Love & Relationship

သူ့အားချန်ရစ်ကာ မိသားစုက အဝေးသို့ထွက်သွားခဲ့ကြပေမဲ့လည်း အိမ်ရှေ့တံခါးဝမှာ ရက်ပေါင်းများစွာကြာတဲ့အထိ စောင့်နေခဲ့တဲ့ သစ္စာရှိခွေးလေး

သူ့အားချန်ရစ်ကာ မိသားစုက အဝေးသို့ထွက်သွားခဲ့ကြပေမဲ့လည်း အိမ်ရှေ့တံခါးဝမှာ ရက်ပေါင်းများစွာကြာတဲ့အထိ စောင့်နေခဲ့တဲ့ သစ္စာရှိခွေးလေး

တစ်သက်လုံးအတူနေထိုင်ခဲ့တဲ့မိသားစုက အိမ်ပြောင်းသွားခဲ့ပေမဲ့လည်း Cupid အမည်ရှိအမြဲသစ္စာရှိတဲ့မိသားစုခွေးတစ်ကောင်ဟာ တစ်ယောက်တည်းချန်ရစ်ခံထားခဲ့ရပါတယ်။ ဒါပေမဲ့ Cupid ဟာ ထိုအိမ်အလွတ်ရဲ့ဆင်ဝမှာ သူ့မိသားစုပြန်လာမဲ့အချိန်ကို သီတင်းပတ်ပေါင်းများစွာစောင့်နေခဲ့ပေမဲ့ ပိုင်ရှင်ဖြစ်သူက ပေါ်မလာခဲ့ပါဘူး။

Speranza Animal Rescue ကိုတည်ထောင်ခဲ့သူ Janine Guido အမည်ရှိအမျိုးသမီး က Pennsylvania ပြည်နယ်၊ Harrisburg မြို့ရှိအိမ်တစ်အိမ်ထဲသို့ဝင်ရန်အလွန်ကြောက်ရွံ့နေတဲ့ပုံစံဖြင့် ၎င်းအိမ်တံခါးအားကုတ်ခြစ်နေတဲ့ ခွေးလေးတစ်ကောင်ကို တွေ့လိုက်ပြီးနောက် ၎င်းအိမ်မှာခွေးရှိကြောင်းကို အိမ်နီးချင်းများအား ပထမဆုံးခေါ်ပြောခဲ့ပါတယ်။

Janine က အိမ်ပိုင်ရှင်ကအိမ်ပြောင်းသွားပြီး ခွေးတစ်ကောင်တည်းကျန်ခဲ့တာကို သိလိုက်ရတော့ သူမဟာ အရမ်းဒေါသထွက်ကာ အသည်းကွဲခဲ့ရကြောင်းပြောလာပါတယ်။

Credit – Mia (Mckzone Daily)

Zawgyi

သူ႕အားခ်န္ရစ္ကာ မိသားစုက အေဝးသို႔ထြက္သြားခဲ့ၾကေပမဲ့လည္း အိမ္ေရွ႕တံခါးဝမွာ ရက္ေပါင္းမ်ားစြာၾကာတဲ့အထိ ေစာင့္ေနခဲ့တဲ့ သစၥာရွိေခြးေလး

တစ္သက္လုံးအတူေနထိုင္ခဲ့တဲ့မိသားစုက အိမ္ေျပာင္းသြားခဲ့ေပမဲ့လည္း Cupid အမည္ရွိအၿမဲသစၥာရွိတဲ့မိသားစုေခြးတစ္ေကာင္ဟာ တစ္ေယာက္တည္းခ်န္ရစ္ခံထားခဲ့ရပါတယ္။ ဒါေပမဲ့ Cupid ဟာ ထိုအိမ္အလြတ္ရဲ႕ဆင္ဝမွာ သူ႕မိသားစုျပန္လာမဲ့အခ်ိန္ကို သီတင္းပတ္ေပါင္းမ်ားစြာေစာင့္ေနခဲ့ေပမဲ့ ပိုင္ရွင္ျဖစ္သူက ေပၚမလာခဲ့ပါဘူး။

Speranza Animal Rescue ကိုတည္ေထာင္ခဲ့သူ Janine Guido အမည္ရွိအမ်ိဳးသမီး က Pennsylvania ျပည္နယ္၊ Harrisburg ၿမိဳ႕ရွိအိမ္တစ္အိမ္ထဲသို႔ဝင္ရန္အလြန္ေၾကာက္႐ြံ႕ေနတဲ့ပုံစံျဖင့္ ၎အိမ္တံခါးအားကုတ္ျခစ္ေနတဲ့ ေခြးေလးတစ္ေကာင္ကို ေတြ႕လိုက္ၿပီးေနာက္ ၎အိမ္မွာေခြးရွိေၾကာင္းကို အိမ္နီးခ်င္းမ်ားအား ပထမဆုံးေခၚေျပာခဲ့ပါတယ္။

Janine က အိမ္ပိုင္ရွင္ကအိမ္ေျပာင္းသြားၿပီး ေခြးတစ္ေကာင္တည္းက်န္ခဲ့တာကို သိလိုက္ရေတာ့ သူမဟာ အရမ္းေဒါသထြက္ကာ အသည္းကြဲခဲ့ရေၾကာင္းေျပာလာပါတယ္။

Credit – Mia (Mckzone Daily)