KNOWLEDGE

ကမ္ဘာပေါ်ကနိုင်ငံတွေအားလုံးရဲ့ သာမန်ကော်ဖီတွေနဲ့မတူပဲ ဆင်မစင်နဲ့ပြုလုပ်ထားတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ကော်ဖီ

ကမ္ဘာပေါ်ကနိုင်ငံတွေအားလုံးရဲ့ သာမန်ကော်ဖီတွေနဲ့မတူပဲ ဆင်မစင်နဲ့ပြုလုပ်ထားတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ကော်ဖီ

ကမ္ဘာပေါ်မှာနာမည်ကြီးတဲ့ကော်ဖီအမျိုးမျိုးရှိတာပရိသတ်ကြီးလည်းသိရှိကြမှာပါ။ဒါပေမယ့်ခုဖော်ပြမယ့်ကော်ဖီကတော့နာမည်လည်းကြီးသလို ထူးလည်းဆန်းတဲ့ ကော်ဖီဖြစ်ပါတယ်။ အဲ့ဒီကော်ဖီအမျိုးအစားကတော့ ကမ္ဘာ့ဈေးအကြီးဆုံး ကော်ဖီ‌တွေထဲက တစ်ခုဖြစ်ပြီး ဆင်ရဲ့ မစင်နဲ့ ပြုလုပ်ထားတဲ့ ကော်ဖီပဲ ဖြစ်ပါတယ်။

ဒီကော်ဖီကိုတော့ ထိုင်းနိုင်ငံက စတင်ခဲ့တာဖြစ်ပြီးဆင်တွေကိုအရည်သွေးကောင်းတဲ့ ကော်ဖီစေ့တွေနဲ့ အစာထဲ ထည့်သွင်းရောစပ်ကျွေးမွေးတာပဲ ဖြစ်ပါတယ်။ဆင်တွေရဲ့အစာချက်ချိန်ဟာကျန်တဲ့သတ္တဝါတွေထက်ပိုကြာမြင့်ပြီးအစာစားပြီး၁၅နာရီလောက်မှမစင်ပြန်စွန့်ကြတက်ပါတယ်။

ဒါ့ကြောင့် ကော်ဖီစေ့တွေဟာ ဆင်တွေရဲ့ ဝမ်းဗိုက်ထဲမှာ အချိန်ကြာမြင့်စွာရှိနေပြီး ကော်ဖီရဲ့ မူလအခါးဓာတ်ကိုလျော့ချပေးလိုက်တာပဲဖြစ်ပါတယ်။ ဒီနည်းလမ်းကလည်း ကော်ဖီပြုလုပ်ရမှာ ထူးဆန်းတဲ့နည်းတွေထဲက တစ်ခုပါပဲ။

အဲ့ဒီနောက်မှာတော့ဆင်တွေမစင်စွန့်မယ့်အချိန်ကိုစောင့်ကြည့်ပြီးအဲ့မစင်ထဲကနေကော်ဖီစေ့များကိုပြန်လည်ရွေးယူကြတာပဲဖြစ်ပါတယ်။ ရွေးပြီးသွားတဲ့ ကော်ဖီစေ့တွေကို အခြောက်လှန်းပြီး ဈေးကွက်မှာ ရောင်းချကြပါတယ်။ အဲ့ဒီ ကော်ဖီမှုန့် တစ်ကီလိုဂရမ်ကို ဒေါ်လာ ၁၁၀၀ အထိတောင်ရှိပြီး နိုင်ငံတစ်ကာ အဆင့်မြင့် ဟိုတယ်တွေမှာတော့ အဲ့ဒီကော်ဖီတစ်ခွက်ရဲ့ ဈေးနှုန်းဟာ ဒေါ်လာ ၅၀တန်ဖိုးရှိပါတယ်။

Zawgyi

ကမာၻေပၚကနိုင္ငံေတြအားလုံးရဲ႕ သာမန္ေကာ္ဖီေတြနဲ႕မတူပဲ ဆင္မစင္နဲ႕ျပဳလုပ္ထားတဲ့ ကမာၻ႔ေဈးအႀကီးဆုံး ေကာ္ဖီ

ကမာၻေပၚမွာနာမည္ႀကီးတဲ့ေကာ္ဖီအမ်ိဳးမ်ိဳးရွိတာပရိသတ္ႀကီးလည္းသိရွိၾကမွာပါ။ဒါေပမယ့္ခုေဖာ္ျပမယ့္ေကာ္ဖီကေတာ့နာမည္လည္းႀကီးသလို ထူးလည္းဆန္းတဲ့ ေကာ္ဖီျဖစ္ပါတယ္။ အဲ့ဒီေကာ္ဖီအမ်ိဳးအစားကေတာ့ ကမာၻ႔ေဈးအႀကီးဆုံး ေကာ္ဖီ‌ေတြထဲက တစ္ခုျဖစ္ၿပီး ဆင္ရဲ႕ မစင္နဲ႕ ျပဳလုပ္ထားတဲ့ ေကာ္ဖီပဲ ျဖစ္ပါတယ္။

ဒီေကာ္ဖီကိုေတာ့ ထိုင္းနိုင္ငံက စတင္ခဲ့တာျဖစ္ၿပီးဆင္ေတြကိုအရည္ေသြးေကာင္းတဲ့ ေကာ္ဖီေစ့ေတြနဲ႕ အစာထဲ ထည့္သြင္းေရာစပ္ေကြၽးေမြးတာပဲ ျဖစ္ပါတယ္။
ဆင္ေတြရဲ႕အစာခ်က္ခ်ိန္ဟာက်န္တဲ့သတၱဝါေတြထက္ပိုၾကာျမင့္ၿပီးအစာစားၿပီး၁၅နာရီေလာက္မွမစင္ျပန္စြန႔္ၾကတက္ပါတယ္။

ဒါ့ေၾကာင့္ ေကာ္ဖီေစ့ေတြဟာ ဆင္ေတြရဲ႕ ဝမ္းဗိုက္ထဲမွာ အခ်ိန္ၾကာျမင့္စြာရွိေနၿပီး ေကာ္ဖီရဲ႕ မူလအခါးဓာတ္ကိုေလ်ာ့ခ်ေပးလိုက္တာပဲျဖစ္ပါတယ္။ ဒီနည္းလမ္းကလည္း ေကာ္ဖီျပဳလုပ္ရမွာ ထူးဆန္းတဲ့နည္းေတြထဲက တစ္ခုပါပဲ။

အဲ့ဒီေနာက္မွာေတာ့ဆင္ေတြမစင္စြန႔္မယ့္အခ်ိန္ကိုေစာင့္ၾကည့္ၿပီးအဲ့မစင္ထဲကေနေကာ္ဖီေစ့မ်ားကိုျပန္လည္ေ႐ြးယူၾကတာပဲျဖစ္ပါတယ္။ ေ႐ြးၿပီးသြားတဲ့ ေကာ္ဖီေစ့ေတြကို အေျခာက္လွန္းၿပီး ေဈးကြက္မွာ ေရာင္းခ်ၾကပါတယ္။ အဲ့ဒီ ေကာ္ဖီမႈန႔္ တစ္ကီလိုဂရမ္ကို ေဒၚလာ ၁၁၀၀ အထိေတာင္ရွိၿပီး နိုင္ငံတစ္ကာ အဆင့္ျမင့္ ဟိုတယ္ေတြမွာေတာ့ အဲ့ဒီေကာ္ဖီတစ္ခြက္ရဲ႕ ေဈးႏႈန္းဟာ ေဒၚလာ ၅၀တန္ဖိုးရွိပါတယ္။