AMAZING

အများကို ကြွားချင်တာကြောင့် ပြိုင်ကား ငှားစီးခဲ့တဲ့ အမျိုးသမီးရဲ့ ရင်ထုမနာ အဖြစ်အပျက်

အများကို ကြွားချင်တာကြောင့် ပြိုင်ကား ငှားစီးခဲ့တဲ့ အမျိုးသမီးရဲ့ ရင်ထုမနာ အဖြစ်အပျက်

လူအထင်အကြီး ခံချင်တဲ့ စိတ်က လူတော်တော်များများမှာ ရှိတတ်ကြပါတယ်။ တစ်ချို့ကျတော့ ပိုက်ဆံရှိလို့ ကြွားဝါပေမယ့် တစ်ချို့ကျတော့ မရှိဘဲနဲ့ ကြွားချင်ကြတာ လူတွေရဲ့ သဘာဝပါပဲ။

ဘယ်လိုပဲ ဖြစ်ဖြစ် ကြွားဝါချင်တဲ့ စိတ်က မကောင်းဘူးဆိုတာကို ဒီအဖြစ်အပျက်လေး နဲ့ ပြောပြပေးချင်ပါတယ်။

တရုတ်နိုင်ငံ Welling မြို့မှာ ဖြစ်ပျက်ခဲ့တဲ့ ဒီအဖြစ်အပျက်လေး ကတော့ ရယ်ရခက်၊ ငိုရခက် ပါပဲ။ တရုတ် အမျိုးသမီး တစ်ဦးဟာ သူ အရမ်းကြိုက်တဲ့ ပြိုင်ကားကို မောင်းဖူးတယ်ရှိအောင်ဆိုပြီး ငှားရမ်းခဲ့ပါတယ်။

ဖြစ်ချင်တော့လည်း သူမဟာ ပြိုင်ကား မမောင်းတတ်ဘူးနဲ့ တူပါရဲ့ငှားရမ်းပြီး မိနစ်အနည်းငယ်အတွင်းမှာပဲ ပြိုင်ကားက တစ်စစီ ပျက်စီးသွားပါတော့တယ်။ပုံမှာ မြင်တွေ့ရတဲ့ အတိုင်းပါပဲ၊ ကားဘီး တွေကလည်း ကျွတ်ထွက်လို့…. ရစရာ တစက်မှ မရှိတော့အောင် ပျက်စီးသွားခဲ့ပါတယ်။

အဲ့ဒီ့အမျိုးသမီးက အခုလို ဝန်ခံထားပါတယ် ” ကျမ ကားလမ်းကို ပြောင်းပြန် မောင်းမိသွားတာကို သိလိုက်မိတာ နဲ့ ဘရိတ်အုတ်ခဲ့ပါတယ်။ ဒါပေမယ့် အရှိန်မထိန်း နိုင်ဘဲ လမ်းတစ်ဖက်ကို ချော်ထွက်ပြီး အကုန်ဝင်တိုက် ခဲ့ပါတယ်”လို့ သိရပါတယ်။

ကံကောင်းချင်တော့လည်း သူမက အသက်မသေခဲ့တဲ့ အပြင် အထိအခိုက် အနာတရ မရှိခဲ့ပါဘူး။ ကံဆိုးတာကတော့ ကားပိုင်ရှင်ကိုလည်း ဒေါ်လာ ၅ သိန်း လျော်ကြေး ပေးဆောင်ရတော့မှာ ဖြစ်ပါတယ်။

ဒီအဖြစ်ပျက်လေးကတော့ လူမှုကွန်ရက် ပေါ်မှာ လူပြောများခဲ့ပြီး ကြွားချင်ဝါချင်တဲ့ သူတွေအတွက် သင်ခန်းစာ တစ်ခု ဖြစ်ခဲ့ပါတယ်။

Credit – Shwe Yaung Myanmar