AMAZING
ည ၁၁နာရီအချိန်အထိ လမ်းပေါ်မှာရှိနေတဲ့ လှပလွန်းသော ပန်းသည်မလေးအတွက် လူအများက စိုးရိမ်နေရတဲ့အဖြစ်
ည ၁၁နာရီအချိန်အထိ လမ်းပေါ်မှာရှိနေတဲ့ လှပလွန်းသော ပန်းသည်မလေးအတွက် လူအများက စိုးရိမ်နေရတဲ့အဖြစ်
ဖိလစ်ပိုင်နိုင်ငံရှိလမ်းများပေါ်မှာ ကလေးငယ်များစွာကို နေ့စဉ်နေ့တိုင်း မြင်တွေ့နေရလေ့ရှိပြီး ၎င်းကလေးများဟာ ၎င်းတို့မိသားစုက ဆင်းရဲနွမ်းပါးတာကြောင့် ၎င်းတို့ဟာ ကားသမားများနှင့် ဖြတ်သွားဖြတ်လာသူများအား တစ်ခုခုရောင်းချခြင်းဖြင့် တစ်နေ့ကုန် လမ်းပေါ်မှာသာ အချိန်ကုန်ဆုံးကြရပါတယ်။
သို့ပေမဲ့ တစ်ခါတစ်ရံမှာ ၎င်းကလေးများအချို့ဟာ ၎င်းတို့ရဲ့အလှအပ ဒါမှမဟုတ် ၎င်းတို့ရဲ့ကြင်နာတတ်တဲ့အပြုအမူတို့ကြောင့် လူသိများလာကာ နာမည်ကြီးသွားတတ်ကြပါတယ်။
မကြာသေးမီက Honney RJ Balasabas အမည်ရှိအမျိုးသမီးဟာ လမ်းများပေါ်မှာ သူမတို့နှင့်တစ်ကြိမ်မကဘဲ အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့ရတဲ့ချစ်စရာကောင်းတဲ့ sampaguita ပန်းရောင်းသူကလေးမလေးတစ်ဦးရဲ့ဓာတ်ပုံများကို social media ပေါ်သို့ ပြန်လည်မျှဝေပေးခဲ့ပါတယ်။
ထို့နောက် အဆိုပါကလေးမလေးလေးအကြောင်းကို ပြောနေကြစဉ် Onnie က သူဟာ ၁၁ နာရီအချိန်လောက် အပြင်သွားခဲ့တဲ့အချိန်တုန်းကလည်း ကလေးမလေးကို တွေ့ဖူးခဲ့ကြောင်း ဇနီးဖြစ်သူအား ပြောပြနေခဲ့ပါတယ်။
ထို့ကြောင့် Honney က အဆိုပါကလေးမလေးဟာ အရမ်းကို ချောမောလှပနေတာကြောင့် ရည်ရွယ်ချက်မကောင်းတဲ့ယောကျ်ားများရဲ့ပစ်မှတ်ဖြစ်သွားမှာကို စိုးရိမ်နေခဲ့ရပါတယ်။ ရက်အနည်းငယ်အကြာမှာတော့ ၎င်းတို့စုံတွဲဟာ အဆိုပါကလေးမလေးကို ပြန်တွေ့ခဲ့ကြပြီး Honney က ကလေးမလေးရဲ့ပုံအချို့ကို ရိုက်ကူးခဲ့ပါတယ်။
Zawgyi