AMAZING

ခေါက်ဆွဲရောင်းပြီး ဘဝတစ်လျှောက်လုံး ရှာထားတဲ့ ပိုက်ဆံတွေ အားလုံးကို ဆေးရုံသို့ လှူဒါန်းလိုက်တဲ့ အဖိုးနဲ့အဖွား

ခေါက်ဆွဲရောင်းပြီး ဘဝတစ်လျှောက်လုံး ရှာထားတဲ့ ပိုက်ဆံတွေ အားလုံးကို ဆေးရုံသို့ လှူဒါန်းလိုက်တဲ့ အဖိုးနဲ့အဖွား

လူသားတွေဟာ ရှေ့ရေးနောက်ရေးအတွက်စဉ်းစားပြီး အကြောင်းအမျိုးမျိုးနဲ့ ငွေစုဆောင်းတတ်ကြစမြဲပါ။သို့သော်လည်း ကိုယ့်တစ်ဘဝလုံးခြစ်ကုတ်စုဆောင်းထားရတဲ့ချွေးနဲစာတွေကို အများအကျိုးတွေအတွက် ပုံအောလှူဒါန်းရဲတဲ့လူသားကတော့ ဒီဇမ္ဘူမှာ ခပ်ရှားရှားရယ်လို့ ဆိုရမှာပါပဲ။

ထိုင်းနိုင်ငံ Chonburi မှာနေထိုင်ပြီး ဘဲသားခေါက်ဆွဲဆိုင်လေးဖွင့်ထားတဲ့ အသက် ၈၀ကျော်အရွယ် အဘိုးနဲ့အဘွားကတော့ သူတို့ရဲ့ဘဝတစ်လျှောက်လုံးစုဆောင်းထားတဲ့ငွေတွေကို ကိုဗစ် 19 တိုက်ဖျက်ရေးအတွက် ရည်ရွယ်ပြီး ဆေးရုံ ၂ရုံကိုလှူဒါန်းခဲ့ပါတယ်။

သူတို့ဟာ ဘဲသားခေါက်ဆွဲရောင်းရင်း သမ္မာအာဇီဝကျကျရလာတဲ့ငွေ ၁မီလီယံကျော်ကို ဆေးရုံ ၂ခုကို ခွဲဝေလှူဒါန်းခဲ့တာဖြစ်ပြီး ဒီလှူဒါန်းငွေတွေကို ကိုဗစ်ရောဂါရှိမရှိစမ်းသပ်သည့်ကိရိယာများနှင့် ကာကွယ်ဆေးများဝယ်ယူရန် အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဘိုးနဲ့အဘွားတို့ရဲ့စွန့်လွှတ်လှူဒါန်းရဲတဲ့ သတ္တိကတော့ တကယ့်ကိုလေးစားစရာပါပဲ။

ဒီလှူဒါန်းမှုနဲ့ပတ်သတ်ပြီး Daily News မှအင်တာဗျူးရာမှာတော့ အဖိုးနဲ့အဖွားတို့က သူတို့ခေါက်ဆွဲရောင်းနေတာ နှစ်၅၀ကျော်ပြီဖြစ်ကြောင်းနဲ့ အဘိုး Prachuap ခွဲစိတ်မှုတစ်ခုကြောင့် ဆေးရုံတက်ရစဉ် ကြင်ကြင်နာနာဆက်ဆံပေးခဲ့ကြတဲ့ ဆရာဝန်များကိုကျေးဇူးတင်တဲ့အနေနဲ့ ဒီလိုလှူဒါန်းခဲ့တာဖြစ်တယ်လို့ အဖိုးနဲ့အဖွားတို့ကဆိုပါတယ်။

Credit – Shwe Yaung Myanmar

Zawgyi

ေခါက္ဆြဲေရာင္းၿပီး ဘဝတစ္ေလွ်ာက္လုံး ရွာထားတဲ့ ပိုက္ဆံေတြ အားလုံးကို ေဆး႐ုံသို႔ လႉဒါန္းလိုက္တဲ့ အဖိုးနဲ႕အဖြား

လူသားေတြဟာ ေရွ႕ေရးေနာက္ေရးအတြက္စဥ္းစားၿပီး အေၾကာင္းအမ်ိဳးမ်ိဳးနဲ႕ ေငြစုေဆာင္းတတ္ၾကစၿမဲပါ။သို႔ေသာ္လည္း ကိုယ့္တစ္ဘဝလုံးျခစ္ကုတ္စုေဆာင္းထားရတဲ့ေခြၽးနဲစာေတြကို အမ်ားအက်ိဳးေတြအတြက္ ပုံေအာလႉဒါန္းရဲတဲ့လူသားကေတာ့ ဒီဇမၻဴမွာ ခပ္ရွားရွားရယ္လို႔ ဆိုရမွာပါပဲ။

ထိုင္းနိုင္ငံ Chonburi မွာေနထိုင္ၿပီး ဘဲသားေခါက္ဆြဲဆိုင္ေလးဖြင့္ထားတဲ့ အသက္ ၈၀ေက်ာ္အ႐ြယ္ အဘိုးနဲ႕အဘြားကေတာ့ သူတို႔ရဲ႕ဘဝတစ္ေလွ်ာက္လုံးစုေဆာင္းထားတဲ့ေငြေတြကို ကိုဗစ္ 19 တိုက္ဖ်က္ေရးအတြက္ ရည္႐ြယ္ၿပီး ေဆး႐ုံ ၂႐ုံကိုလႉဒါန္းခဲ့ပါတယ္။

သူတို႔ဟာ ဘဲသားေခါက္ဆြဲေရာင္းရင္း သမၼာအာဇီဝက်က်ရလာတဲ့ေငြ ၁မီလီယံေက်ာ္ကို ေဆး႐ုံ ၂ခုကို ခြဲေဝလႉဒါန္းခဲ့တာျဖစ္ၿပီး ဒီလႉဒါန္းေငြေတြကို ကိုဗစ္ေရာဂါရွိမရွိစမ္းသပ္သည့္ကိရိယာမ်ားႏွင့္ ကာကြယ္ေဆးမ်ားဝယ္ယူရန္ အသုံးျပဳသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

အဘိုးနဲ႕အဘြားတို႔ရဲ႕စြန့္လႊတ္လႉဒါန္းရဲတဲ့ သတၱိကေတာ့ တကယ့္ကိုေလးစားစရာပါပဲ။

ဒီလႉဒါန္းမႈနဲ႕ပတ္သတ္ၿပီး Daily News မွအင္တာဗ်ဴးရာမွာေတာ့ အဖိုးနဲ႕အဖြားတို႔က သူတို႔ေခါက္ဆြဲေရာင္းေနတာ ႏွစ္၅၀ေက်ာ္ၿပီျဖစ္ေၾကာင္းနဲ႕ အဘိုး Prachuap ခြဲစိတ္မႈတစ္ခုေၾကာင့္ ေဆး႐ုံတက္ရစဥ္ ၾကင္ၾကင္နာနာဆက္ဆံေပးခဲ့ၾကတဲ့ ဆရာဝန္မ်ားကိုေက်းဇူးတင္တဲ့အေနနဲ႕ ဒီလိုလႉဒါန္းခဲ့တာျဖစ္တယ္လို႔ အဖိုးနဲ႕အဖြားတို႔ကဆိုပါတယ္။

Credit – Shwe Yaung Myanmar