DAILY THADIN

ငါးကြော်စားချင်တာကြောင့် ငွေ ၂ သိန်းကျော်တန်ဖိုးရှိသည့် သားဖြစ်သူရဲ့ အလှမွေးငါးကို ဇာတ်သိမ်းပေးလိုက်တဲ့ ဖခင်

ငါးကြော်စားချင်တာကြောင့် ငွေ ၂ သိန်းကျော်တန်ဖိုးရှိသည့် သားဖြစ်သူရဲ့ အလှမွေးငါးကို ဇာတ်သိမ်းပေးလိုက်တဲ့ ဖခင်

ကိုယ်တန်ဖိုးထားပြီး အချိန်အတော်ကြာမွေးထားရတဲ့ငါးကို မိသားစုဝင်တစ်ယောက်က ကြော်စားပစ်လိုက်တယ်ဆိုတဲ့ ခံစားချက်ကို ငါးမွေးသူတွေပဲ နားလည်တတ်မှာပါ ။ ဒီတစ်ခေါက်မှာလည်း အင်ဒိုနီးရှားနိုင်ငံမှာနေထိုင်တဲ့ Bayu အမည်ရှိတဲ့အမျိုးသားဟာ သူ့ရဲ့အဖြစ်အပျက်ကို Instagram ပေါ်မှာပြန်လည်ဝေမျှခဲ့ပါတယ် ။

အဖြစ်အပျက်ကတော့ Bayu ဟာ အသက် 4နှစ်အရွယ် Arowana အမျိုးအစားငါးကို 800,000 rupiahs (မြန်မာငွေ 8သောင်းကျော်) တန်ဖိုးရှိတဲ့ ငါးတစ်ကောင်ကိုဝယ်ယူပြီးနောက် သူနဲ့အတူ 2နှစ်ခန့် မွေးထားခဲ့ပါတယ် ။ သို့ပေမဲ့လည်း တစ်ရက်မှာတော့ Bayu ဟာ သူ၏ ငါးကန်ဟာအတော်လေးသေးနေလို့ဆိုပြီး ငါးကိုသူ၏မိဘအိမ်ဆီသို့ယူဆောင်ပြီး ငါးကန်အကျယ်လေးမှာ ပြောင်းရွှေ့ပေးခဲ့ပါတယ် ။

Bayu ရဲ့ဖခင်ဖြစ်သူမှာတော့ ငါးကိုလုံးဝဂရုမစိုက်ခဲ့ပါဘူး ။ Arowana ငါးဟာ ပုံမှန်ဆိုရင် ပုရစ်ကောင် နှင့် ကင်းခြေများ တို့ကို စားလေ့ရှိပေမဲ့လည်း Bayu ရဲ့ဖခင်ဟာ ငါးကို အိမ်မြောင်တွေသာအမြဲကျွေးခဲ့ပါတယ် ။ ထို့ကြောင့် ငါးရဲ့ကျန်းမာရေးအခြေအနေဟာ ဆိုးဝါးလာခဲ့ပြီး နောက်ပိုင်း ငါးလေးရဲ့မျက်လုံးဟာ မမြင်ရတော့ပါဘူး ။ ငါးရဲ့မျက်လုံး ပြန်မြင်အောင် Bayu ဟာ ငါးကိုဆေးခန်းသို့ခေါ်ဆောင်သွားခဲ့ပါသေးတယ် ။

တစ်ရက်မှာတော့ Bayu ရဲ့ညီငယ်တစ်ယောက်ဟာ ဖခင်ဖြစ်သူက အဆိုပါငါးလေးကိုကြော်စားနေတဲ့ ဓာတ်ပုံကိုပို့လာခဲ့ပါတယ် ။ အဆိုပါဓာတ်ပုံကို မြင်လိုက်ချိန်မှာ Bayu ဟာ အတော်စိတ်ဆိုးဒေါသထွက်ခဲ့ပေမဲ့လည်း ငါးလေးသေသွားပြီဆိုတာကိုလက်ခံခဲ့ရပါတော့တယ် ။

အဆိုပါ ငါးကြော်ကိုတော့ သူ၏ဖခင်တစ်ဦးတည်းကသာ စားခဲ့ပါတယ် ။ ယခုချိန်မှာတော့ အဆိုပါငါး၏ပေါက်ဈေးမှာ မြန်မာငွေ 2သိန်းကျော်ခန့်ရှိနေပြီဖြစ်ပြီး Bayu ကတော့ ပြန်ရောင်းဖို့မွေးမြူ ခဲ့တာမဟုတ်ကြောင်း ပြောဆိုသွားခဲ့ပါတယ် ။

