KNOWLEDGE

ရွာသားတစ်ယောက်ရဲ့လက်ချက်နဲ့သေခဲ့ရတဲ့ ထူးဆန်းတဲ့ သွေးစုပ်သတ္တဝါ တစ်ကောင်

ရွာသားတစ်ယောက်ရဲ့လက်ချက်နဲ့သေခဲ့ရတဲ့ ထူးဆန်းတဲ့ သွေးစုပ်သတ္တဝါ တစ်ကောင်

ယူကရိန်းနိုင်ငံအနောက်ပိုင်း Ruskin ပြည်နယ်မှာ ဆိုးဝါးသောင်းကျန်းနေတဲ့ သားရိုင်းသတ္တဝါတစ်ကောင်ဟာ Ivan အမည်ရ ရွာသားတစ်ယောက်ရဲ့ လက်ချက်နဲ့ ဇာတ်သိမ်းသွားပြီ ဖြစ်ပါတယ်။ အဆိုပါ သတ္တဝါကို တိရစ္ဆာန်ပညာရှင်တွေသည်ပင်လျှင် မည်သည့်သတ္တဝါဖြစ်ကြောင်း သတ်မှတ်ဖို့ ခဲယဉ်းနေပါတယ်။

အကြောင်းကတော့ သေဆုံးနေတဲ့ သတ္တဝါကို သာမာန်အားဖြင့် ကြည့်လျှင် အာဖရိက ဝံပုလွေလို့ ထင်မှတ်ရပေမယ့် ဒီသတ္တဝါရဲ့ သွားဖွဲ့စည်းပုံ၊ လည်ပင်း၊ နားရွက်နဲ့ ရှည်လျှားတဲ့ မေးရိုးပုံစံတွေကြောင့် တစ်ခြားခွေးမျိုးနွယ်တွေနဲ့ မတူကွဲပြားနေလို့ ဖြစ်ပါတယ်။ အဲဒီသတ္တဝါကို Ivan က လယ်ယာလုပ်ငန်းခွင်သုံး ကောက်စွနဲ့ ထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းကြောင့် Ivan ဟာ Ruskin ပြည်နယ်မှာတော့ သူရဲကောင်းတစ်ယောက်လို နေ့ချင်းညချင်း နာမည်ကြီးသွားခဲ့ပါတယ်။

အဲဒီသတ္တဝါဟာ ကာလအတော်ကြာသည်အထိ အဆိုပါနယ်ပယ်ဒေသမှာ ဒေသခံလူတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို တိုက်ခိုက် သတ်ဖြတ်ပြီး သွေးကိုသာသောက်တဲ့ သတ္တဝါ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီဒေသမှာ ကျီးလန့်စာစား နေရပြီး၊ ထိတ်လန့်မှုတွေနဲ့ နေထိုင်ခဲ့ရပါတယ်။ အဲဒီသတ္တဝါကို ဒေသခံတွေက Chupacabra(ဆိတ်သွေးကိုသောက်တဲ့သတ္တဝါ) လို့လည်း ခေါ်ကြပြီး ခြောက်ပေအမြင့် ခြံစည်းရိုးကိုပင် ခုန်ကျော်ပြီး ဝင်ရောက်နိုင်တယ်လို့ သိရပါတယ်။

Credit

Zawgyi

႐ြာသားတစ္ေယာက္ရဲ႕လက္ခ်က္နဲ႕ေသခဲ့ရတဲ့ ထူးဆန္းတဲ့ ေသြးစုပ္သတၱဝါ တစ္ေကာင္

ယူကရိန္းနိုင္ငံအေနာက္ပိုင္း Ruskin ျပည္နယ္မွာ ဆိုးဝါးေသာင္းက်န္းေနတဲ့ သားရိုင္းသတၱဝါတစ္ေကာင္ဟာ Ivan အမည္ရ ႐ြာသားတစ္ေယာက္ရဲ႕ လက္ခ်က္နဲ႕ ဇာတ္သိမ္းသြားၿပီ ျဖစ္ပါတယ္။ အဆိုပါ သတၱဝါကို တိရစာၦန္ပညာရွင္ေတြသည္ပင္လွ်င္ မည္သည့္သတၱဝါျဖစ္ေၾကာင္း သတ္မွတ္ဖို႔ ခဲယဥ္းေနပါတယ္။

အေၾကာင္းကေတာ့ ေသဆုံးေနတဲ့ သတၱဝါကို သာမာန္အားျဖင့္ ၾကည့္လွ်င္ အာဖရိက ဝံပုေလြလို႔ ထင္မွတ္ရေပမယ့္ ဒီသတၱဝါရဲ႕ သြားဖြဲ႕စည္းပုံ၊ လည္ပင္း၊ နား႐ြက္နဲ႕ ရွည္လွ်ားတဲ့ ေမးရိုးပုံစံေတြေၾကာင့္ တစ္ျခားေခြးမ်ိဳးႏြယ္ေတြနဲ႕ မတူကြဲျပားေနလို႔ ျဖစ္ပါတယ္။ အဲဒီသတၱဝါကို Ivan က လယ္ယာလုပ္ငန္းခြင္သုံး ေကာက္စြနဲ႕ ထိုးသတ္ခဲ့တာ ျဖစ္ပါတယ္။ ဒီသတင္းေၾကာင့္ Ivan ဟာ Ruskin ျပည္နယ္မွာေတာ့ သူရဲေကာင္းတစ္ေယာက္လို ေန႕ခ်င္းညခ်င္း နာမည္ႀကီးသြားခဲ့ပါတယ္။

အဲဒီသတၱဝါဟာ ကာလအေတာ္ၾကာသည္အထိ အဆိုပါနယ္ပယ္ေဒသမွာ ေဒသခံလူေတြနဲ႕ အိမ္ေမြးတိရစာၦန္ေတြကို တိုက္ခိုက္ သတ္ျဖတ္ၿပီး ေသြးကိုသာေသာက္တဲ့ သတၱဝါ ျဖစ္ပါတယ္။ ဒါေၾကာင့္ အဲဒီေဒသမွာ က်ီးလန႔္စာစား ေနရၿပီး၊ ထိတ္လန႔္မႈေတြနဲ႕ ေနထိုင္ခဲ့ရပါတယ္။ အဲဒီသတၱဝါကို ေဒသခံေတြက Chupacabra(ဆိတ္ေသြးကိုေသာက္တဲ့သတၱဝါ) လို႔လည္း ေခၚၾကၿပီး ေျခာက္ေပအျမင့္ ၿခံစည္းရိုးကိုပင္ ခုန္ေက်ာ္ၿပီး ဝင္ေရာက္နိုင္တယ္လို႔ သိရပါတယ္။

Credit