Knowledge

မြေကြွက်ကိုက်လို့ ရှေ့ခြေထောက်ဆုံးရှုံးသွားရပြီး ဘီးလေးနဲ့လမ်းလျှောက်နေရတဲ့ အသက် 90 အရွယ်လိပ်မလေး

မြေကြွက်ကိုက်လို့ ရှေ့ခြေထောက်ဆုံးရှုံးသွားရပြီး ဘီးလေးနဲ့လမ်းလျှောက်နေရတဲ့ အသက် 90 အရွယ်လိပ်မလေး

အခုဖော်ပြပေးမဲ့အရာက Msr.T လို့‌အမည်ရှိတဲ့ လိပ်မလေးအကြောင်းဘဲဖြစ်ပါတယ်။ Wales နိုင်ငံ၊ Pemproke မြို့မှာနေထိုင်တဲ့ အသက် ၉၀ အရွယ်နဲ့ လိပ်မလေးပါ။ ဥယျာဉ်ထဲမှာဆောင်းခိုနေစဉ် Mrs.Tက ပြသာနာတစ်ခုကြုံတွေ့ခဲ့ရပါတယ်။ သူမရဲ့ ရှေ့ခြေထောက်နှစ်ချောင်းဟာ မြေကြွက်ရဲ့ ကိုက်ခြင်းကို ခံခဲ့ရတာပါ ။

လိပ်မလေးရဲ့ သခင်ဖြစ်တဲ့ Jude Ryder ဟာ ခြေထောက်နှစ်ဖက်ဆုံးရူံးလိုက်ရတဲ့လိပ်ကိုတွေခဲ့ပြီး Mrs.T ကို တိရိစ္ဆာန် ဆေးရုံ အမြန်ပို့ဆောင်ပေးခဲ့ ပါတယ်။ အဲ့ဒီနောက် Mrs.T ကို ဆိုးရွားလှတဲ့ပုံစံကနေ ပြန်ကောင်းလာဖို့ (ဒေါ်လာ ၁၃,၀၀၀)ဝန်းကျင် အကုန်ကျခံခဲ့ပေမဲ့ လိပ်မလေးက လမ်းမလျှောက်နိုင်သေးပါဘူး။

နောက်ဆုံးတော့ သူမပြန်လမ်းလျှောက်နိုင်ဖို့ ထူးခြားတဲ့ပုံစံနဲ့ ဖန်တီး‌ပေးခဲ့ပါတယ်။

Judeရဲ့ တစ်ဦးတည်းသောသားဖြစ်တဲ့ Dale က Mrs.T ကို လမ်းလျှောက်နိုင်အောင် ကယ်တင်ခဲ့ပါတယ်။ Mechanical engineer တစ်ယောက်ဖြစ်တဲ့ 37နှစ်အရွယ် Daleက Mrs.T ကို လက်ဆောင်အနေနဲ့ ဘီးလေးတပ်ဆင်ပေးပြီး လမ်းလျှောက်နိုင်အောင်ကူညီပေး ခဲ့ပါတယ်။ ဘီးလေးနဲ့လမ်းလျှောက်နေတဲ့ လိပ်မလေးရဲ့ပုံကိုလည်း စာဖတ်သူတို့အတွက် ဝေမျှပေးထားပါတယ်။

ခ ရက် ဒစ်