Zawgyi

ငါးေၾကာ္စားခ်င္တာေၾကာင့္ ေငြ ၂ သိန္းေက်ာ္တန္ဖိုးရွိသည့္ သားျဖစ္သူရဲ႕ အလွေမြးငါးကို ဇာတ္သိမ္းေပးလိုက္တဲ့ ဖခင္

ကိုယ္တန္ဖိုးထားၿပီး အခ်ိန္အေတာ္ၾကာေမြးထားရတဲ့ငါးကို မိသားစုဝင္တစ္ေယာက္က ေၾကာ္စားပစ္လိုက္တယ္ဆိုတဲ့ ခံစားခ်က္ကို ငါးေမြးသူေတြပဲ နားလည္တတ္မွာပါ ။ ဒီတစ္ေခါက္မွာလည္း အင္ဒိုနီးရွားနိုင္ငံမွာေနထိုင္တဲ့ Bayu အမည္ရွိတဲ့အမ်ိဳးသားဟာ သူ႕ရဲ႕အျဖစ္အပ်က္ကို Instagram ေပၚမွာျပန္လည္ေဝမွ်ခဲ့ပါတယ္ ။

အျဖစ္အပ်က္ကေတာ့ Bayu ဟာ အသက္ 4ႏွစ္အ႐ြယ္ Arowana အမ်ိဳးအစားငါးကို 800,000 rupiahs (ျမန္မာေငြ 8ေသာင္းေက်ာ္) တန္ဖိုးရွိတဲ့ ငါးတစ္ေကာင္ကိုဝယ္ယူၿပီးေနာက္ သူနဲ႕အတူ 2ႏွစ္ခန႔္ ေမြးထားခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း တစ္ရက္မွာေတာ့ Bayu ဟာ သူ၏ ငါးကန္ဟာအေတာ္ေလးေသးေနလို႔ဆိုၿပီး ငါးကိုသူ၏မိဘအိမ္ဆီသို႔ယူေဆာင္ၿပီး ငါးကန္အက်ယ္ေလးမွာ ေျပာင္းေ႐ႊ႕ေပးခဲ့ပါတယ္ ။

Bayu ရဲ႕ဖခင္ျဖစ္သူမွာေတာ့ ငါးကိုလုံးဝဂ႐ုမစိုက္ခဲ့ပါဘူး ။ Arowana ငါးဟာ ပုံမွန္ဆိုရင္ ပုရစ္ေကာင္ ႏွင့္ ကင္းေျခမ်ား တို႔ကို စားေလ့ရွိေပမဲ့လည္း Bayu ရဲ႕ဖခင္ဟာ ငါးကို အိမ္ေျမာင္ေတြသာအၿမဲေကြၽးခဲ့ပါတယ္ ။ ထို႔ေၾကာင့္ ငါးရဲ႕က်န္းမာေရးအေျခအေနဟာ ဆိုးဝါးလာခဲ့ၿပီး ေနာက္ပိုင္း ငါးေလးရဲ႕မ်က္လုံးဟာ မျမင္ရေတာ့ပါဘူး ။ ငါးရဲ႕မ်က္လုံး ျပန္ျမင္ေအာင္ Bayu ဟာ ငါးကိုေဆးခန္းသို႔ေခၚေဆာင္သြားခဲ့ပါေသးတယ္ ။

တစ္ရက္မွာေတာ့ Bayu ရဲ႕ညီငယ္တစ္ေယာက္ဟာ ဖခင္ျဖစ္သူက အဆိုပါငါးေလးကိုေၾကာ္စားေနတဲ့ ဓာတ္ပုံကိုပို႔လာခဲ့ပါတယ္ ။ အဆိုပါဓာတ္ပုံကို ျမင္လိုက္ခ်ိန္မွာ Bayu ဟာ အေတာ္စိတ္ဆိုးေဒါသထြက္ခဲ့ေပမဲ့လည္း ငါးေလးေသသြားၿပီဆိုတာကိုလက္ခံခဲ့ရပါေတာ့တယ္ ။

အဆိုပါ ငါးေၾကာ္ကိုေတာ့ သူ၏ဖခင္တစ္ဦးတည္းကသာ စားခဲ့ပါတယ္ ။ ယခုခ်ိန္မွာေတာ့ အဆိုပါငါး၏ေပါက္ေဈးမွာ ျမန္မာေငြ 2သိန္းေက်ာ္ခန႔္ရွိေနၿပီျဖစ္ၿပီး Bayu ကေတာ့ ျပန္ေရာင္းဖို႔ေမြးျမဴ ခဲ့တာမဟုတ္ေၾကာင္း ေျပာဆိုသြားခဲ့ပါတယ္ ။

Credit – Jasmine (Mckzone Daily)