစ္စာရှိရှိ ချစ်မည့်သူဆိုတာ “ရှိတော့ရှိတယ် ရှားတယ် ” ဆိုသည့် စကားပုံတိုင်းဖြစ်နေသည်။

သို့ဖြစ်၍ ဂျပန်နိုင်ငံမှ ဟိနာအမည်ရှိသော မိန်းကလေးသည် အဝလွန်နေကာ ချစ်သူကောင်လေးရထားသော်လည်း ကိုယ့်ဖက်ကမရပ်တည်ပေးသည့်အပြင် သူကနေထိပ်ဆုံး ကောင်မလေးအား” ခွဲစိတ်ပြုပြင်ရင်တောင် မင်းရုပ်ကလှမှာမဟုတ်ပူး” ဆိုပြီး စာများပေးပို့ကာ လမ်းခွဲခဲ့သည်။

ထိုစာကိုလက်ခံရရှိသော ဟိနာတစ်ယောက် အရမ်းပဲဝမ်းနည်း ကြေကွဲခဲ့ရပြီး တစ်ချိန်ကချစ်တယ်ပြောခဲ့သော ရည်းစားကပြောခဲ့၍ စိတ်မကောင်းလည်းဖြစ်ခဲ့ရသည်။

ထို့ကြောင့် မိန်းကလေးသည် ဝိတ်ကျစေသည့် နည်းလမ်းများကို လေ့လာခဲ့ပြီး လိုက်လေ့ကျင့်ခဲ့ရင်း ကြိုးစားမှု၏ ရလဒ်သည် နောက်ဆုံးတော့ သူမအတွက် ကျေနပ်ဖွယ်ရာဖြစ်စေခဲ့သည်။

ထို့အပြင် ရည်းစားဟောင်းရဲ့ အထင်သေးလှောင်ပြောင်ခဲ့သော စကားတစ်ခွန်းအား မဖြစ်နိုင်တာ မရှိပူးဆိုပြီး သက်သေပြရန် ကြိုးစားခဲ့မှုကြောင့် ယခုဆိုရင် မယုံနိုင်အောင် ချောမောလှပပြီး ဆွဲဆောင်မှုရှိသော မိန်းမချောလေးတစ်ယောက်ပင် ဖြစ်နေပါသည်။

မိန်းကလေး၏ ချောမောလှပလာမှုကို မြင်တွေ့သော ရည်းစားဟောင်းမှာ အလွန်အံ့အားသင့်ခဲ့ပြီး တစ်ချိန်က သူ ကောင်မလေးအပေါ် ရက်စက်စွာပြောဆိုခဲ့သော စကားကို နောင်တရသည်ဟု ဆိုခဲ့သည်။

Zawgyi







