AMAZING
ချောမောလှသည့် ရုပ်ရည်ကြောင့် မိသားစုကိုထောက်ပံ့ နိုင်တဲ့အပြင် ညီမနှစ်ဦးကိုပါ ကျောင်းထားပေးနိုင်ခဲ့သော အသက် ၁၉နှစ်အရွယ် ကျောင်းသူလေး
ချောမောလှသည့် ရုပ်ရည်ကြောင့် မိသားစုကိုထောက်ပံ့ နိုင်တဲ့အပြင် ညီမနှစ်ဦးကိုပါ ကျောင်းထားပေးနိုင်ခဲ့သော အသက် ၁၉နှစ်အရွယ် ကျောင်းသူလေး
ယခုဖော်ပြပေးမယ့် မိန်းကလေးကတော့ ရုပ်ရည်ချောမောတဲ့သူဖြစ်သလို အလုပ်ကြိုးစားသူပဲဖြစ်ပါတယ်။ သူမကတော့ အထက်တန်းကျောင်းကို အောင်မြင်ထားတဲ့ ဗီယက်နမ်နိုင်ငံမှ Nguyen Ngoc Diep အမည်ရှိသည့် အသက်၁၉နှစ်အရွယ်ကောင်မလေးပဲဖြစ်ပါတယ်နော်။
သူမ၏ ဂုဏ်သတင်းလေးကို ပြောပြချင်တာဖြစ်ပါတယ်။ ကောင်မလေးဟာ အခုမှ အထက်တန်းကျောင်းကို အောင်မြင်ထားသူဖြစ်သော်လည်း ချောမောလှပလွန်းတဲ့ အလှတွေကြောင့် မော်ဒယ်လေးတစ်ဦးအဖြစ် အောင်မြင်နေပြီဖြစ်ပါတယ်။ သူမရဲ့ မျက်လုံး ၊ အပြုံးလေးတွေဟာ အပြစ်ပြောစရာမရှိဘူးလို့ရမှာပါ။
ကောင်မလေးဟာ ဓာတ်ပုံမော်ဒယ်အနေဖြင့် အောင်မြင်လာခဲ့သောကြောင့် ညီမနှစ်ဦးဖြစ်သူကို ကျောင်းထားပေးပြီး အမကြီးတစ်ယောက်၏ တာဝန်ကို ယူဆောင်နိုင်တယ်ဟု ဆိုခဲ့ပါတယ်။ထို့အပြင်ကောင်မလေးဟာ မိဘများကိုလည်း ထောက်ပံပေးနိုင်သည်အထိ အောင်မြင်နေသူလည်းဖြစ်ပါတယ်။
ကောင်မလေးဟာ အထက်တန်းအောင်မြင်သွားပြီဖြစ်သောကြောင့် သူမ၏အိမ်မက်ဖြစ်သော ရှေ့နေတစ်ဦးဖြစ်ရန် ကြိုးပမ်းသွားမည်ဟုလည်း ဆိုခဲ့ပါတယ်။ ရည်ရွယ်ချက်ရှိရှိကြိုးစားရင် ဘာမဆိုဖြစ်လာနိုင်ပါတယ်နော်။
JAZZ (Star Light)
Zawgyi
JAZZ (Star Light)