Love & Relationship

ရေကြီးနေတဲ့လမ်းကိုဖြတ်ကူးဖို့အတွက် ချစ်သူကောင်လေးရဲ့ဖိနပ်စိုမှာဆိုးလို့ ကိုယ်တိုင်ကျောပိုးပြီး လမ်းကူးခဲ့တဲ့ မိန်းကလေး

ရေကြီးနေတဲ့လမ်းကိုဖြတ်ကူးဖို့အတွက် ချစ်သူကောင်လေးရဲ့ဖိနပ်စိုမှာဆိုးလို့ ကိုယ်တိုင်ကျောပိုးပြီး လမ်းကူးခဲ့တဲ့ မိန်းကလေး

တရုတ်ပြည် ဝူဟန်မြို့ရှိ ရေလွှမ်းနေတဲ့ လမ်းများပေါ်မှာ မိန်းကလေးတစ်ဦးဟာ သူမရဲ့ကောင်လေးကို ကျောပိုးပြီး လမ်းကူးခဲ့တာကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေခဲ့ပါတယ် ။ ဒီအရာက ကောင်လေးနေမကောင်းဖြစ်လို့ မသန်မစွမ်းဖြစ်လို့ မဟုတ်ဘဲ ထိုကောင်လေးဟာ သူ့ရဲ့ သားရေဖိနပ်ကို ရေကြီးစိုမာဆိုးတာကြောင့်ဖြစ်ပါတယ် ။

ကောင်လေးက သူ့ဖိနပ်ကိုချွတ်ပြီး ရည်းစားနဲ့အတူ ရေကြီးရေလျှံကို ကျော်ဖြတ်ယ့် အစား သူ့ကိုသယ်နိုင်လားလို့ ကောင်မလေးကို မေးလိုက်ပါတယ် ။ ကောင်မလေးက သူမရဲ့ကောင်လေးကိုအရမ်းချစ်ပြီး သူ့ဖိနပ်ကိုမပျက်စီးစေချင်တာကြောင့် “ဖိနပ် ပျက်စီးလိုက်ရင် သူ့ကိုပြန်ပြင်ဖို့ အချိန်အများကြီးပေးရလိမ့်မယ်” လို့ ပြောပြီး ကောင်လေးကို ကျောပိုးခဲ့လိုက်တာပါ ။

Netizen တွေက ကောင်မလေးကို ချီးကျူးတဲ့သူအများကြီးရှိပေမဲ့ ကောင်လေးရဲ့လုပ်ရပ်တွေကို အများစုက သဘောမကျခဲ့ပါဘူး ။ မှတ်ချက်ပေးသူတစ်ဦးက“ အဲဒါကသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဘဲလေ ၊ ငါပြောပိုင်ခွင့်မရှိပါဘူး၊ ဒါပေမယ့် ဒါကနည်းနည်းလေးတော့ မတရားဘူး။

သူငယ်ချင်း မင်းရဲ့သားရေဖိနပ်တွေကို မပျက်စီးချင်ရင် အဲဒါတွေကို ချွတ်လိုက်။ ပြီးတော့ ဒီကောင်မလေးကို ဘယ်လိုပြောရမလဲတောင်မသိတော့ပါဘူး၊ နုံချာတာလား ?မိုက်မဲတာလား? ” ဆိုပြီး Comment ပေးခဲ့ပါတယ် ။

Credit – JRose (KBdailynews)

ေရႀကီးေနတဲ့လမ္းကိုျဖတ္ကူးဖို႔အတြက္ ခ်စ္သူေကာင္ေလးရဲ႕ဖိနပ္စိုမွာဆိုးလို႔ ကိုယ္တိုင္ေက်ာပိုးၿပီး လမ္းကူးခဲ့တဲ့ မိန္းကေလး

တ႐ုတ္ျပည္ ဝူဟန္ၿမိဳ႕ရွိ ေရလႊမ္းေနတဲ့ လမ္းမ်ားေပၚမွာ မိန္းကေလးတစ္ဦးဟာ သူမရဲ႕ေကာင္ေလးကို ေက်ာပိုးၿပီး လမ္းကူးခဲ့တာေၾကာင့္ ဆိုရွယ္မီဒီယာေပၚမွာ ပ်ံ့ႏွံ႕ေနခဲ့ပါတယ္ ။ ဒီအရာက ေကာင္ေလးေနမေကာင္းျဖစ္လို႔ မသန္မစြမ္းျဖစ္လို႔ မဟုတ္ဘဲ ထိုေကာင္ေလးဟာ သူ႕ရဲ႕ သားေရဖိနပ္ကို ေရႀကီးစိုမာဆိုးတာေၾကာင့္ျဖစ္ပါတယ္ ။

ေကာင္ေလးက သူ႕ဖိနပ္ကိုခြၽတ္ၿပီး ရည္းစားနဲ႕အတူ ေရႀကီးေရလွ်ံကို ေက်ာ္ျဖတ္ယ့္ အစား သူ႕ကိုသယ္နိုင္လားလို႔ ေကာင္မေလးကို ေမးလိုက္ပါတယ္ ။ ေကာင္မေလးက သူမရဲ႕ေကာင္ေလးကိုအရမ္းခ်စ္ၿပီး သူ႕ဖိနပ္ကိုမပ်က္စီးေစခ်င္တာေၾကာင့္ “ဖိနပ္ ပ်က္စီးလိုက္ရင္ သူ႕ကိုျပန္ျပင္ဖို႔ အခ်ိန္အမ်ားႀကီးေပးရလိမ့္မယ္” လို႔ ေျပာၿပီး ေကာင္ေလးကို ေက်ာပိုးခဲ့လိုက္တာပါ ။

Netizen ေတြက ေကာင္မေလးကို ခ်ီးက်ဴးတဲ့သူအမ်ားႀကီးရွိေပမဲ့ ေကာင္ေလးရဲ႕လုပ္ရပ္ေတြကို အမ်ားစုက သေဘာမက်ခဲ့ပါဘူး ။ မွတ္ခ်က္ေပးသူတစ္ဦးက“ အဲဒါကသူတို႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရးဘဲေလ ၊ ငါေျပာပိုင္ခြင့္မရွိပါဘူး၊ ဒါေပမယ့္ ဒါကနည္းနည္းေလးေတာ့ မတရားဘူး။

သူငယ္ခ်င္း မင္းရဲ႕သားေရဖိနပ္ေတြကို မပ်က္စီးခ်င္ရင္ အဲဒါေတြကို ခြၽတ္လိုက္။ ၿပီးေတာ့ ဒီေကာင္မေလးကို ဘယ္လိုေျပာရမလဲေတာင္မသိေတာ့ပါဘူး၊ ႏုံခ်ာတာလား ?မိုက္မဲတာလား? ” ဆိုၿပီး Comment ေပးခဲ့ပါတယ္ ။

Credit – JRose (KBdailynews)