AMAZING

ကျောင်းဆုပေးပွဲမှာ ဆုပေါင်း ၅၈ ခုကို တစ်ချိန်တည်းရရှိခဲ့လို့ လူအများက အံ့ဩနေခဲ့ရတဲ့ အသက် ၁၂ နှစ်အရွယ်ကျောင်းသားတစ်ဦး

ကျောင်းဆုပေးပွဲမှာ ဆုပေါင်း ၅၈ ခုကို တစ်ချိန်တည်းရရှိခဲ့လို့ လူအများက အံ့ဩနေခဲ့ရတဲ့ အသက် ၁၂ နှစ်အရွယ်ကျောင်းသားတစ်ဦး

ဆုတံဆိပ်များကို အလွယ်တကူမရယူနိုင်ကြောင်းကို လူတိုင်းလိုလိုက ပြောစရာမလိုအောင် သိထားကြပါတယ်။အကြောင်းက ယှဉ်ပြိုင်မှုဟာ ခက်ခဲလေ့ရှိပြီး ၎င်းတို့ရဲ့ရည်မှန်းချက်ကိုပြည့်မီရန်နှင့် ရည်မှန်းထားတဲ့ဆုတံဆိပ်ကိုရရှိရန် အတတ်နိုင်ဆုံးကြိုးပမ်းနေကြတဲ့အခြားသောသူများစွာလည်းရှိနေတဲ့အတွက်ကြောင့်ဘဲ ဖြစ်ပါတယ်။

သို့ပေမဲ့ ဖိလစ်ပိုင်နိုင်ငံရှိ ကျောင်းသားတစ်ဦးဟာ သူ့အတွက် ဆုတံဆိပ်များရယူခြင်းက လွယ်ကူနေခဲ့ပြီး သူဟာ ဆုတံဆိပ်ပေါင်း ၅၈ ခု နှင့်အတူ သူ့ရဲ့အတန်းအောင်ဘွဲ့ကို ရရှိခဲ့ပါတယ်။

အသက် ၁၂ နှစ်အရွယ်သာရှိသေးတဲ့ Joshua Santiago အမည်ရှိအဆိုပါကျောင်းသားဟာ သူနဲ့ရွယ်တူတဲ့အခြားကျောင်းသားများကဲ့သို့ Mabalacat Pampanga မြို့ရှိ Mabiga Mabalacat Elementary School မှာ သူ့ရဲ့မူလတန်းအောင်ဘွဲ့ကို ရရှိခဲ့ပြီး ထိုနေ့မှာတင် သူ့ရဲ့လည်ပင်းတစ်ဝိုက်ကို ဆုတံဆိပ်ပေါင်း ၅၈ ခု ဖြင့် ချိတ်ဆွဲပြနိုင်ခဲ့ပါတယ်။

သူဟာ ပြီးခဲ့သည့်နှစ်က သူရရှိခဲ့တဲ့ဆုတံဆိပ်မည်မျှရှိကြောင်း သို့မဟုတ်သူ့ရဲ့လက်ရှိဆုတံဆိပ်များက မည်သည့်သောစွမ်းဆောင်ရည်များကြောင့် ရရှိခဲ့တဲ့အကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားထားခြင်းမရှိပေမဲ့ သူ့ရဲ့ စွမ်းဆောင်ရည်များကြောင့် အင်တာနက်သုံးစွဲသူများဟာ အလွန်အံ့အားသင့်သွားခဲ့ကြပြီး သူမျှဝေပေးခဲ့တဲ့၎င်းဗီဒီယိုဟာ ကြည့်ရှုသူပေါင်း ၁.၆ သန်းကျော်အထိ ရရှိသွားခဲ့ပါတယ်။

Zawgyi

ေက်ာင္းဆုေပးပြဲမွာ ဆုေပါင္း ၅၈ ခုကို တစ္ခ်ိန္တည္းရရွိခဲ့လို႔ လူအမ်ားက အံ့ဩေနခဲ့ရတဲ့ အသက္ ၁၂ ႏွစ္အ႐ြယ္ေက်ာင္းသားတစ္ဦး

ဆုတံဆိပ္မ်ားကို အလြယ္တကူမရယူနိုင္ေၾကာင္းကို လူတိုင္းလိုလိုက ေျပာစရာမလိုေအာင္ သိထားၾကပါတယ္။အေၾကာင္းက ယွဥ္ၿပိဳင္မႈဟာ ခက္ခဲေလ့ရွိၿပီး ၎တို႔ရဲ႕ရည္မွန္းခ်က္ကိုျပည့္မီရန္ႏွင့္ ရည္မွန္းထားတဲ့ဆုတံဆိပ္ကိုရရွိရန္ အတတ္နိုင္ဆုံးႀကိဳးပမ္းေနၾကတဲ့အျခားေသာသူမ်ားစြာလည္းရွိေနတဲ့အတြက္ေၾကာင့္ဘဲ ျဖစ္ပါတယ္။

သို႔ေပမဲ့ ဖိလစ္ပိုင္နိုင္ငံရွိ ေက်ာင္းသားတစ္ဦးဟာ သူ႕အတြက္ ဆုတံဆိပ္မ်ားရယူျခင္းက လြယ္ကူေနခဲ့ၿပီး သူဟာ ဆုတံဆိပ္ေပါင္း ၅၈ ခု ႏွင့္အတူ သူ႕ရဲ႕အတန္းေအာင္ဘြဲ႕ကို ရရွိခဲ့ပါတယ္။

အသက္ ၁၂ ႏွစ္အ႐ြယ္သာရွိေသးတဲ့ Joshua Santiago အမည္ရွိအဆိုပါေက်ာင္းသားဟာ သူနဲ႕႐ြယ္တူတဲ့အျခားေက်ာင္းသားမ်ားကဲ့သို႔ Mabalacat Pampanga ၿမိဳ႕ရွိ Mabiga Mabalacat Elementary School မွာ သူ႕ရဲ႕မူလတန္းေအာင္ဘြဲ႕ကို ရရွိခဲ့ၿပီး ထိုေန႕မွာတင္ သူ႕ရဲ႕လည္ပင္းတစ္ဝိုက္ကို ဆုတံဆိပ္ေပါင္း ၅၈ ခု ျဖင့္ ခ်ိတ္ဆြဲျပနိုင္ခဲ့ပါတယ္။

သူဟာ ၿပီးခဲ့သည့္ႏွစ္က သူရရွိခဲ့တဲ့ဆုတံဆိပ္မည္မွ်ရွိေၾကာင္း သို႔မဟုတ္သူ႕ရဲ႕လက္ရွိဆုတံဆိပ္မ်ားက မည္သည့္ေသာစြမ္းေဆာင္ရည္မ်ားေၾကာင့္ ရရွိခဲ့တဲ့အေၾကာင္းကို အေသးစိတ္ရွင္းလင္းေျပာၾကားထားျခင္းမရွိေပမဲ့ သူ႕ရဲ႕ စြမ္းေဆာင္ရည္မ်ားေၾကာင့္ အင္တာနက္သုံးစြဲသူမ်ားဟာ အလြန္အံ့အားသင့္သြားခဲ့ၾကၿပီး သူမွ်ေဝေပးခဲ့တဲ့၎ဗီဒီယိုဟာ ၾကည့္ရႈသူေပါင္း ၁.၆ သန္းေက်ာ္အထိ ရရွိသြားခဲ့ပါတယ္။