AMAZING

တောင်အာဖရိက အမျိုးသမီးများ လင်ယောက်ျားကြိုက်သလောက် ယူနိုင်တော့မယ့် ဥပဒေသစ်

တောင်အာဖရိက အမျိုးသမီးများ လင်ယောက်ျားကြိုက်သလောက် ယူနိုင်တော့မယ့် ဥပဒေသစ်

တောင်အာဖရိကမှာ မကြာမီပြဋ္ဌာန်းမယ့် ဥပဒေအသစ်အရ အမျိုးသမီးတွေဟာ မိမိတို့အလိုရှိသလောက် လင်ယောက်ျားအရေအတွက် ကန့်သတ်မထားဘဲ စိတ်ကြိုက်ယူနိုင်တော့မယ်လို့ ဆိုပါတယ်။ တောင်အာဖရိကအစိုးရဟာ မကြာတော့မယ့်အချိန်မှာ အဲဒီဥပဒေမူကြမ်းကို တင်ကြမှာပါ။

ဒီသတင်းကို ပထမဆုံး ဂယက်ရိုက်စေခဲ့တာကတော့ တောင်အာဖရိက ဘာသာရေးအသင်းအဖွဲ့တွေ ဖြစ်ပါတယ်။ ဒီဥပဒေဟာ အလွန်မဖြစ်သင့်တဲ့ ဥပဒေဖြစ်ကြောင်း၊ ဒါဟာ တောင်အာဖရိကရဲ့ ယဉ်ကျေးမှုကို ဖျက်လိုဖျက်ဆီး လုပ်လိမ့်မယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် အစိုးရကတော့ အဲဒီဝေဖန်သံတွေကို ဂရုမစိုက်ပါဘူး။

သူတို့ဟာ မကြာမီမှာ လက်ထပ်ထိမ်းမြားခြင်းအက်ဥပဒေ (Marriage Act) ကို ပြင်ဆင်မှာဖြစ်ပြီး၊ အဓိကပြင်ဆင်ချက်အနေနဲ့ အမျိုးသမီးတွေကို Polyandry လို့ခေါ်တဲ့ လင်ယောက်ျား တစ်ယောက်ထက်ပိုပြီး ယူခွင့်ပေးမယ့်ကိစ္စကို ထည့်သွင်းမှာပါ။ ဥပဒေရဲ့ အဓိပ္ပါယ်အရ အမျိုးသမီးတွေအနေနဲ့ တပြိုင်တည်းမှာ သော်လည်းကောင်း-

လင်ယောက်ျား အလိုရှိသလောက် လက်ထပ်ပေါင်းသင်းပိုင်ခွင့် ရှိမှာဖြစ်သလို၊ သို့တည်းမဟုတ် လက်ရှိအိမ်ထောင်ရဲ့ အခြားပြင်ပမှာသော်လည်းကောင်း အလိုရှိပါက နောက်ထပ် လင်ယောက်ျားတွေ ထပ်မံယူခွင့်ပြုမယ်လို့ ဆိုပါတယ်။ တကယ်တော့ တောင်အာဖရိကမှာ အမျိုးသားတွေအတွက် Polyandry အိမ်ထောင်ပြုခွင့်က ခွင့်ပြုပြီးသားပါ။

မိန်းမအနည်းဆုံး (၄)ယောက်အထိ ရယူထားတဲ့ Musa Mseleku ကတော့ ဒီဥပဒေကြောင့် အတော် စိတ်မချမ်းမသာ ဖြစ်နေရတယ်လို့ ဆိုပါတယ်။ သူဟာ စီးပွားရေးလုပ်ငန်းရှင်ဖြစ်သလို၊ သူရဲ့မိန်းမတွေအကြောင်း စီစဉ်တင်ဆက်နေတဲ့ တီဗွီအစီအစဉ်မှာလည်း Reality TV Star တစ်ယောက်ဖြစ်ပါတယ်။

သူက BBC သတင်းဌာနနဲ့တွေ့ဆုံစဉ်မှာ ဥပဒေအသစ်နဲ့ပတ်သက်ပြီး ” ဒါက အာဖရိကရဲ့ ယဉ်ကျေးမှုကို ဖျက်ဆီးမှာပါ အဲဒီက ရလာတဲ့ကလေးတွေကို ဘယ်လို လုပ်ကြမှာလဲ သူတို့က ဘယ်သူ့ကို အဖေခေါ်ရမလဲ အမျိုးသမီးတွေဟာ အမျိုးသားတွေနေရာတော်တော်များများကို ဝင်မယူနိုင်ပါဘူး … ဒါကြီးက ဖြစ်ကို မဖြစ်သင့်တာ … ”

အဲဒါဆို မေးပါဦးမယ် … လက်ထပ်စာရိတ်ကို အမျိုးသမီးဘက်က တင်ရမှာလား … နောက်ပြီး အမည်ပေးတဲ့အပိုင်းမှာ အမျိုးသားတွေက သူမရဲ့မျိုးရိုးနာမည်ကို ယူရမှာလား … လူတွေက ကျွန်တော့်ကို ကြောင်သူတော်လို့ ခေါ်ကြတယ် … အခုအနေအခါ ကျွန်တော် အသံတိတ်နေတာထက်စာရင် တစ်ခုခုတော့ ပြောရတော့မယ်လေ … ”

“အားလုံးကို ခြုံပြောရရင် ဒါက အာဖရိကတိုက် နိုင်ငံတွေအားလုံးနဲ့ ဆိုင်ပါတယ် … ကျွန်တော်တို့ရဲ့ဖြစ်တည်ခဲ့မှုကို ပြောင်းလဲလို့ မရပါဘူး … “လို့ ပြောပါတယ်။ အမျိုးသမီးအခွင့်ရေး လှုပ်ရှားသူတွေဘက်ကလည်း ယောက်ျားတစ်ယောက် မိန်းမ အများကြီးယူခွင့်ရှိရင်၊ မိန်းမတစ်ယောက် ယောက်ျားအများကြီး ယူခွင့်ရှိမယ့်ကိစ္စက နောက်တောင် ကျနေပြီလို့ ဆိုပါတယ်။

နာမည်ကျော် African Christian Democratic Party မှ ခေါင်းဆောင်ဖြစ်သူ Reverend Kenneth Meshoe ကတော့ ” လူ့အသိုင်းအဝိုင်းကို ဖျက်ဆီးတော့မှာ … မကြာမီမှာ အမျိုးသားက ‘မင်းက အဲဒီကောင်နဲ့ပဲ အချိန်ဖြုန်းနေတယ် … ငါနဲ့တော့ မနေဘူးဆိုပြီး’ပဋိပက္ခတွေ ဖြစ်ကြတော့မှာ … “လို့ BBC နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။

Credit – လင်းသုတ