Love & Relationship

အသက်ကွာခြားခြင်းဟာ ပြဿနာမဟုတ်ကြောင်း သက်သေပြလာခဲ့တဲ့ အသက် ၃၂ နှစ်ကွာသည့် စုံတွဲ

အသက်ကွာခြားခြင်းဟာ ပြဿနာမဟုတ်ကြောင်း သက်သေပြလာခဲ့တဲ့ အသက် ၃၂ နှစ်ကွာသည့် စုံတွဲ

အချစ်နဲ့ ပတ်သက်ပြီး အသက်အရွယ်ဟာ ပြဿနာမဟုတ်ဘူးဆိုတာကို အသက် ၃၂ နှစ်ကွာခြားတဲ့ စုံတွဲနှစ်ဦးက သက်သေပြနေပါတယ် ။ မကြာသေးမီက သူတို့စုံတွဲဟာ သူတို့ရဲ့အကြောင်းကို မျှဝေပြီး လုများစွာ မနာလိုဖြစ်ခဲ့ရပါတယ် ။ ၁၉၆၃ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ထိုင်းသရုပ်ဆောင် Thongkhao Pattarachokchai ဟာ အလွန်ကိုထူးချွန်တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။

Thongkhao ဟာ Nong Mil လို့ခေါ်တဲ့ ငယ်ရွယ်တဲ့ မိန်းကလေးတစ်ဦးနဲ့ အွန်လိုင်းပေါ်မှာ တွေ့ဆုံပြီး ချစ်ခြင်းမေတ္တာမျှ ခဲ့ပါတယ် ။နောက်ပြီး ၎င်းတို့နှစ်ဦးက အသက်အရွယ်ဟာ အချစ်အတွက် အတားအဆီးတစ်ခု မဟုတ်ဘူးလို့ ဆိုပါတယ်။

ဘာလို့လဲဆိုတော့ သူတို့နှစ်ယောက်စလုံးက တစ်ယောက်ကို တစ်ယောက် နားလည်ပေးကြလို့ပါဘဲ ။ ယခုဆိုရင် သူတို့ရဲ့ ဆက်ဆံရေးက ၄ ​​နှစ်ကြာပါပြီ ။ သူတို့ပထမဆုံးအကြိမ် အတူတူနေကတည်းက ညှိစရာတွေ အဆင်မပြေတာတွေ မရှိခဲ့ပါဘူးလို့ ဆိုပါတယ် ။ Nong Mil က အရမ်းကို လှပကြည်လင်ပြီး sexy ရှိတာကြောင့် Thongkhao ချစ်မိသွားတာက မထူးဆန်းပါဘူးလေ။

Credit-JRose (KB Chimmy One)

Zawgyi




