KNOWLEDGE

ထူးထူးဆန်းဆန်း ပုလင်းပုံစံနဲ့ ပေါက်ရောက်‌လေ့ရှိပြီး သက်ရှိများအတွက် အဆိပ်ရှိတဲ့ အပင် အကြောင်း

ထူးထူးဆန်းဆန်း ပုလင်းပုံစံနဲ့ ပေါက်ရောက်‌လေ့ရှိပြီး သက်ရှိများအတွက် အဆိပ်ရှိတဲ့ အပင် အကြောင်း

ဒီတစ်ခါမှာတော့ထူးထူးခြားခြားပေါက်ရောက်နေတဲ့ပုလင်းပုံသစ်ပင်များအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ကမ္ဘာပေါ်မှာသစ်ပင်မရှိတဲ့ နိုင်ငံဆိုပြီး လုံးဝမရှိ‌ေပမယ့်လည်း ထူးဆန်းစွာပေါက်ရောက်နေတဲ့သစ်ပင်ဆိုတာတော့နိုင်ငံတိုင်းမရှိနိုင်ပါဘူး။အဲ့ထဲကမှနမ်မီးဘီးယား နိုင်ငံဟာလည်း ပုံမှန်မဟုတ်ပဲ ထူးဆန်းစွာပေါက်ရောက်နေတဲ့ ပုလင်းပုံ သစ်ပင်များဖြင့် နာမည်ကျော် လူသိများကြပါတယ်။

နမ်မီးဘီးယားနိုင်ငံက ထူးခြားပြီး ပုလင်းပုံဖြစ်နေတဲ့ သစ်ပင်များဟာ ကမ္ဘာမြေပြင်ပေါ်တွင် သက်ရှိ သတ္တဝါ များအား အသက် သေစေနိုင်တဲ့ အထိအန္တရာယ်ကြီးမားတဲ့အပင်မျိုးစိတ်တစ်ခုအဖြစ်ထင်ရှားလှပါတယ်။အပင်ကထွက်ရှိလာတဲ့နို့နှစ်ရောင်သစ်စေးကအဆိပ်ပြင်းထန်တာကြောင့် ရှေးယခင် ကာလများတွင် ချုံခို တိုက်ခိုက်သူများက မြားဆိပ် အဖြစ် အသုံးပြုခဲ့ကြတယ်လို့ သိရှိရပါတယ်။

အပင်များဟာပုလင်းပုံများနှင့်တူနေတာကြောင့်ပုလင်းပင်(BottleTree)ဟုခေါ်ဆိုသတ်မှတ်ကြတာဖြစ်ပါတယ်။အဲ့အပင်များဟာနမ်မီးဘီးယား နိုင်ငံ ကန္တာရများအတွင်း တောင်တန်းဒေသများတွင် အများဆုံး ပေါက်ရောက်လေ့ရှိပါတယ်။ ပုလင်းပင်၏ အပွင့်များဟာ ထူးခြားစွာ လှပကြပြီး အပွင့်များရဲ့ အလယ်တွင် ပန်းရောင်၊အဖြူရောင်၊ အနီရင့်ရောင်များ ရှိကြပါတယ်။

Credit

Zawgyi

ထူးထူးဆန္းဆန္း ပုလင္းပုံစံနဲ႕ ေပါက္ေရာက္‌ေလ့ရွိၿပီး သက္ရွိမ်ားအတြက္ အဆိပ္ရွိတဲ့ အပင္ အေၾကာင္း

ဒီတစ္ခါမွာေတာ့ထူးထူးျခားျခားေပါက္ေရာက္ေနတဲ့ပုလင္းပုံသစ္ပင္မ်ားအေၾကာင္းကိုေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။ကမာၻေပၚမွာသစ္ပင္မရွိတဲ့ နိုင္ငံဆိုၿပီး လုံးဝမရွိ‌ေပမယ့္လည္း ထူးဆန္းစြာေပါက္ေရာက္ေနတဲ့သစ္ပင္ဆိုတာေတာ့နိုင္ငံတိုင္းမရွိနိုင္ပါဘူး။အဲ့ထဲကမွနမ္မီးဘီးယား နိုင္ငံဟာလည္း ပုံမွန္မဟုတ္ပဲ ထူးဆန္းစြာေပါက္ေရာက္ေနတဲ့ ပုလင္းပုံ သစ္ပင္မ်ားျဖင့္ နာမည္ေက်ာ္ လူသိမ်ားၾကပါတယ္။

နမ္မီးဘီးယားနိုင္ငံက ထူးျခားၿပီး ပုလင္းပုံျဖစ္ေနတဲ့ သစ္ပင္မ်ားဟာ ကမာၻေျမျပင္ေပၚတြင္ သက္ရွိ သတၱဝါ မ်ားအား အသက္ ေသေစနိုင္တဲ့ အထိအႏၲရာယ္ႀကီးမားတဲ့အပင္မ်ိဳးစိတ္တစ္ခုအျဖစ္ထင္ရွားလွပါတယ္။အပင္ကထြက္ရွိလာတဲ့နို႔ႏွစ္ေရာင္သစ္ေစးကအဆိပ္ျပင္းထန္တာေၾကာင့္ ေရွးယခင္ ကာလမ်ားတြင္ ခ်ဳံခို တိုက္ခိုက္သူမ်ားက ျမားဆိပ္ အျဖစ္ အသုံးျပဳခဲ့ၾကတယ္လို႔ သိရွိရပါတယ္။

အပင္မ်ားဟာပုလင္းပုံမ်ားႏွင့္တူေနတာေၾကာင့္ပုလင္းပင္(BottleTree)ဟုေခၚဆိုသတ္မွတ္ၾကတာျဖစ္ပါတယ္။အဲ့အပင္မ်ားဟာနမ္မီးဘီးယား နိုင္ငံ ကႏၲာရမ်ားအတြင္း ေတာင္တန္းေဒသမ်ားတြင္ အမ်ားဆုံး ေပါက္ေရာက္ေလ့ရွိပါတယ္။ ပုလင္းပင္၏ အပြင့္မ်ားဟာ ထူးျခားစြာ လွပၾကၿပီး အပြင့္မ်ားရဲ႕ အလယ္တြင္ ပန္းေရာင္၊အျဖဴေရာင္၊ အနီရင့္ေရာင္မ်ား ရွိၾကပါတယ္။

Credit