AMAZING

ဒဏ္ဍာရီထဲက နတ်သူငယ်လေးအလား ဆင်တူချင်လို့ ငွေကြေးမြောက်များစွာ အကုန်အကျခံပြီး ပြုပြင်ခဲ့တဲ့ အမျိုးသား နာမည်ကြီးနေ

ဒဏ္ဍာရီထဲက နတ်သူငယ်လေးအလား ဆင်တူချင်လို့ ငွေကြေးမြောက်များစွာ အကုန်အကျခံပြီး ပြုပြင်ခဲ့တဲ့ အမျိုးသား နာမည်ကြီးနေ

Luis Padron လို့ အမည်ရတဲ့ အမျိုးသားဟာ ငယ်ရွယ်စဉ်ကတည်က သူ့ရဲ့အခြားသူတွေနဲ့မတူတဲ့ ရုပ်ရည်မျိုးပိုင်ဆိုင်ထားသူပါ ။ အသားအရေကလည်း အခြားသူတွေထက်ဖြူဖွေးလင်းလက်လွန်းနေပြီး ၊ မျက်ဝန်းကလည်း ပိုပြီးကျယ်နေခဲ့ပါတယ် ။ ဒါကြောင့်အခြားသူတွေနဲ့မတူဘူးဆိုပြီး ငယ်စဉ်ကတည်းက စနောက်ဝေဖန်ခံခဲ့ရသူပါ ။

သို့ပေမဲ့လည်း elf ရုပ်ရှင်တွေ ၊ ဒဏ္ဍာရီဆန်တဲ့ ဇာတ်ကားတွေကိုကြည့်ပြီး ကိုယ့်ကိုနှစ်သိမ့်ခဲ့သူပါ ။ အသက် 14 နှစ်အရွယ်ရောက်ခဲ့ချိန်မှာတော့ ကြည့်နေကျရုပ်ရှင်ထဲကဇာတ်ကောင်တွေအတိုင်း ပြုပြင်ပြောင်းလဲပြီးနေထိုင်ဖို့ စိတ်ဆုံးဖြတ်ပစ်ခဲ့ပါတယ် ။

အသက် 20 အရွယ်မှာ စပြီးပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ခဲ့ကာ ၊ အသက် 25 နှစ်အရွယ်မှာတော့ တစ်ကယ့် ဒဏ္ဍာရီလာနတ်သူငယ်လို အကုန်ပြုပြင်ခဲ့ပါတယ် ။ နာရွက် ၊ မျက်နှာ ၊ နှာခေါင်း ၊ မျက်လုံးတွေပါမကျန် ဆံပင်တွေပါ အမြဲ အဖြူတစ်ရောင်ထဲထွက်လာအောင်ပြုပြင်ခဲ့ပါသေးတယ် ။

အဆိုပါမျိုးစုံပြုပြင်စရိတ်မှာ တစ်လကို $5,000 ခန့်ကျသင့်ခဲ့ကြောင်း နှင့် အဆိုပါ ငွေကြေးတွေကို model ၊ cosplay player တွေအဖြစ် ပြုလုပ်ခဲ့တဲ့ အလုပ်တွေကနေ ရရှိခဲ့ကြောင်းလည်း သိရပါတယ် ။

Credit – Jasmine (kbdailynews)

Zawgyi





