AMAZING

အလုပ်မရှိလို့ တောင်းစားနေရပေမယ့် တစ်နေ့ကို ယွမ် ၄၀၀အထိ ရှာဖွေနိုင်သည့်အပြင် မိန်းမချောချောလေးကိုပါ ပိုင်ဆိုင်ခဲ့သူ

အလုပ်မရှိလို့ တောင်းစားနေရပေမယ့် တစ်နေ့ကို ယွမ် ၄၀၀အထိ ရှာဖွေနိုင်သည့်အပြင် မိန်းမချောချောလေးကိုပါ ပိုင်ဆိုင်ခဲ့သူ

ဖြစ်စဥ်မှာ တရုတ်နိုင်ငံ Khai Phong-H Nam ကျေးလက်ဒေသရှိ Li Jinangအမည်ရှိ အသက် ၃၃နှစ်အရွယ် အမျိုးသားတစ်ဦးသည် စားဝတ်နေရေးအတွက် မြို့သို့တက်လာပြီး snack barတစ်ခုတွင် စားဖိုမှူးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

ထို့နောက် အဆင်မပြေ၍ အလုပ်မှထွက်ခဲ့ပြီး တတ်မြောက်ထားသည့် ပညာအရည်အချင်းကလည်း မရှိသည့်အတွက် အလုပ်ရှာမရပဲရှိခဲ့ရာ နောက်ဆုံး လမ်းမပေါ်ထွက်ပြီး သူတောင်းစားအဖြစ် လုပ်ကိုင်ရင်း ဝင်ငွေများစွာ ရှာနိုင်ခဲ့ပါတယ်။

အမျိုးသားသည် နေ့စဥ်အိမ်ကမထွက်မီ မိတ်ကပ်များစွာလိမ်းပြီး ညစ်ပတ်စုတ်ပြဲနေသည့် အဝတ်အစားများနှင့် တကယ့်သူတောင်းစားတစ်ယောက်လို ပြင်ဆင်ပြီး လမ်းမပေါ်ထွက်ခဲ့သည်။

အမျိုးသားလည်း သူတောင်းစားအလုပ်သည် တစ်နေ့ကို ယွမ် ၃၀၀ကနေ ၄၀၀ထိရရှိပြီး အခြားသော အသက်မွေး၀မ်းကျောင်းလုပ်ငန်းများထက် ဝင်ငွေပိုရရှိခဲ့ရာ ၈နှစ်အကြာလုပ်ကိုင်ပြီးနောက် အိမ်ကိုလည်း လစဥ်ပုံမှန်ငွေများထည့်ပေးနိုင်ပြီး တိုက်ခန်းတစ်ခန်းလည်း ဝယ်ယူနိုင်ခဲ့သည့်အပြင် အချစ်စစ်နှင့်တွေ့ကာ ဇနီးချောချောလေးအား ပိုင်ဆိုင်ထားပါသေးတယ်။

Zawgyi






Credit – Hlaing (Love Feeling)