AMAZING

ကြည့်ကောင်းပြီး မည်းနက်လွန်းတဲ့အသားအရောင်ကြောင့် ကမ္ဘာ့အသားအမည်းဆုံး မော်ဒယ်အဖြစ် သတ်မှတ်ခံထားရသူ

ကြည့်ကောင်းပြီး မည်းနက်လွန်းတဲ့အသားအရောင်ကြောင့် ကမ္ဘာ့အသားအမည်းဆုံး မော်ဒယ်အဖြစ် သတ်မှတ်ခံထားရသူ

South Sudanese နိုင်ငံနှင့်မျိုးရိုးဆက်နွယ်တဲ့ Nyakim အမည်ရှိအမျိုးသမီးတစ်ဦးကို Ethiopia နိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။ပဋိပက္ခများကြောင့် မကြာခဏရွေ့ပြောင်းသွားလာခြင်းက Nyakim ရဲ့ကလေးဘဝအမှတ်တရအဖြစ်သာ ကျန်ရှိနေခဲ့ရပါတယ်။

Nyakim ဟာ သူမဆယ်ကျော်သက်အရွယ်မှာ အမေရိကန်နိုင်ငံ Minnesota ပြည်နယ် Minneapolisမြို့သို့ပြောင်းရွှေ့လာခဲ့ပြီး အထက်တန်းနှင့်ကောလိပ်ကိုဆက်လက်တက်ရောက်သင်ယူခဲ့ပါတယ်။လူများစွာနှင့်မတူဘဲ Nyakim ဟာ ပုံမှန်မဟုတ်တဲ့တောက်ပလွန်းတဲ့အနက်ရောင်အသားအရေကို ပိုင်ဆိုင်ထားပါတယ်။

လူဖြူအုပ်ကြားမှာ ရှိနေတတ်တဲ့ သူမဟာ အမြဲထင်ရှားနေပေမယ့် သူမရဲ့ပြင်းထန်တဲ့ကွဲပြားခြားနားမှုနဲ့ပတ်သက်ပြီး သူမ ဟာ မရှက်ခဲ့သလို လုံးဝကို ယုံကြည်မှုရှိနေခဲ့ပြီး သူမရဲ့အမည်းရောင်အသားအရေကို သဘောကျနေခဲ့ပါတယ်။သူမဟာ Taxi စီးနေစဉ် ဒရိုင်ဘာက သူမအား “မင်းကို ဒေါ်လာ ၁၀,၀၀၀ ပေးခဲ့ရင် မင်းအသားအရေကို ဓာတုပစ္စည်းနဲ့ဖြူအောင်လုပ်မှာလား” လို့ အမေးခံခဲ့ရဖူးပါတယ်။

ထို့နောက် Nyakim က ရယ်လိုက်ပြီး ဘာလို့အကြံပေးတာလဲလို့မေးတော့ ဒရိုင်ဘာက ပိုမိုပေါ့ပါးတဲ့အသားအရေအရောင်က သူမအား ပိုမိုလွယ်ကူတဲ့ ဘဝ၊ဆက်ဆံရေးတွေကို ပိုရရှိစေပြီး အလုပ်အကိုင်အခွင့်အလမ်းရှာရာမှာလည်း အကူအညီပေးလိမ့်မယ်လို့ သူမအား ဖြေကြားခဲ့ပါတယ်။

ထို့နောက် “ ဖြူဖွေးတဲ့အသားအရေက ဘဝကို ပိုမိုလွယ်ကူစေနိုင်တယ် ဒါမဲ့ ခက်ခဲတဲ့လမ်းကိုဘဲ ကျွန်မလျှောက်ချင်တယ် ” လို့ Nyakim က ပြတ်သားစွာ ပြန်ပြောလိုက်ပါတယ်။ ” အနက်ရောင်ဟာ ရဲရင့်တဲ့အရောင်၊အလွန်လှပပြီး အလွန်ကို အဖိုးတန်ပါတယ် ၊အမေရိကန်စံနှုန်းတွေက အာဖရိကတွေရဲ့နှလုံးသားကို မထိခိုက်စေပါနဲ့” လို့ Nyakim က ကြေငြာခဲ့ပါသေးတယ်။

Nyakim ဟာ ခွဲခြားဆက်ဆံခြင်းကို ဆန့်ကျင်တိုက်ခိုက်ရာမှာ ဦးဆောင်သူတစ်ဦးဖြစ်လာခဲ့ပြီး သူမဟာ လူမည်းအသိုင်းအဝိုင်းမှလူများစွာအား မိမိကိုယ်ကိုယုံကြည်မှုရှိစေရန် လှုံ့ဆော်ပေးခဲ့ပါတယ်။သူမအသက် ၂၇ နှစ်မှာ သူမရဲ့ Instagram account ဟာ followerပေါင်း ၉၃၇,၀၀၀ အထိရှိပြီး ပါရမီရှိတဲ့မော်ဒယ်တစ်ဦးအဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။

Nyakim ဟာ သူမရဲ့ပုံမှန်မဟုတ်တဲ့ဆွဲဆောင်မှုရှိတဲ့အလှတရားကြောင့် Like ပေါင်းသောင်းချီကို အမြဲရရှိပါတယ်။Celebrity How ရဲ့အဆိုအရ Nyakim ရဲ့ပိုင်ဆိုင်မှုက Fashion Nova, Calvin Klein, Aldo နှင့် Cosmopolitan ကဲ့သို့သောကုမ္ပဏီများရဲ့ brand ambassador နှင့် မော်ဒယ်စာချုပ်များမှ ဒေါ်လာ ၄ သန်းခန့်အထိ ဝင်ငွေရှိကြောင်း သိရပါတယ်။

Credit – Mia (Mckzone Daily)