AMAZING

တစ်နေ့လုပ်မှ တစ်နေ့စားရတာကြောင့် အားရှိအောင် ကြက်ပေါင်းစားဖို့ မတတ်နိုင်သည့် အဘိုး နှင့် အဘွားတွေကို Surprise လုပ်လိုက်တဲ့ စေတနာရှင် လူငယ်လေး

တစ်နေ့လုပ်မှ တစ်နေ့စားရတာကြောင့် အားရှိအောင် ကြက်ပေါင်းစားဖို့ မတတ်နိုင်သည့် အဘိုး နှင့် အဘွားတွေကို Surprise လုပ်လိုက်တဲ့ စေတနာရှင် လူငယ်လေး

လက်ရှိမှာ မိုးရာသီ လည်းဖြစ် လို့ ရာသီ တုတ်ကွေးလည်း ဖြစ်ကြသလို ကိုဗစ် တတိယ လှိုင်းကြောင့်လည်း နေမကောင်းကြ သူတွေအများအပြားရှိ ကြပါတယ်။ဆရာဝန် တွေ ကလည်း လူနာတွေ အ တွက် ဆေးအညွှန်းတွေနဲ့ နေထိုင် ပုံတွေကို လူမှုကွန်ယက်စာ မျက် နှာပေါ်မှာ ရေးသားပေးနေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆရာဝန်တွေ အဓိကတိုက်တွန်းတာကတော့ နေမကောင်းဖြစ်ရင် ခုခံအားကောင်းအောင် အဟာရ ပြည့်ဝ စွာစားသောက်ဖို့ပဲဖြစ်ပါ တယ်။ဒါ့ကြောင့် ပြည်သူ တွေက ငှက် သိုက် အပြင် ကြက်ပေါင်း၊ကြက်ဥ နဲ့ တခြားအစားအသောက် တွေကို ချက်ပြုတ် စားသောက် ကြတာပဲ ဖြစ်ပါတယ်။

ငွေကြေး တတ် နိုင် တဲ့ သူ တွေ က တော့ အဟာရ ပြည့် ဝ စွာစားသောက်နေ ထိုင်နိုင်ပေမယ့် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ပြည်သူတွေခမျာ တစ်နပ်စာအတွက်တောင် ရုန်းကန်နေရတာဖြစ်ပါတယ်။ဒါ့ကြောင့် စေတနာရှင် လူငယ်လေး တစ်ဦးဆိုရင် အဟာရ ပြည့်ဝစေမယ့်ကြက်ပေါင်းလေးလုပ်ပြီး အဘိုး၊အဘွားတွေကို ဝေငှခဲ့တာဖြစ်ပါတယ်။

လူငယ်လေးက အဘိုး၊အဘွားတွေကို “ကြက်ပေါင်းစားချင်လား” လို့ မေးပေမယ့် “စျေးကြီးလို့ မစားနိုင် ပါဘူး သား လေးရယ်”ဆိုပြီး အဘိုး၊အဘွားတွေက ပြန်ဖြေခဲ့တာဖြစ်ပါတယ်။အဘိုး၊အဘွားတွေ အံ့ဩပျော်ရွှင်သွားအောင်လို့ ကြက်ပေါင်း တစ်ယောက် တစ်ဘူးပေးခဲ့ကြ တာဖြစ်ပါတယ်။

အဘိုး၊အဘွားတွေကလည်း အိမ်ပြန်ရောက်ရင် မိသားစုနဲ့အတူစားလိုက်ပါမယ်ဆိုပြီး   လူငယ်လေးကို အရမ်းကျေးဇူးတင်နေကြတာဖြစ်ပါတယ်။အခုလိုမျိုး အသက်အရွယ်နဲ့ မမျှအောင် လုပ်ကိုင်စားသောက်နေရတဲ့ အဘိုး၊အဘွားတွေကို တတ်နိုင် သ လောက်စောင့် ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်မိပြီး ပီတိ ဖြစ်စရာ ပုံရိပ်လေးတွေကို ပြန်လည် မျှဝေ ပေးလိုက် ပါတယ်။

