AMAZING

အရမ်းကို အရသာရှိလွန်းလို့ ငါးဖမ်းသမားတွေအကြိုက်တွေ့နေတဲ့ လူသွားငါးကိုယ် ငါးမျိုးစိတ်

အရမ်းကို အရသာရှိလွန်းလို့ ငါးဖမ်းသမားတွေအကြိုက်တွေ့နေတဲ့ လူသွားငါးကိုယ် ငါးမျိုးစိတ်

ပြီးခဲ့တဲ့ ဩဂုတ်လ၂ရက်နေ့မှာ မြောက်ကယ်လီဖိုးနီယားက တံငါသည်တဦးဟာ ထူးဆန်းတဲ့ငါးတကောင်ကို ဖမ်းမိခဲ့ပါတယ်။ လူတယောက်ရဲ့သွားနဲ့အင်မတန်တူလွန်းနေတဲ့ အဆိုပါငါးကို ဆိုရှယ်မီဒီယာထက်မှာ တင်ပေးခဲ့ပြီး၊ မမြင်ဖူးတဲ့ လူတွေကို အံ့အားသင့်စေခဲ့ပါတယ်။

နသန်မာတင်ဆိုတဲ့ အမျိုးသားဖမ်းမိခဲ့တဲ့ငါးဟာ ၉ပေါင်အလေးချိန်ရှိပါတယ်။ ဖမ်းရခက်တဲ့ငါးအမျိုးအစားထဲပါပြီး၊ အရသာက အင်မတန်ကောင်းတယ်လို့ သူကပြောပါတယ်။ ကမ္ဘာမှာ အမြဲမတွေ့ဖူးပေမဲ့ ဘိုင်အိုလော်ဂျီအခေါ်အရ လူသွားနဲ့ငါးကို Sheepshead လို့ ခေါ်ပါတယ်။

မြောက်ကယ်လီဖိုးနီးယား သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိန်းသိမ်းရေးကော်မတီရဲ့ သုတေသနအရ ငါးတွေက ပုံမှန်တန်း လက်မ ၃၀အရွယ်အစားရှိပါတယ်။ အလေး ချိန် ၅ပေါင်ကနေ ၁၅ပေါင်ကြားရှိပြီး၊ ငါးကိုယ်လုံးဘေးမှာ အမည်းရောင်အတန်းလေး ငါးကြောင်းကနေ ခြောက်ကြောင်းအထိအမြဲပါတယ်လို့ဆိုပါတယ်။

စားသုံးလို့ရတဲ့ငါးအဖြစ်မကြေညာထားပေမဲ့ တံငါသည်တွေနဲ့ အပျော်တမ်းငါးဖမ်းသမားတွေက အရသာကောင်းလွန်းလို့ ခဏခဏဖမ်းစားကြပါတယ်။ သွားတွေကကောင်းလွန်းတဲ့အတွက် ခရုခွံတွေ၊ ပင်လယ်ဆူးလုံးတွေကိုပါ ကိုက်ဖြတ်နိုင်တယ်လို့ သိရပါတယ်။

မြောက်ကယ်လီဖိုးနီးယားမှာပဲ အတွေ့များတဲ့အတွက် Sheepshead တွေကို အလွန်အကျွံဖမ်းတာမျိုးခွင့်မပြုပါဘူး။ အလွန်အကျွံဖမ်းရင် မျိုးတုန်းမှာနဲ့ တခြားဖြစ် လာနိင်တဲ့ ပြဿနာတွေကြောင့်တားဆီးထားပါတယ်။ ဒါပေမဲ့ ငါးဖမ်းသမားတွေကတော့ အရသာရှိလို့ဖမ်းစားနေကြပါတယ်။

Credit

Zawgyi

အရမ္းကို အရသာရွိလြန္းလို႔ ငါးဖမ္းသမားေတြအႀကိဳက္ေတြ႕ေနတဲ့ လူသြားငါးကိုယ္ ငါးမ်ိဳးစိတ္

ၿပီးခဲ့တဲ့ ဩဂုတ္လ၂ရက္ေန႕မွာ ေျမာက္ကယ္လီဖိုးနီယားက တံငါသည္တဦးဟာ ထူးဆန္းတဲ့ငါးတေကာင္ကို ဖမ္းမိခဲ့ပါတယ္။ လူတေယာက္ရဲ႕သြားနဲ႕အင္မတန္တူလြန္းေနတဲ့ အဆိုပါငါးကို ဆိုရွယ္မီဒီယာထက္မွာ တင္ေပးခဲ့ၿပီး၊ မျမင္ဖူးတဲ့ လူေတြကို အံ့အားသင့္ေစခဲ့ပါတယ္။

နသန္မာတင္ဆိုတဲ့ အမ်ိဳးသားဖမ္းမိခဲ့တဲ့ငါးဟာ ၉ေပါင္အေလးခ်ိန္ရွိပါတယ္။ ဖမ္းရခက္တဲ့ငါးအမ်ိဳးအစားထဲပါၿပီး၊ အရသာက အင္မတန္ေကာင္းတယ္လို႔ သူကေျပာပါတယ္။ ကမာၻမွာ အၿမဲမေတြ႕ဖူးေပမဲ့ ဘိုင္အိုေလာ္ဂ်ီအေခၚအရ လူသြားနဲ႕ငါးကို Sheepshead လို႔ ေခၚပါတယ္။

ေျမာက္ကယ္လီဖိုးနီးယား သဘာဝပတ္ဝန္းက်င္ဆိုင္ရာထိန္းသိမ္းေရးေကာ္မတီရဲ႕ သုေတသနအရ ငါးေတြက ပုံမွန္တန္း လက္မ ၃၀အ႐ြယ္အစားရွိပါတယ္။ အေလး ခ်ိန္ ၅ေပါင္ကေန ၁၅ေပါင္ၾကားရွိၿပီး၊ ငါးကိုယ္လုံးေဘးမွာ အမည္းေရာင္အတန္းေလး ငါးေၾကာင္းကေန ေျခာက္ေၾကာင္းအထိအၿမဲပါတယ္လို႔ဆိုပါတယ္။

စားသုံးလို႔ရတဲ့ငါးအျဖစ္မေၾကညာထားေပမဲ့ တံငါသည္ေတြနဲ႕ အေပ်ာ္တမ္းငါးဖမ္းသမားေတြက အရသာေကာင္းလြန္းလို႔ ခဏခဏဖမ္းစားၾကပါတယ္။ သြားေတြကေကာင္းလြန္းတဲ့အတြက္ ခ႐ုခြံေတြ၊ ပင္လယ္ဆူးလုံးေတြကိုပါ ကိုက္ျဖတ္နိုင္တယ္လို႔ သိရပါတယ္။

ေျမာက္ကယ္လီဖိုးနီးယားမွာပဲ အေတြ႕မ်ားတဲ့အတြက္ Sheepshead ေတြကို အလြန္အကြၽံဖမ္းတာမ်ိဳးခြင့္မျပဳပါဘူး။ အလြန္အကြၽံဖမ္းရင္ မ်ိဳးတုန္းမွာနဲ႕ တျခားျဖစ္ လာနိင္တဲ့ ျပႆနာေတြေၾကာင့္တားဆီးထားပါတယ္။ ဒါေပမဲ့ ငါးဖမ္းသမားေတြကေတာ့ အရသာရွိလို႔ဖမ္းစားေနၾကပါတယ္။

Credit