Zawgyi

တစ္ေန႕လုပ္မွ တစ္ေန႕စားရတာေၾကာင့္ အားရွိေအာင္ ၾကက္ေပါင္းစားဖို႔ မတတ္နိုင္သည့္ အဘိုး ႏွင့္ အဘြားေတြကို Surprise လုပ္လိုက္တဲ့ ေစတနာရွင္ လူငယ္ေလး

လက္ရွိမွာ မိုးရာသီ လည္းျဖစ္ လို႔ ရာသီ တုတ္ေကြးလည္း ျဖစ္ၾကသလို ကိုဗစ္ တတိယ လွိုင္းေၾကာင့္လည္း ေနမေကာင္းၾက သူေတြအမ်ားအျပားရွိ ၾကပါတယ္။ဆရာဝန္ ေတြ ကလည္း လူနာေတြ အ တြက္ ေဆးအၫႊန္းေတြနဲ႕ ေနထိုင္ ပုံေတြကို လူမႈကြန္ယက္စာ မ်က္ ႏွာေပၚမွာ ေရးသားေပးေနၾကတာ ျဖစ္ပါတယ္။

ဒါ့အျပင္ ဆရာဝန္ေတြ အဓိကတိုက္တြန္းတာကေတာ့ ေနမေကာင္းျဖစ္ရင္ ခုခံအားေကာင္းေအာင္ အဟာရ ျပည့္ဝ စြာစားေသာက္ဖို႔ပဲျဖစ္ပါ တယ္။ဒါ့ေၾကာင့္ ျပည္သူ ေတြက ငွက္ သိုက္ အျပင္ ၾကက္ေပါင္း၊ၾကက္ဥ နဲ႕ တျခားအစားအေသာက္ ေတြကို ခ်က္ျပဳတ္ စားေသာက္ ၾကတာပဲ ျဖစ္ပါတယ္။

ေငြေၾကး တတ္ နိုင္ တဲ့ သူ ေတြ က ေတာ့ အဟာရ ျပည့္ ဝ စြာစားေသာက္ေန ထိုင္နိုင္ေပမယ့္ တစ္ေန႕လုပ္မွ တစ္ေန႕စားရတဲ့ ျပည္သူေတြခမ်ာ တစ္နပ္စာအတြက္ေတာင္ ႐ုန္းကန္ေနရတာျဖစ္ပါတယ္။ဒါ့ေၾကာင့္ ေစတနာရွင္ လူငယ္ေလး တစ္ဦးဆိုရင္ အဟာရ ျပည့္ဝေစမယ့္ၾကက္ေပါင္းေလးလုပ္ၿပီး အဘိုး၊အဘြားေတြကို ေဝငွခဲ့တာျဖစ္ပါတယ္။

လူငယ္ေလးက အဘိုး၊အဘြားေတြကို “ၾကက္ေပါင္းစားခ်င္လား” လို႔ ေမးေပမယ့္ “ေစ်းႀကီးလို႔ မစားနိုင္ ပါဘူး သား ေလးရယ္”ဆိုၿပီး အဘိုး၊အဘြားေတြက ျပန္ေျဖခဲ့တာျဖစ္ပါတယ္။အဘိုး၊အဘြားေတြ အံ့ဩေပ်ာ္႐ႊင္သြားေအာင္လို႔ ၾကက္ေပါင္း တစ္ေယာက္ တစ္ဘူးေပးခဲ့ၾက တာျဖစ္ပါတယ္။

အဘိုး၊အဘြားေတြကလည္း အိမ္ျပန္ေရာက္ရင္ မိသားစုနဲ႕အတူစားလိုက္ပါမယ္ဆိုၿပီး   လူငယ္ေလးကို အရမ္းေက်းဇူးတင္ေနၾကတာျဖစ္ပါတယ္။အခုလိုမ်ိဳး အသက္အ႐ြယ္နဲ႕ မမွ်ေအာင္ လုပ္ကိုင္စားေသာက္ေနရတဲ့ အဘိုး၊အဘြားေတြကို တတ္နိုင္ သ ေလာက္ေစာင့္ ေရွာက္ေပးတဲ့အတြက္ ေက်းဇူးတင္မိၿပီး ပီတိ ျဖစ္စရာ ပုံရိပ္ေလးေတြကို ျပန္လည္ မွ်ေဝ ေပးလိုက္ ပါတယ္။